“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, October 01, 2011

တောင်အာဖရိက တက္ကသိုလ် ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ပွဲ ဒေါ်စု စကားပြောမည်

ကိုပေါက် | သောကြာနေ့၊ စက်တင်ဘာလ ၃၀ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၁၄ မိနစ်(ပေးပို့ သူ-ဗမာ့သွေး)
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တောင်အာဖရိကနိုင်ငံ Johannesburg တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ပွဲကို လာမည့် အင်္ဂါနေ့တွင် ပြုလုပ်မည်ဖြစ်ပြီးဒေါ်အောင်ဆန်းစုကြည်၏ ဗီဒီယိုမှတဆင့် စကားပြောကြားမှာ ဖြစ်သည်။

ဤဆုအား ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အတွက် မဆုတ်မနစ် ကြိုးပမ်း ဆောင်ရွက်မှုများ အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်မှာ Johannesburg တက္ကသိုလ်ကြီး၏ အခြေခံမူများဖြစ်သည့် မတူကွဲပြားမှုနဲ့ လူ့ဂုဏ်သိက္ခာအား အလေးထားမှုကို ကိုယ်စားပြု နေသူတဦးဖြစ်ကြောင်း လူမှုဗေဒဌာနမှူးခ ပါမောက္ခ Rory Ryan က “မင်းဆိုးမင်းညစ်တွေအပေါ် ငြိမ်းငြိမ်း ချမ်းချမ်းနဲ့မာန်ပါလှတဲ့ သူမရဲ့တုန့်ပြန်မှု၊ အဖိနှိပ်ခံ မြန်မာနိုင်ငံသားများအပြင် အခက်အခဲတွေရင်ဆိုင်နေရတဲ့ ကမ္ဘာတလွှားက လူသားတွေအတွက် သူမ ပေးထားတဲ့မျှော်လင့်ချက်၊ သူမရဲ့အရှုံးမပေးတဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းမှုတွေဟာ ဒီတက္ကသိုလ်ကြီးရဲ့ အခြေခံလမ်းညွှန်မူများကို အားကောင်းလှစွာ ကိုယ်စားပြုနေပါတယ်”
ဟု ဆိုသည်။

တက္ကသိုလ် သဘင်ဆောင်တွင် ကျင်းပမည့် ဆုချီးမြှင့်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား အဝေးရောက်အစိုးရ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက လက်ခံရယူမှာဖြစ်ကြောင်း တက္ကသိုလ် သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆုပေးပွဲ မကျင်းပမီ တရက်အလို တနင်္လာနေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက် မေးဖြေ အစီအစဉ် တခု ပြုလုပ်ဦးမည် ဖြစ်သည်။ ထိုအစီအစဉ်တွင် တောင်အာဖရိကမှ အခြေခံလူထု လှုပ်ရှားသူများ၊ အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေး လှုပ်ရှားသူများ၊ ပညာရှင်များ၊ ကျောင်းသားများနှင့် လူမှုလှုပ်ရှားသူများက ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ဆွေးနွေးကြမည် ဖြစ်သည်။

Free Burma Campaign South Africa တည်ထောင်သူ Kiru Naidoo ကလည်း ‘တောင်အာဖရိက-မြန်မာ ဆက်ဆံရေး အကျပ်အတည်းများ’ ခေါင်းစဉ်ဖြင့် ဟောပြောပို့ချမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်မှာ Johannesburg တက္ကသိုလ်အပြင် တောင်အာဖရိကနိုင်ငံမှ Natal တက္ကသိုလ်နှင့် Cape Town တက္ကသိုလ်တို့မှလည်း ဆုများ ချီးမြှင့်ခံရဖူးသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */