“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, July 17, 2011

စစ်ဖြစ်​နေသည့်​ကြား​က မြစ်ဆုံ​ရေကာတာ ဆက်​ဆောက်

by ဒီဗွီဘီ

ကချင်ပြည်လွတ်လပ်​ရေး​အဖွဲ့​ (​ကေအိုင်အို)နဲ့​ မြန်မာစစ်တပ်​တွေအကြား​ တိုက်ပွဲ​တွေ ဖြစ်​နေတဲ့​ကြား​က ဧရာဝတီမြစ်ဆုံ​ရေကာတာစီမံကိန်း​ကို ဆက်လက်တည်​ဆောက်​နေပြီး​ လိုအပ်တဲ့​ ​ဆောက်လုပ်​ရေး​ပစ္စည်း​တွေ ဒီက​နေ့​ မနက်ပိုင်း​က ဗလမင်း​ထင်တံတား​ကို ​ရောက်ရှိလာပါတယ်။

တရုတ်ပြည် ထိန်ချုံး​မြို့​မှတဆင့်​ ကန်ပိုက်တီး​-မြစ်ကြီး​နား​ လမ်း​ကြောင်း​အတိုင်း​ ​ဆောက်လုပ်​ရေး​ပစ္စည်း​တွေ တင်ထား​တဲ့​ ကား​တွေ ဒီက​နေ့​ မနက်ပိုင်း​က မြစ်ကြီး​နား​ အ​ရှေ့​ဖက်ကမ်း​ ဗလမင်း​ထင်တံတား​ကို ​ရောက်ရှိလာတာလို့​ မြစ်ကြီး​နား​ဒေသခံတဦး​က ​ပြောပါတယ်။

“မနက်က ဗလမင်း​ထင်တံတား​ထိပ်မှာ ဧရာဝတီမြစ် ​ရေကာတာ စီမံကိန်း​မှာ အသုံး​ပြုတဲ့​ ကား​အစီး​ ၂ဝ၊​ ၃ဝ ​လောက် ​တွေ့​ခဲ့​တယ်။ မြစ်ဆုံ​ရေကာတာမှာ အသုံး​ပြုတဲ့​ ​ဆောက်လုပ်​ရေး​ပစ္စည်း​တွေ၊​ သံ​ချောင်း​တွေပါတယ်၊​ သံယက်မ​တွေ အဲလိုမျိုး​ ပါတယ်။ ကန်ပိုက်တီး​လမ်း​က​နေ လာခဲ့​တာ။ ”

ဝိုင်း​မော်မြို့​နယ်၊​ ဝါး​ရှောင်​ကျေး​ရွာအထက်က တံတား​တစင်း​ မ​နေ့​က ဗုံး​ခွဲ ဖျက်ဆီး​ခံခဲ့​ရသည့်​ကြား​က အခုလို မြစ်ဆုံ​ရေကာတာစီမံကိန်း​က ကား​တွေ ဖြတ်သန်း​ လာတာလည်း​ ဖြစ်ပါတယ်။

“ဝါး​ရှောင်အထက်မှာ မ​လောင်ခတံတား​ဆိုတာ ​ပေ​ပေါင်း​ ၁၃ဝ၊​ ၁၄ဝ ​လောက်ရှိတယ်။ ကွန်ကရက်တံတား​ကြီး​လေ။ အဲဒါကို ဘယ်သူခွဲတယ်မသိဘူး​။ မ​နေ့​ညက ခွဲတာ​ပေါ့​။ အ​ပေါက်​တွေ ဖြစ်သွား​တာ။ မိုင်း​ခွဲလိုက်တာ ဒီ​လောက် အ​ပေါက်​တွေဖြစ်တဲ့​ကြား​မှာ ဧရာဝတီမြစ်စီမံကိန်း​က ကား​တွေက မြစ်ကြီး​နား​အဝင်မှာ ကျ​နော်​တွေ့​ခဲ့​တာ။ ​တွေ့​ခဲ့​တယ်ဆို​တော့​ စစ်ဘယ်​လောက်ဖြစ်ဖြစ် စီမံကိန်း​ကို ဆက်လုပ်မယ့်​အ​နေအထား​ရှိတယ်။ မ​နေ့​ညက လာပုံ​ထောက်တယ်။ သူတို့​မ​ရောက်ခင် တံတား​က မိုင်း​ခွဲလိုက်တာ။ မိုင်း​ခွဲလိုက်တာကို သူတို့​က ​ရောက်​အောင် ဖြတ်ခဲ့​တာ​ပေါ့​။ အ​ပေါက်ပဲဖြစ်ခဲ့​တာ​ကြောင့်​၊​ တံတား​ကျိုး​အောင် မလုပ်တဲ့​ခါကျ​တော့​ ဖြစ်လို့​ရသွား​တာ။”

ဧရာဝတီမြစ်ဆုံ​ရေကာတာ မတည်​ဆောက်ရန် ​ဒေသခံ ကချင်​ခေါင်း​ဆောင်​တွေ၊​ ​ဒေသခံရွာသား​တွေအပါအဝင် ​ကေအိုင်အိုက မြန်မာအစိုး​ရကို ​တောင်း​ဆိုခဲ့​သလို တရုတ်-မြန်မာ နှစ်နိုင်ငံပါဝင်တဲ့​ ပညာရှင်အဖွဲ့​ကလည်း​ မြစ်ဆုံ​ရေကာတာ ​ဆောက်လုပ်ရင် ဖြစ်​ပေါ်လာမယ့်​ဆိုး​ကျိုး​တွေ ကြီး​မား​တာမို့​ မ​ဆောက်လုပ်ဖို့​ စာတမ်း​ပြုစုတင်ပြတဲ့​ကြား​က မြန်မာအစိုး​ရနဲ့​ တရုတ်ကုမ္ပဏီ​တွေက တည်​ဆောက်​နေတာလည်း​ ဖြစ်ပါတယ်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */