“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, July 09, 2010

ကိုဟန်လေးရဲ့ (ဒါ --ရွေးစရာလား)

ဂျာမနီ ပရိသတ် ရေဘ၀ဲလေးကို ဒေါသထွက် ရန်ပိုင် Thursday, July 08, 2010
ကမ္ဘာကျော် ရေဘ၀ဲလေး ခန့်မှန်းသည့် အတိုင်း စပိန်အသင်းက ဂျာမနီကို အနိုင်ယူခဲ့သည့် အတွက် ယင်းရေဘ၀ဲလေးကို ဒေါသ ဖြစ်နေသည့် ဂျာမနီ ပရိသတ်များက အစားအစာတခု ပြုလုပ် ပစ်ရန် တိုက်တွန်းလိုက်သည်။

စပိန်အသင်း အနိုင်ရမည်ဟု ခန့်မှန်းခဲ့သည့် ရေဘ၀ဲ (ဓာတ်ပုံ - Reuters/Wolfgang Rattay)
၎င်း၏ ခန့်မှန်း ချက်များ မှန်ကန် လွန်းသည့် အတွက် အသားကင် သို့မဟုတ် ပင်လယ်စာ လုပ်စား သင့်ကြောင်း၊ လူမှု ကွန်ရက် ဖြစ်သည့် Facebook နှင့် Twitter တို့မှ အကြံ ပေးချက်များ ရေးသား လာကြသည်ဟု fifa.com အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

“တချို့ လူတွေက စပိန် အစားအစာ တခုခု လုပ်စား စေချင်တယ်၊ တချို့ ကတော့ ငါးမန်းစာ ကျွေးပစ် စေချင် ကြတယ်”ဟု ရေးသား ထားသည်။

အဆိုပါ ရေဘ၀ဲ လေးသည် ယခင်ပွဲစဉ် များတွင်လည်း ဂျာမနီအသင်း၏ အနိုင်အရှုံးများကို မှန်ကန်စွာ ခန့်မှန်းခဲ့ပြီး ယခု ဆီမီးဖိုင်နယ် တွင်လည်း စပိန်အသင်းက ဂျာမနီအသင်းကို နိုင်မည်ဟု ဟောကိန်း ထုတ်ကာ အမှား အယွင်း မရှိ ခန့်မှန်းသည့် စံချိန်ကို ဆက်လက် ထိန်းထားလိုက်သည်။

ယင်းကြိုတင်ခန့်မှန်းချက် ထွက်လာပြီးသည့် နောက်တွင် စပိန်အသင်းကို ယှဉ်ပြိုင်မည့် ဂျာမနီဘောလုံးသမားများ၏ မျက်နှာသွင် ပြင်နှင့် လှုပ်ရှားမှုတို့သည် တခုခုစိတ်ဖိစီးနေသည့် အသွင်ကို ဆောင်နေသည်။

ယခင်က အင်္ဂလန်၊ အာဂျင်တီးနား စသည့် အသင်းကြီးများနှင့် ယှဉ်ပြိုင်သည့် ပွဲများတွင် စလျှင်စချင်း တိုက်စစ်ဆင် ကစားတတ် သည့် ဂျာမနီအသင်းသည် ယခုစပိန်နှင့် ပွဲတွင်မူ ကစားပုံမှာ လေးလံနေပြီး အသင်း၏ အားကိုးရသည့် အဓိကတောင်ပံမှ လှုပ် ကစားတတ်သည့် သောမတ်စ် မူလာ လည်း ၂ ၀ါ ၁ နီ ဖြင့် ပွဲပယ်ခံထားရသည့်အတွက် ၎င်းနှင့်တွဲဖက်ကစားနေသည့် အိုဇယ်မှာ လည်း ခြေစွမ်းမပြနိုင် ဖြစ်ခဲ့ရသည်။

[ဂျာမနီနိုင်ငံ၏ မြို့တော် ဘာလင်တွင် ဘောလုံးပွဲကြည့်နေသည့် ပြည်သူများ (ဓာတ်ပုံ - Nedine Mohr)]

ဂျာမနီနိုင်ငံ၏ မြို့တော် ဘာလင်တွင် ဘောလုံးပွဲကြည့်နေသည့် ပြည်သူများ (ဓာတ်ပုံ - Nedine Mohr)
“ပေါလ်”၏ ခန့်မှန်းချက် အတိုင်းပင် ဒုတိယပိုင်း ၇၃ မိနစ်တွင် ထောင့်ကန်ဘော ကန်တင်သည့် ဘောလုံးကို စပိန် နောက်ခံလူ ကားလက်စ် ပူးယိုး က ခေါင်းတိုက် သွင်းပြီး ဂျာမနီ အသင်း၏ လေးကြိမ်မြောက် ကမ္ဘာ့ဖလား ရရှိရေး အိပ်မက်များကို ဖျက်ဆီး လိုက်သည်။

ဂျာမနီနိုင်ငံ မြို့တော် ဘာလင်မြို့ရှိ ဘောလုံးပွဲ ကြည့်နေ ကြသည့် လူအုပ်ကြီး ကလည်း ဂျာမနီ အသင်း ရှုံးနိမ့်သွားသည့် အတွက် ယခင်က သူရဲကောင်းဟု တင်စားခဲ့သည့် ရေဘ၀ဲလေးကို ယခုအခါ ရေဘ၀ဲ ဆန့်ကျင်ရေး တေးသီချင်း များကို အော်ဟစ် သီဆိုကြကြောင်း သိရသည်။

ရေဘ၀ဲလေးသည် ဂျာမနီအလံ ကပ်ထားသည့် မှန်ပုံးအနီးတွင် အဖုံးဖွင့်ပြီး စားမည့်ဟန်ဖြင့် တရစ်ဝဲ၀ဲလုပ်နေရင်းမှ စပိန်အလံကပ် ထားသည့် မှန်ပုံးကို ဆတ်ခနဲ ဖွင့်ပြီး အစာကို ယူကာ စားလိုက်ခြင်းဖြင့် စပိန်အသင်းနိုင်မည့် နိမိတ် လက္ခဏာများ ပြသခဲ့ခြင်းဖြစ်သည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */