“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, September 03, 2010

ရွေးကောက်ပွဲကြောင့် တိုင်းပြည်မှ နှင်ထုတ်လျှင်လည်း မအံ့သြ

တိုင်းပြည်မှ နှင်ထုတ်လျှင်လည်း မအံ့သြ
Leinster Express | သောကြာနေ့၊ စက်တင်ဘာလ ၀၃ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၄၉ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

၂ဝ၁ဝ ရွေးကောက်ပွဲ နီးလာသဖြင့် နိုင်ငံခြားသားများကို မြန်မာစစ်အစိုးရက နှင်ထုတ်လျှင်လည်း မအံ့သြဟု မြန်မာနိုင်ငံမှ အတင်းအကျပ် ပြန်ပို့ခဲ့သည်ဟုဆိုသည့် အိုင်ယာလန်နိုင်ငံသား ကယ်ဗင်မက်အီဗွိုင်း Kevin McEvoy က ပြောဆိုလိုက်သည်။

၅၈ နှစ်အရွယ် Laois ခရိုင်သား မက်အီဗွိုင်းမှာ မြန်မာနိုင်ငံမှ အစောင့်အကျပ်များဖြင့် ပြီးခဲ့သည့်လနှောင်းပိုင်းတွင် နှင်ထုတ်ခံရကာ ယခုအခါ ထိုင်းနိုင်ငံ ဘန်ကောက်၌ ရောက်ရှိနေပြီး သူ၏ ဇာတိ စလိဗ်ဗလွန်း Slieve Blooms တောင်တန်းကြီးများ ရှိရာသို့ ပြန်ရန် စောင့်ဆိုင်းနေရင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

’’ရွေးကောက်ပွဲ နီးလာတဲ့အခါ တိုင်းပြည်ထဲမှာရှိတဲ့ နိုင်ငံခြားသားတွေကို တိုင်းပြည်ထဲကနေ ထွက်ခွါသွားဖို့ ပြောတယ်ဆိုရင်တောင် ကျနော် အံ့သြမှာ မဟုတ်ပါဘူး’’ ဟု ကယ်ဗင်မက်အီဗွိုင်းက Leinster Express ကို ပြောသည်။

ယခုအခါ သူသည် ဘန်ကောက်ရှိ အိုင်းရစ်အစိုးရ ကောင်စစ်ဝန်ရုံးနှင့် အဆက်အသွယ်နှင့် အကူအညီများ ရရှိနေပြီဖြစ်သည်။

’’ကျနော်ထင်သလိုပဲ ကောင်စစ်ဝန်ရုံးကလည်း အကြံပေးကြတယ်။ မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ သူတွေအတွက် ထောက်ထားပြီး ဘာမှ နောက်ထပ် ပူညံပူညံမလုပ်ဖို့ ပြောကြတယ်။ နိုဝင်ဘာလ ၇ ရက်မှာ ရွေးကောက်ပွဲ လုပ်မယ်။ ဒါ အနှစ် ၂ဝ အတွင်း ပထမဆုံး ရွေးကောက်ပွဲပဲ။ နောက်လ အနည်းငယ်အတွင်း တတိုင်းပြည်လုံး နိုးနိုးကြားကြားနဲ့ တပ်လှန့်ထားမှာပဲ’’ ဟု မက်အီဗွိုင်းက ဆိုသည်။

သူသည် ပြီးခဲ့သည့်လအထိ မြန်မာနိုင်ငံရှိ De la Salle Brothers အဖွဲ့၌ ၂ဝဝ၉ ခုနှစ် ဇူလိုင်လကတည်းက ကျောင်းဆရာအဖြစ် စတင်လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

’’ကင်ညာနိုင်ငံမှာ ၂ဝဝ၁ ခုနှစ်ကတည်းက ရောက်ပြီး အလုပ်လုပ်နေတာ မနှစ်က ပြီးသွားတယ်။ ဒါနဲ့ စိန်ခေါ်မှု အသစ်တွေကို ရှာလိုက်တာ။ မြန်မာနိုင်ငံထက် စိန်ခေါ်မှုများတဲ့နိုင်ငံ ရှိတော့မှာ မဟုတ်ဘူးလို့ တွက်ခဲ့တယ်။ ဒီ Brothers အဖွဲ့ကလည်း သူတို့ဒေသဝန်ထမ်းတွေကို လေ့ကျင့်ပေးဖို့ အကူအညီ လိုနေတယ်။ အင်္ဂလိပ်စာ သင်တယ်ဆိုတာ အချိန်တော့ အတော်လေး ယူရတယ်။ ဒါပေမဲ့ ကျနော်က သင်တန်းပေးတာရဲ့ တခြားအစိတ်အပိုင်းတွေဖြစ်တဲ့ ဆုတောင်းဝတ်ပြုတာ၊ သင်ပြနည်းပညာအကြောင်း ပြောတာ၊ လူသားဖွံ့ဖြိုးမှု စတာတွေကို ပါသင်ပေးခဲ့တယ်’’ ဟု မက်အီဗွိုင်းက ပြောသည်။

မြန်မာနိုင်ငံတွင် ၃ နှစ်ခန့် နေရလိမ့်မည်ဟု သူက မျှော်လင့်ခဲ့ပြီး၊ စစ်အစိုးရက သတိထားမိမှာ မဟုတ်ဟု မှတ်ထင်ခဲ့သည်။ သို့သော် သူ၏ အနောက်တိုင်းသား ရုပ်ရည်ကြောင့် အာဏာပိုင်များက သတိပြုမိသွားသည်ဟု သူက ယုံကြည်သည်။

သူထွက်ခွါလာခဲ့ရသည့် အကြောင်းအချက်များကမူ မှုံဝါးဝါးဖြင့် နားလည်ရခက်သည့် စစ်အစိုးရ၏ ပင်ကိုယ်သဘာဝကို လှစ်ပြလိုက်သလိုရှိသည်။ နိုင်ငံကူးလက်မှတ်ကို သိမ်းပြီး ပြန်လိုချင်လျှင် လူဝင်မှုကြီးကြပ်ရေး အရာရှိနှင့်အတူ ရန်ကုန်သို့ လိုက်ခဲ့ရမည်ဟု အာဏာပိုင်များက ပြောခဲ့သည်ဟု သူက ဆိုသည်။ ဘတ်စ်ကား လက်မှတ်ခကိုလည်း သူ့ဘာသာပင် ပေးခဲ့ရသည်။

ထို့နောက် လေယာဉ်ကွင်းသို့ ခေါ်သွားပြီး ထိုင်းသို့ထွက်မည့် လေယာဉ်ပေါ် တင်ပေးကာ၊ နိုင်ငံကူး လက်မှတ်ကို လေယာဉ်ပေါ်တက်မှ ပြန်ပေးသည်။ နိုင်ငံကူးလက်မှတ်ကို မည်သည့်အတွက်ကြောင့် သိမ်းဆည်းသည်ကို မသိသကဲ့သို့၊ ဘာကြောင့် သူ့ကို တပတ်ကြာ ထိန်းသိမ်းထားခဲ့သည်ကိုလည်း မသိပါ။

’’သူတို့က ဘာမှအကြောင်းပြချက်မှ မပေးဘူး။ ဒီတော့ ကျနော်လည်း စိတ်ပူတာပေါ့။ လူတယောက်အတွက် တခြားနိုင်ငံတနိုင်ငံမှာ ရောက်နေတဲ့အခါ နိုင်ငံကူးလက်မှတ်ဆိုတာ သိပ်အရေးကြီးတာ။ ခင်ဗျားနဲ့ပဲ ဆိုင်တဲ့အရာ၊ ခင်ဗျားအိတ်ကပ်ထဲ ရှိနေတဲ့ ခင်ဗျားရဲ့ DNA ပဲ။ ဘယ်သူမှ လွယ်လွယ်နဲ့ ပေးမှာ မဟုတ်ဘူး။ ဒါကို သိမ်းတယ်ဆိုရင် အရေးကြီးတဲ့ အကြောင်းပြချက်ကတော့ ရှိရမှာပေါ့။ ကျနော့်ကိုတော့ ဒီလိုအကြောင်းပြချက်မျိုး လုံးဝမပေးခဲ့ဘူး’’ ဟု သူက ပြောသည်။

ဘာ့ကြောင့်နေရပ်ပြန်ပို့သည်ကို မက်အီဗွိုင်းသည် နားမလည်သေးပါ။

သူက ’’ကျနော်ထင်တာ ဒီကျောင်းက ဝန်ထမ်းစာရင်းမှာ ကျနော့်နာမည် မရှိလို့ဆိုတာပဲ။ ဒီလိုစာသင်ကျောင်းတွေမှာ စာသင်နေတဲ့ နိုင်ငံခြားသားတွေအတွက် ဒါကလည်း အထူးအဆန်း မဟုတ်ဘူးလေ။ ရိုးရိုးသားသား ပြောရရင် ကျနော့်ဗီဇာက အစစ်၊ ဒီအပတ်ထဲကုန်မှာ။ ကျနော့်ကို လွယ်လွယ်ကူကူပဲ သူတို့တွေ နေခွင့်ပေးမယ်လို့ ထင်ထားခဲ့တာ’’ ဟု ပြောသည်။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */