“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, July 17, 2011

UWSA တရုတ်၌သာ လက်နက်ချမည်

Friday, 15 July 2011 23:00 မွေခေါဝ်(Via-Burmatwe)
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဝ ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် UWSA က လက်နက်ချရမည်ဆိုလျှင် တရုတ်ထံ၌သာ လက်နက်ချမည်ဖြစ်ကြောင်းသိရှိရ ပါသည်။


“မြန်မာအစိုးရရဲ့ ဆန္ဒအတိုင်း လက်နက်မချနိုင်ဘူး။ အညံ့ခံဖို့လဲ မရှိဘူး။ တကယ်လို့သာ လက်နက်ချရ မယ်ဆိုရင်လဲ တရုတ်မှာဘဲ လက်နက်ချမယ်။ ကျနော်တို့ သုံးနေတဲ့ လက်နက်တွေက တရုတ်လက်နက် တွေလေ” ဟု ဝ တပ်အရာရှိတစ်ဦးက ပြောပါသည်။


သျှမ်းပြည်တပ်မတော် SSPP/SSA ၊ မိုင်းလားတပ်ဖွဲ့ NDAA နှင့် ကချင်တပ်ဖွဲ့ KIA ကဲ့သို့ပင် ဝ တပ် UWSA လည်း စစ်အစိုးရက နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးခဲ့သည်။ နောက်ဆုံးဒက်လိုင်းဖြစ် သော ၂၀၁၀ စက်တင်ဘာ ပထမပတ် ကျော်လွန်သွားသော်လည်း အသွင်မပြောင်းသဖြင့် စစ်အစိုးရက လက်နက်ချခိုင်းခဲ့သည်။


တဖက်၌လည်း ရာဘာပင် ဖြစ်ထွန်းမှုကြောင့် ဝ တပ်ဖွဲ့နှင့် ဝ ပြည်သူလူထု၏ ဝင်ငွေမှာ ပြန်လည်ကောင်း မွန်လာကြောင်း အဆိုပါ ဝ အရာရှိက ဤကဲ့သို့ ပြောပါသည်။


“မနှစ်က စိုက်ထားတဲ့ ရာဘာပင်တွေ ၃၀ - ၄၀ % လောက် အစေးခြစ်လို့ရပြီ။ ဒါကြောင့် ဝ တပ်ဖွဲ့နဲ့ ပြည် သူတွေရဲ့ ဝင်ငွေလဲ ပြန်ကောင်းလာပါပြီ။ တိုင်းပြည်ငြိမ်းချမ်းနေရင်တော့ ပြည်သူတွေလဲ အေးချမ်းမှာပါ”


၂၀ဝ၅ ခုနှစ်မှစ၍ ဝ ထိန်းချုပ်နယ်မြေအတွင်း ဘိန်းစိုက်ပျိုး/ထုတ်လုပ်မှု ဆန့်ကျင်တိုက်ဖျက်ခဲ့သဖြင့် ဝ တပ်ဖွဲ့သာမက ပြည်သူများ၏ ဝင်ငွေမှာ အတော်အတန် လျှော့ကျခဲ့ရသည်။ ၂၀၁၀ ခုနှစ်အတွင်း ဝ ထိန်း ချုပ်နယ်မြေအနှံ့ ရာဘာပင် စိုက်ပျိုးခဲ့သည်။

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */