“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, July 17, 2011

ကမ္ဘာပေါ်ရှိ ကလေး ၂၈ သန်း မူလတန်းပညာရေးနှင့် အလှမ်းဝေးနေဆဲ

Friday, 15 July 2011 20:11 မောက္ခ နိုင်ငံတကာသတင်း
စစ်ပွဲများ ပဋိပက္ခများကြောင့် ကမ္ဘာပေါ်ရှိ ကလေး ၂၈ သန်းကျော်မှာ ကျောင်းသင်ပညာရေးနှင့် အလှမ်းဝေးနေဆဲ ဖြစ်ပြီး၊ ၄င်းကလေးများမှာ လိင်ပိုင်းဆိုင်ရာ အလွဲပြုကျင့်မှု၊ အကြမ်းဖက်မှု တို့ရဲ့ ပစ်မှတ်

ဖြစ်နေကြောင်း မကြာခင် ရက်ပိုင်းက ထုတ်ပြန်သည့် UNESCO အစီရင်ခံစာတွင် ဖော်ပြထားသည်။

UNESCO ရဲ့ Education for All Global Monitoring Report ဖော်ပြချက်တွင် မူလတန်း ကျောင်းနေအရွယ် ကလေး ၂၈ သန်းမှာ ပဋိပက္ခများရှိရာ ဆင်းရဲသောနိုင်ငံများမှ အများဆုံး ဖြစ်သည်ဟု ဆိုသည်။

UNESCO ဒါရိုက်တာ Irina Bikova က “လက်နက်ကိုင် ပဋိပက္ခတွေက ကမ္ဘာ့လူသား ဖွံ့ဖြိုးမှုကို အဓိက အတားအဆီး ဖြစ်နေပါတယ်။ ကလေးတွေရဲ့ ပညာရေးကို အများကြီး ထိခိုက်နေပါတယ်။ ကလေးတွေ၊ ကျောင်းတွေ၊ စာသင်ခန်းတွေ၊ ဆရာဆရာမတွေဟာ ပဋိပက္ခတွေရဲ့ ရှေ့တန်းမျက်နှာစာမှာ ရောက်နေပါတယ်” ဟု ထပ်လောင်းပြောခဲ့သည်။

ဆင်းရဲမွဲတေမှုနှင့် ဖွံ့ဖြိုးမှုနိမ့်ကျမှုတို့ကြောင့် ပညာရေး ချိုတဲ့မှုကို ဖြစ်စေပြီး၊ ထိုသုံးခုမှာ အပြန်အလှန် အဆိုးသံသရာ လည်နေကြောင်း၊ ၄င်းတို့အပေါ်ထပ်ဆင့်လာတဲ့ ပဋိပက္ခတို့ကြောင့် လူငယ် သန်းပေါင်းများစွာမှာ အလုပ်အကိုင် ရှာဖွေရ ခက်နေကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။

၁၉၉၉ မှ ၂၀၀၈ ခုနှစ်အထိ နိုင်ငံ ၃၅ နိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်နေပြီး၊ ၄င်းတို့အနက် ၁၅ နိုင်ငံက ဆဘ်အာဖရိကဒေသတွင် ဖြစ်သည်။

၂၀၀၉ ခုနှစ် အာဖဂန်နစ္စတန်ရှိ ကျောင်းများမှာ ၆၁၃ ကြိမ် တိုက်ခိုက်ခံခဲ့ရပြီး၊ ပါကစ္စတန်ရှိ မိန်းကလေး ကျောင်းများမှာ အကြိမ်ကြိမ် ပစ်ခတ်ခံခဲ့ရသည်။

ကွန်ဂို၊ ချဒ်၊ ဗဟိုအာဖရိက သမ္မတနိုင်ငံ၊ ဆူဒန်နှင့် မြန်မာ အပါအ၀င် နိုင်ငံ ၂၄ နိုင်ငံမှာ ကလေးများကို စစ်သားအဖြစ် အသုံးပြုနေဆဲဖြစ်သည်။

ထိုတိုင်းပြည်များတွင် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှုများကို စစ်ပွဲအတွက် လက်နက်တစ်ခုအဖြစ် အသုံးပြုနေဆဲဖြစ်ကြောင်းနှင့် တိုင်းပြည်ဘတ်ဂျက်ကို ကလေးများ ပညာရေးထက် စစ်လက်နက်များ အတွက် မိုက်မဲစွာ အသုံးပြုနေကြောင်း UNESCO အစီရင်ခံစာမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုး ဘန်ကီမွန်းက အတည်ပြု ပြောဆိုထားသည်။

မောက္ခ နိုင်ငံတကာသတင်း





Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */