“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, July 17, 2011

NLD က ကျောင်းသုံးပစ္စည်း သိန်းတရာဖိုး လှူဒါန်း


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပညာဒါန လုပ်ငန်းတွေကို ကူညီပံ့ပိုးတဲ့ အနေနဲ့ ပြည်ပက စေတနာရှင်တွေ ပေးပို့ လှူဒါန်းတဲ့ ကျောင်းသုံး ပစ္စည်းတွေကို ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းက ပညာဒါနကျောင်းတွေကို မနေ့က လှူဒါန်းလိုက်ပြီလို့သိရပါတယ်။

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများသည် သာသနာရေးကိစ္စများ ဆောင်ရွက်တော်မူရုံ သာမက ပရဟိတ စာသင်ကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလေ့ ရှိပါသည်။

ခန့်မှန်းခြေကျပ်ငွေသိန်းတရာကျော်ဖိုးရှိတဲ့ ကျောင်းသုံးပစ္စည်းတွေကိုလှူဒါန်းလိုက်တာ ဖြစ်ကြောင်း၊ကွန်ပါဘူးတထောင်၊ ဘောပင် ၂ ထောင်၊ ဗလာစာအုပ် ဒါဇင် ၂ ထောင် လှူဒါန်းလာရာမှာ ရောက်ပြီး ၂ ရက်အတွင်း ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်း တို့က ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို ပညာသင်ကြားပေးနေတဲ့ ဘုန်းတော်ကြီးကျောင်းအပါအ၀င်မူလတန်းအလယ်တန်း ကျောင်းပေါင်း ၁၃ ကျောင်းကို ကျောင်းသား ဦးရေအလိုက်ခွဲတန်းချပြီး ဖြန့်ပေးလိုက်ပြီလို့NLD ပြန်ကြားရေးတာဝန်ခံဦးအုန်းကြိုင်က ပြောပါတယ်။

စာရွက် အမျိုးအစားအလိုက် ဗလာ စာအုပ်ဈေး အစားစား ရှိပြီး တဒါဇင် ကျပ် ၄၀၀၀ ၀န်းကျင်လောက် ရှိတယ်လို့ ဆိုပါတယ်။ ကွန်ပါဘူး တဘူးဆိုရင်လည်း နှစ်ထောင်ကျော် ၀န်းကျင် ရှိပြီး ဘောပင် တချောင်း ကျပ် ၄၀၀ လောက် ရှိတယ်လို့ သိရပါတယ်။

ဒီလဆန်းပိုင်းမှာတင်ဘိုကလေး မြို့နယ်NLDကဦးစီးပြီးဧရာဝတီတိုင်းဘိုကလေး မြို့နယ် ပေါင်းတည် ကျေးရွာအုပ်စု အောက်မိုးညို ကျေးရွာမှာ ပညာဒါန အခမဲ့ မူလတန်းကျောင်း တကျောင်း ဖွင့်လှစ်ခဲ့ ပါတယ်။

ဒီအတောအတွင်း ရန်ကုန်တိုင်း မြောက်ဥက္ကလာပ (၂) ရက်ကွက် မာဃလမ်းက ကျောင်းတာဝန်ခံ ဆရာဦးအေးမြင့်ရဲ့ ခြံအတွင်း မှာ ဆောက်လုပ်ထားတဲ့ အမေ့အိမ်ကျောင်းကို စည်ပင် နယ်မြေမှာ ဆောက်လုပ်ထားတယ် ဆိုပြီး အမြန်ဆုံး ဖျက်ပေးဖို့ စည်ပင် သာယာက မနေ့ ညနေပိုင်းမှာ အကြောင်းကြားစာ ပေးပို့ခဲ့တယ်လို့ ဆရာဦးအေးမြင့် ကပြောပါတယ်။

Radio Free Asia.

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */