“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, July 15, 2011

နယ်ခြားစောင့် ၆ဦး လက်နက် ခဲယမ်းနဲ့အတူ KNLA ထံ လာရောက်ပူးပေါင်း

ကြာသပတေးနေ့၊ ဂျူလိုင်လ 14 ရက် 2011 ခုနှစ် နန်းသူးလေ(Via-Burmatwe)
ကရင်ပြည်နယ်ရှိ မြ၀တီမြို့နယ်တွင် အခြေစိုက် လှုပ်ရှား နေသည့် နယ်ခြားစောင့်တပ်ရင်း(၁၀၁၇)မှ စစ်သည် ၅ဦးနှင့် (၁၀၂၀) တပ်ရင်းမှ စစ်သည် ၁ဦးသည် ယမန်နေ့က ကရင်လွတ်မြောက်ရေး တပ်မတော် (KNLA)ထံသို့လက်နက်ခဲယမ်းများနှင့် အတူ လာရောက်ပူးပေါင်းခဲ့သည်။


ဇူလိုင်လ ၁၃ရက်နေ့ ညနေပိုင်းတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၅ဦး၊ တပ်ကြပ်ကြီး ၁ဦး၊ တပ်ကြပ် ၁ဦးနှင့် တပ်သား ၃ဦးတို့သည် လက်နက် ၇လက်နှင့်အတူ KNLA တပ်ရင်း(၁၀၁)ထံသို့လာရောက်ပူးပေါင်းခဲ့ခြင်း ဖြစ်ကြောင်း KNLA တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲက ကေအိုင်စီကို ယခုလို ပြောသည်။

“နယ်ခြားစောင့်တပ်ရင်း ၁၀၁၇က တပ်ကြပ်ကြီး စောအဲတောတော အပါအ၀င် စစ်သည် ၅ဦးဟာ မနေ့က ညနေ ၃နာရီမှာ KNLA တပ်ရင်း(၁၀၁) ဌာနချုပ်မှာ လာပူးပေါင်းတာ။ သူတို့နဲ့အတူ M-79 ၂လက်၊ M-16 ၂လက်၊ AK ၁လက်၊ ကျည်ဆံတွေ ပါ တယ်။”ဟု ပြောသည်။

၎င်းတို့သည် နယ်ခြားစောင့်စစ်သည်အဖြစ် ဆက်လက်တာဝန် မထမ်းဆောင်လိုတော့ဘဲ KNLAတပ်ဖွဲ့တွင် သာ ဆက်လက် တာဝန် ထမ်းဆောင်လိုသောကြောင့် လာရောက်ပူးပေါင်းကြခြင်းဖြစ်ကြောင်း KNLA (၁၀၁)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောဖော ဒိုက ပြောသည်။

မြ၀တီမြို့နယ် မဲ့ပလဲ့ကျေးရွာတွင် အခြေစိုက်သည့် နယ်ခြားစောင့်တပ်(၁၀၁၇)ကို ဗိုလ်မှူးစောဒိဒိက တပ်ရင်းမှူးအဖြစ် ဦးစီး လျက်ရှိသည်။

အလားတူ ဇူလိုင်လ ၁၂ရက်နေ့ကလည်း ဗိုလ်မှူးမုတ်သုန် ဦးစီးသည့် နယ်ခြားစောင့်တပ် (၁၀၂၀) မှ တပ်ကြပ်တစ်ဦးသည် RPG-7 ၁လက်၊ AK ၁လက်၊ စကားပြောစက်တစ်လုံးနှင့်အတူ KNLA ထံလာရောက်ပူး ပေါင်းခဲ့သေးသည်။

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */