Friday, 15 July 2011 23:17 သျှမ်းသံတော်ဆင့်(Via-Burmatwe)
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော် (SSA) ဋ္ဌဌာန ချုပ်ဝမ့်ဟိုင်း အား အပြင် စည်း လုံခြုံရေးယူထားသော လွယ်ကုန် တောင်ကုန်းကို မြန်မာ စစ်တပ်က လက်နက်ကြီး များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ နှစ် ဘက် တိုက်ပွဲများ ယနေ့အထိ ဖြစ်ပွားနေကြောင်းသိရသည်။
မြန်မာစစ်တပ်က ဝမ့်ဟိုင်းဌာနချုပ်အား လေးဘက်လေးတန်မှ ဝန်းရံပိတ်ဆို့ထားပြီး SSA တပ်ကပြောက်ကျား စစ်ဖြင့် တွန်း လှန် တိုက်ခိုက်နေကြောင်း သျှမ်းတပ် အရာရှိ တစ်ဦး က သျှမ်းသံတော်ဆင့်သို့ ပြောသည်။SSPP-SSA-တိုက်ပွဲဝင်သျှမ်းပြည်တပ်မတော်သား“ဗမာတပ်က မိုင်းရှူးကလာတဲ့တစ်လမ်းပေါ့နော်။
မိုင်းနောင်ကလာတဲ့လမ်းကတစ်လမ်း၊ ကျေးသီးလာ တဲ့တစ် လမ်းပေါ့။ မိုင်းရယ် လာတဲ့တစ်လမ်းပေါ့။ ဒီလမ်းတွေကနေ ဝင်လာပြီး တိုက်ခိုက်နေတယ် ”“ဒီနေ့တော့ ဝမ့်ဟိုင်းစခန်း လုံခြုံရေးယူထားတဲ့ လွယ်ကုန်တောင်ကုန်းကို ဗမာစစ်တပ် က ၈၁ ၊ ၁၂၀ မမ မော်တာတွေနဲ့ လှမ်းပစ်နေတယ်။
လက်နက်ကြီးပစ်တာက အရင် ရက် တွေကထက် ပိုပြင်းထန်လာတယ်။ ဝမ့်ဟိုင်းသွားတဲ့ လမ်းကြောင်း ပေါ်မှာပဲ။ ကျနော်တို့ ဘက်ကလည်း ပြောက်ကျားနည်းနဲ့ ပြန်တိုက်နေတယ် ” ဟု ゞင်းက ဆိုသည်။တိုက်ပွဲအတွင်း နှစ်ဘက်စလုံး ထိခိုက်မှုရှိပြီး မြန်မာစစ်တပ်ဘက်မှ သေကြေ ဒဏ်ရာရ သူ ၃၀ ကျော်ခန့် ရှိနိုင် ကြောင်းゞင်းကဆိုသည်။ယခုလ ၁၁ ရက်နေ့က နှစ်ဘက်တိုက်ပွဲစတင်ခဲ့ရာ ယနေ့ ၅ ရက်မြောက်နေ့ အဖြစ်တိုက် ခိုက်နေခြင်းဖြစ်သည်။
yRest of your post
Sunday, July 17, 2011
SSA နှင့် မြန်မာစစ်တပ် တိုက်ပွဲ ဆက်ဖြစ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment