“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, July 15, 2011

ကြံ့ဖွံ့ခေါင်းဆောင်များ ကချင်အရေးအတွက် မြစ်ကြီးနားသွား

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၃ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၁၁ မိနစ်(Via-Burmatwe)
ချင်းမိုင် (မဇ္စျိမ) ။ ။ ကချင်လွတ်မြောက်ရေး အဖွဲ့နှင့် အပစ်ခတ်ရပ်စဲရေး မရနိုင်ဘဲ ဖြစ်နေချိန်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ၁ ဦးအောင်သောင်း ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ကချင်ပြည်နယ် ဝန်ကြီးချုပ်က ဖွဲ့စည်းထားသော ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ညှိနှိုင်းရေးအဖွဲ့ဝင်များနှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကြာသပတေးနေ့တွင် တွေ့ဆုံဆွေးနွေးမှာဖြစ်သည်။

အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ အတွင်းရေးမှူး ၁ နှင့် ၂ ဖြစ်သော ဦးအောင်သောင်းနှင့် ဦးသိန်းဇော်တို့က ငြိမ်းတည်ညှိနှိုင်းအဖွဲ့ဝင် ၅ ဦးနှင့် မြစ်ကြီးနားမြို့သို့ လာရောက်၍ ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံး၌ မွန်းလွဲ ၂ နာရီတွင် ဆွေးနွေးမှာ ဖြစ်သည်။

“သမ္မတဆီ တိုက်ရိုက်ရောက်ဖို့ သူတို့ (ကြံ့ခိုင်ဖွံ့ဖြိုးရေးခေါင်းေ
ဆာင်များ) နဲ့ စကားပါးရမယ်” ဟု ငြိမ်းတည်ညှိနှိုင်း အဖွဲ့ဝင် ဦးဆင်ဝါးနော်က မဇ္ဈိမကို ပြောသည်။

နယ်စပ်မြို့ လိုင်ဇာတွင် KIO ၏ နှစ်ရက်ကြာ လူထုဆန္ဒခံယူပွဲကို ဗုဒ္ဓဟူးနေ့တွင် ဆက်လုပ်ရာ ကိုယ်စားလှယ် ၁၃ဝ ခန့်အနက် အများစုက အစိုးရဘက်က အပစ်ခတ်ရပ်ဆိုင်းကြောင်း ခိုင်လုံသည့် သက်သေအထောက်အထား မပြနိုင်လျှင် ဆက်လက်တိုက်ခိုက်ရန် ဆန္ဒပြုခဲ့ကြသည်ဟု ဆွေးနွေးပွဲတက်ရောက်သူတဦးက ပြောသည်။

“တိုက်မယ်ဆိုတဲ့ လူတွေက ၉ဝ ရာခိုင်နှုန်း ရှိတယ်။ ဒါပေမဲ့ KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားက တိုက်နေလို့လည်း ငြိမ်းချမ်းရေး ရဖို့ ခက်တယ်။ အစိုးရဘက်က နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုရင် လက်ခံသင့်တယ်ဆိုတာမျိုး ပြောတယ်။ အခုတော့ တရားဝင် အစိုးရ ဖြစ်တဲ့အတွက် ဆွေးနွေးမယ်လို့ ပြောတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

“အမျိုးသားရေးအတွက် အခုက Right Time အချိန်ကျပြီ။ အချိန်တန်ပြီဆိုတော့ မိမိတို့ကျရာ ကဏ္ဍကနေ လူငယ်တွေအားလုံးက ဘာကိုလိုချင်တယ်ဆိုတာတွေ သိနေတဲ့အတွက် လက်နက်ကိုင်တဲ့ စစ်တပ်ကလည်း စစ်တပ်ရဲ့ တာဝန်ဆက်သွားမယ်။ နိုင်ငံရေး ဆွေးနွေးတဲ့ လူတွေကလည်း နိုင်ငံရေးဆက်သွားမယ်။ ကျနော်တို့ လူငယ်တွေက လည်း ကိုယ့်လူငယ်တွေရဲ့ နေရာကနေ ကျရာကဏ္ဍကနေ ပူးပေါင်းပြီးတော့ လုပ်ဆောင်သွားမယ်ဆိုတဲ့ သဘောတူညီကြတယ်” ဟု ရန်ကုန်မြို့မှနေ၍ လာရောက်သော ကချင်ကိုယ်စားလှယ်တဦးက မဇ္စျိမကို ပြောသည်။


SSA ဋ္ဌဌာနချုပ် ဝမ့်ဟိုင်းမြောက်ဘက်လုံ ခြုံရေးစခန်းကို မြန်မာစစ်တပ် ထိုးစစ်ဆင်
Thursday, 14 July 2011 16:53 ရွှေလီလွင်ပြင်

သျှမ်းပြည် (တောင်ပိုင်း) ကျေးသီးမြို့နယ် အတွင်းရှိ သျှမ်းပြည်တပ်မတော် SSA ဋ္ဌဌာနချုပ် ဝမ့်ဟိုင်း မြောက်ဘက် တပ်စခန်းအား မြန်မာ စစ်တပ်မှ ထိုး စစ်ဆင် တိုက်ခိုက်နေရာ ယနေ့နေ့လည်ပိုင်းအထိ နှစ်ဘက်တိုက်ပွဲများ ပြင်းထန် စွာ ဖြစ်ပွားနေကြောင်း သိရသည်။

ယခုလ ၁၁ ရက်နေ့မှ စ၍ မန့်ဟိုင်းစခန်းအနီးဝန်းကျင်ရှိ နမ့်ကိုင်ဖိတ်ဒေသအတွင်း နှစ်ဘက်တိုက်ပွဲများ စတင်ခဲ့ပြီး ယခု မြန်မာစစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝမ့်ဟိုင်းစခန်းကို ဦးတည်တိုက်ခိုက်နေကြောင်း သျှမ်းတပ်အရာရှိ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဗမာတပ်ဘက်က အင်အားအလုံးအရင်းနဲ့ ကျနော်တို့ ဝမ့်ဟိုင်းစခန်းကို ဖိတိုက်နေတယ်။ အခုအထိ (ယနေ့နေ့ လည်ပိုင်း) တိုက်ပွဲ ပြင်းထန်နေတုန်းပဲ ” ဟု သူက ဆိုသည်။ယမန်နေ့ နေ့လည် ၂ နာရီကျော်ခန့်က မြန်မာစစ်လေယာဉ်တစ်စီး သျှမ်းတပ် ဋ္ဌဌာနချုပ်ဝမ့်ဟိုင်းစခန်းအပေါ်မှ ဗုံးကျဲခြင်း မရှိပဲ ဝဲပျံသွားကြောင်း သိရသည်။ယခုနှစ်ဘက်တိုက်ပွဲ အတွင်း အမျိုးသမီးတွေ့ပါက မုဒိန်းကျင့်ရန်နှင့် ယောက်ကျားတွေ့ပါက သတ်ဖြတ်ပစ်ရန် မြန်မာ စစ်တပ်ကတပ်တွင်း ညွန်ကြားချက်ထုတ်ပြန်ထားကြောင်း အဆိုပါ သျှမ်းအရာရှိက ဆိုသည်။

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */