“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, February 04, 2011

ဒေ၀ဒတ်. ငရဲပြည် သို့ ပျံလွန်တော် မူ...

Summaryပဲခူး ကြခတ်ဝိုင်း ဆရာတော်ကြီး ပျံလွန်
ရန်ပိုင် Thursday, 03 February 2011 18:32
E-mail Print
ရွှေဝါရောင် တော်လှန်ရေးတွင် ဆန္ဒပြ သံဃာများကို နှိမ်နင်းရန် စစ်အစိုးရအား တိုက်တွန်းသည်ဟု သတင်းထွက်ခဲ့သည့် ပဲခူးမြို့ ကြခတ်ဝိုင်း ဆရာတော် ဘန္ဒန္တ ဇောတိပါလ သည် ပြီးခဲ့သည့် အင်္ဂါနေ့ ညက ပျံလွန်တော်မူ သွားကြောင်း ယနေ့ ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

ပျံလွန်တော်မူချိန်တွင် သက်တော် ၉၀၊ သိက္ခာတော် ၇၀ ရှိပြီး မြန်မာနိုင်ငံရှိ ထေရ၀ါဒ သံဃဂိုဏ်းကြီး ၉ ဂိုဏ်း အနက် ၀ိနည်း၊ သိက္ခာ တင်းကျပ်သည်ဟု နာမည်ကျော်သည့် ရွှေကျင် နိကာယ ဂိုဏ်းကြီး ၏ တွဲဖက်သာသနာပိုင် အဘိ ဓဇ မဟာရဋ္ဌ ဂုရု
ဘွဲ့တံဆိပ်ရ ဆရာတော်ကြီး ဖြစ်သည်။

ဆရာတော်ကြီးသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် လမ်းလျောက် ဆန္ဒပြကြသည့် ရဟန်းများမှာ အတုအယောင်များသာ ဖြစ် ကြောင်း၊ ဘုရား သား၊ ကျောင်းသား၊ စစ်သားဟု “သားသုံးသား”ရှိသည့်အနက် ဘုရားသားနှင့် ကျောင်းသားမှာ စစ်အစိုးရကို ဒုက္ခပေး နေသည့်အတွက် နှိမ်နင်းသင့်ကြောင်း တိုက်တွန်းခဲ့၍ နာမည်ဆိုးထွက်ခဲ့သည်ဟု ပဲခူးမြို့မှ ရှေ့နေကြီး ဦးမြတ်လှက ပြော သည်။

ဆရာတော်ကြီး ၏ ဇာတိမှာ က၀မြို့နယ်မှဖြစ်ပြီး ၀ိနည်း သိက္ခာနှင့် အညီ နေထိုင်သည့် စာတတ်ပုဂ္ဂိုလ် ငယ်ဖြူ သံဃာတပါးဖြစ် ကြောင်း၊ ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် လူထုဘက်မှ ထောက်ခံခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ထောက်လှမ်းရေး အကြီး အကဲ ဗိုလ်ချုပ်ခင်ညွန်နှင့် ထောက်လှမ်းရေး အဖွဲ့ဝင်များ၊ တခြား စစ်ဗိုလ်ချုပ်များ ၀င်ထွက် ကိုးကွယ်လှူဒါန်းမှုကြောင့် စိတ်ပြောင်း လဲကာ လူထုဆန့်ကျင်ရေး စကားများဆိုလာသည့်အတွက် လူထု ကြည်ညိုမှု လျော့နည်းလာခဲ့သည်ဟုလည်း ဦးမြတ်လှက ဆို သည်။

“ရွှေဝါရောင် တော်လှန်ရေးကာလက ရဟန်းအတုတွေ နှိမ်နင်းပစ်ဖို့ လိုတယ်လို့ တိုက်တွန်းတာလည်း အမှန်ပဲ၊ စာတွေဝေတဲ့ အပြင် ကျနော် ကိုယ်တိုင်လည်း နားနဲ့ ဆတ်ဆတ်ကြားတယ်”ဟု ၎င်းက ဆိုသည်။

၈ လေးလုံး အရေးတော်ပုံအပြီး ဒီမိုကရေစီနှင့် စစ်အစိုးရအကြား အားပြိုင်နေသည့် အချိန် ဆရာတော်ကြီး ဟောကြားသည့် တရား များတွင် ဒီမိုကရေစီလှုပ်ရှားမှုများနှင့် ပတ်သက်၍ အားပေးပြောဆိုမှုများ ရှိသည့်အတွက် လူထု၏ နှစ်သက်မှုကို ရရှိခဲ့ကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေ နှင့် ဆရာ ဒကာ အရင်းဖြစ်သည့်အပြင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လာရောက် ဖူးမြော်ခဲ့ကြောင်း၊ ထို့အပြင် ဆရာတော်ကြီးသည် အမျိုးသားပြန်လည်သင့်မြတ်ရေး ပြုလုပ်ရန်အတွက် စစ်အစိုးရထံသို့ စာရေးသားတောင်းဆိုခဲ့ဖူးကြောင်း၊ သို့သော် ၂၀၀၀ ပြည့်နှစ်ခန့်မှ စတင်ပြီး အစိုးရ အကြိုက် လုပ်ဆောင်မှုများ တွေ့လာ ရသည်ဟု ဦးမြတ်လှက ဆက်လက်ပြောပြသည်။

ယခုအခါ ကြခတ်ဝိုင်း စာသင်တိုက်ကြီးတွင် စစ်အစိုးရက ကထိန်ခင်းခြင်း၊ ကျောင်းဆောက်ခြင်း စသည်တို့ကို ပြုလုပ်လာပြီး မြို့ခံ များကမူ နံနက်ပိုင်း အရုဏ်ဆွမ်းဟု ခေါ်သော တန်းဆွမ်း အလှူခံသည့် စာသင်သားများကိုပင် မြို့ခံများက လှူဒါန်းခြင်း မပြု တော့ကြောင်း၊ ထိုသို့ ဖြစ်ရခြင်းမှာ ၀ိနည်းသိက္ခာနှင့် နေထိုင်သည့် ဆရာတော်ကြီးအား စစ်အစိုးရက ဘွဲ့တံဆိပ်၊ လာဘ်လာဘ စသည် တို့ဖြင့် ဖျက်ဆီးလိုက်၍ ဖြစ်ကြောင်း၊ ဆရာတော်၏ နောက်ဆုံးဈာပနကို ပဲခူးမြို့ခံများ စိတ်ဝင်စားမှုမရှိကြောင်း ပဲခူးမြို့ခံ တဦးက လည်း ပြောသည်။

ရွှေဝါရောင် တော်လှန်ရေးကာလ ပဲခူးမြို့၌ သံဃာများ စီတန်းလှည့်လည်ရာတွင် ကြခတ်ဝိုင်းစာသင်တိုက်အား ရေသန့်ဘူးဖြင့် အပေါက်ခံရသည့် အတွက် ဆရာတော်ကြီးက သာသနာရေး ၀န်ကြီးဌာနသို့ တိုင်ကြားခဲ့ရာ သံဃာများကို အစိုးရသတင်းစာမှ ရှုတ် ချရေးသားခဲ့သည်။

သံဃာ့ဥသျှောင်အဖွဲ့ထိုင်းနိုင်ငံ မဲဆောက်ရုံး တာဝန်ခံ ဆရာတော် ဦးဇ၀နက ပဲခူးကြခတ်ဝိုင်း ဆရာတော်ကြီး ကဲ့သို့ သာသနာ့ ၀န်ထမ်း ရဟန်းတပါး အနေဖြင့် ပြည်သူ၏ ဒုက္ခကို စာနာမှုရှိရှိ အကာကွယ် မပေးသည့်အတွက် ယခုကဲ့သို့ ပြည်သူများ၏ ဆန့်
ကျင်ခြင်းခံရသည်မှာ သင်ခန်းစာယူစရာဖြစ်ကြောင်း မိန့်ဆိုသည်။

ရွှေကျင်နိကာယ ဂိုဏ်းသည် ၀ိနည်း၊ သိက္ခာနှင့် ပတ်သက်လာလျှင် ယခင်က ပြည်ပတိုင်းပြည်များ အထိ နာမည်ကြီးခဲ့ပြီး ထိုင်း၊ ကမ္ဘောဒီးယား စသည့် ဗုဒ္ဓဘာသာ ကိုးကွယ်သည့် နိုင်ငံများအပြင် အနောက်နိုင်ငံများမှ ဗုဒ္ဓဘာသာ ယုံကြည်ကိုးကွယ်သူများလည်း လာရောက် လေ့လာဆည်းပူးခဲ့ကြသည်။

တစ်ဘ၀သံသရာ ထေရုပတ္တိ၊ ကိုယ်ကျင့်အဘိဓမ္မာ၊ စာသင်သံဃာများအတွက် နာမည်ကြီး ကျမ်းကြီးများကို ရေးသားပြုစုခဲ့သည့် အမရပူရ တောင်မြို့ မဟာဂန္ဓရုံ ကျောင်းတိုက်မှ ဆရာတော် ရှင်ဇနကာဘိဝံသ သည် ၀ိနည်းစည်းကမ်းနှင့် ကျင့်ကြံနေထိုင်ခဲ့သည့် အတွက် ရွှေကျင်ဂိုဏ်းဝင် ထင်ရှားသည့် ဆရာတော်ကြီး တပါး ဖြစ်သည်။

ထိုင်းနိုင်ငံတွင်လည်း အူဒုန် ထနီ (Udon Thani)ခရိုင်ရှိ ၀ပ် ပါဘန် တက်ဒ် တောရကျောင်းမှ ရဟန္တာဟု သမုတ်ခံရသည့် သက်တော် ၉၈ နှစ်ရှိ ဆရာတော်ကြီးတပါး မကြာသေးမီရက်ပိုင်းက ပျံလွန်တော်မူခဲ့ရာ ထိုင်းနိုင်ငံ၏ ဘုရင်မိသားစု၊ အစိုးရအဖွဲ့ဝင်များ နှင့် ပြည်သူများက စည်စည်ကားကား ကျင်းပခဲ့သည်။

ထိုဆရာတော်ကြီးသည် ယခင် ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်က ထိုင်း သံဃာတော်များအား ထိန်းချုပ်ရန် အစိုးရ အလို ကျ သာသနာပိုင်တဦး ခန့်အပ်မှုကို ဆန့်ကျင်ကန့်ကွက်ခဲ့သည့်အတွက် ပျက်ပြားခဲ့ ရသည်ဟု ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */