“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, July 13, 2010

ကြွက်ကျခြင်း တွေ့ရှိပါက ပလိပ်ရောဂါ အန္တရာယ် သတိထားသင့်

ကြွက်ကျခြင်း ဟုခေါ်သည့် ကြွက်များ အမြင့် ထုပ်တန်း တစ်နေ ရာရာမှ ရုတ်တရက် ပြုတ်ကျ သေဆုံးသည်ကို တွေ့ရှိပါ က ကြွက်မှ တစ်ဆင့် ပလိပ် ရောဂါ အန္တရာယ်ကို သတိထား သင့်ကြောင်း ကျန်းမာရေး အတိုင်ပင်ခံ ဆရာဝန် ဒေါက်တာ ထွန်းသိန်းက ပြောသည်။ ပလိပ် ရောဂါဆိုတာ ကြွက်တွေရဲ့ သန်းက နေ တစ်ဆင့် ကူးတာ။ ကြွက်ကျ တွေမှာ ပလိပ် ရောဂါတွေ ရှိနိုင်တယ်။ ကြွက်က သေသွားရင် သန်းတွေက ကြွက်မှာ မနေဘူး။ လူတွေ၊ တိရစ္ဆာန် တွေဆီကို ခုန်ကူးလာ တယ်။ အဲဒီလို သေတဲ့ ကြွက်ကနေ ကူးလာတဲ့ ကြွက်သန်းတွေကနေ ပလိပ်ရောဂါ ကပ်ပါလာပြီး အဲဒီ သန်းတွေ အကိုက် ခံရရင် ပလိပ် ရောဂါ ကူးစက် ခံရတတ်တယ်။ ရိုးရိုး ကြွက်သေတာ တွေ့ရင်လည်း သတိထားရမယ်ဟု ၄င်းက ပြောသည်။ ပလိပ် ရောဂါသည် Yersinia pestis ဘက်တီးရီးယားကြောင့် ဖြစ်ပြီး အများအားဖြင့် ကြွက်များတွင်သာ ရှိနေတတ်သည်။ လယ် ကြွက်၊ တောကြွက် ကဲ့သို့သော ကြွက်ရိုင်းများတွင် ရှိနေတတ် သော်လည်း ကြွက်များ အချင်းချင်း တွင်သာ ကူးစက် ခဲ့ပါက အန္တရာယ် မရှိသော်လည်း ကြွက်ရိုင်းများမှ တစ်ဆင့် အိမ်ကြွက်များ၊ အိမ်မွေး တိရစ္ဆာန်များတွင် ကူးစက်လာသည့် အခါ အဆိုပါ တိရစ္ဆာန် များမှ ထပ်ဆင့်၍ လူကို ကူးစက် နိုင်သော ကြောင့် အန္တရာယ် ရှိနိုင်ပြီး သတိရှိသင့်ကြောင်း ဒေါက်တာ ထွန်းသိန်းက ဆက်လက် ပြောသည်။ ပုလိပ်ရောဂါ ဖြစ်ပွားခဲ့သည့် သမိုင်းကြောင်းအရ Black death ဟု သတ်မှတ်ခဲ့သည့် ၁၃၄၇-၄၈ ခုနှစ် ဥရောပ၏ လူဦးရေ လေးပုံ တစ်ပုံမှာ ပလိပ်ကူးစက် ရောဂါကြောင် သေဆုံး ခဲပြီး ၁၆၆၅-၆၆ ခုနှစ်တွင်လည်း အင်္ဂလန်တွင် ပလိပ် ရောဂါကြောင့် လူခုနစ်သောင်း ကူးစက် သေဆုံးခဲ့ သည်။ ကူးစက်နှုန်း မြန်ဆန်ပြီး အသေအပျောက်လည်း များခဲ့သည်။ ယခုအခါ ပလိပ် ရောဂါသည် ဥရောပတွင် ဖြစ်ပွား ကူးစက်မှု မရှိသော်လည်း အာရှ အရှေ့ အာဖရိကနှင့် အိန္ဒိယ နိုင်ငံများတွင် ဖြစ်ပွား ကူးစက်မှု ရှိနေသေးသည်ဟု ၄င်းက ဆိုသည်။ ပလိပ် ရောဂါ၏ လက္ခဏာများမှာ ကြွက်သန်းများ အကိုက်ခံရပါက အဖုအပိန့်များ ထွက်ခြင်း ခန္ခာကိုယ်မှာ ရှိသည့် အကြိတ်များ ယောင်ယမ်းပြီး မခံမရပ် နိုင်အောင် နာကျင်ခြင်း၊ ချမ်းတုန်ပြီး အဖျားကြီးခြင်း၊ ခေါင်းကိုက်ခြင်း၊ အစားပျက်ခြင်း၊ သွေးခုန်နှုန်းမြန်၍ အန်လာခြင်း၊ သွေးပေါင် ကျလာ ပြီး နှလုံး ကျယ်လာခြင်းတို ဖြစ်သည်။ Pneumonic Plague ဆိုတဲ့ အဆုပ်ကနေ ကူးစက်တဲ့ ပလိပ်ရောဂါဆို တစ်ယောက်က စကားပြောရင် အခြားတစ်ယောက်ဆီကို တန်းရောက် သွားပြီး ရောဂါ ပိုးက အဆုပ်ထိ ဝင်သွားပြီး နှစ်ရက်နဲ့ ရောဂါထလာမယ်။ ချောင်းဆိုးမယ်။ နှလုံးခုန်မြန်မယ်။ သလိပ်မှာ ချွဲပါလာမယ်။ သွေးစလေးတွေ ပါလာမယ်။ အသက်ရှူ ကျပ်လာပြီး ၂ ရက် ၃ ရက် နဲ့ အသက် ဆုံးရှုံးနိုင်တယ်။ ဒါကြောင့် ကြွက်ကျ တွေ့တာပဲ ဖြစ်ဖြစ် ဒီပလိပ်ရောဂါ လက္ခဏာတွေ တွေ့ရှိတာပဲ ဖြစ်ဖြစ် နီးစပ်ရာ ကျန်းမာရေး ဌာနကို အမြန်ဆုံး အကြောင်းကြား ရမယ်ဟု ဒေါက်တာ ထွန်းသိန်းက ဆက်လက် ရှင်းပြသည်။ ယခုအခါ နိုင်ငံပိုင် သတင်းစာများတွင်လည်း ကျန်းမာရေး ဝန်ကြီးဌာနမှ ကြွက်မှတစ်ဆင့် ကူးစက်ရောဂါ ကာကွယ်ရေး နှိုး ဆော်ချက်များ ထုတ်ပြန်ထားပြီး ဖြစ်ရာ အဆိုပါ ထုတ်ပြန် ထားချက်အရ ကြွက်များသည် လူတို့၏ စားနပ်ရိက္ခာနှင့် ပစ္စည်းများကို ဖျက်စီး တတ်ရုံ သာမက ကူးစက် ရောဂါများကိုပါ သယ် ဆောင်လာ တတ်ပါသည်။ အထူးသဖြင့် ပလိပ်ရောဂါသည် ကြွက်တို့၏ သန်းမှ တစ်ဆင့် ကူးစက်ပြီး ကပ်ရောဂါ ဖြစ်စေ နိုင်ပါသည်။ လူနာများမှ တစ်ဆင့် ကူးစက်ကာ ကပ်ရောဂါဆိုး အသွင်လည်း ဖြစ်လာနိုင်ပါသည်။ သို့ဖြစ်ပါ၍
(က) မိမိတို့ အိမ်၊ ရုံးဈေးနှင့် ပတ်ဝန်းကျင်တွင် ကြွက်များ ဝင်ရောက် ခိုအောင်း ပေါက်ပွားမှု မရှိအောင် ကာကွယ်ပါ။
(ခ) မိမိတို့ အနီးအနားတွင် ကြွက်များ ရုတ်တရက် သေဆုံးပါက ပလိပ်ရောဂါကြောင့် သေဆုံးခြင်း ဖြစ်နိုင်ကြောင်း သတိရှိပါ။
(ဂ) ပလိပ် ရောဂါ သံသယ ရှိသော ကြွက်များကို စစ်ဆေးနိုင်ရန် နီးရာ ကျန်းမာရေး ဌာနသို့ အကြောင်းကြားပါဟု ဖော်ပြထားပါသည်။

Source : True News JournalRest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */