“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, July 09, 2010

နှစ်ပြား အလကားပေးပြီးရင် တရစ်ရစ်လှီးမှာပေါ့နော်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝတ်စုံများ အခမဲ့ပေးဝေနေ --ဘုန်းခိုင်။ ဇူလိုင် ၉၊ ၂၀၁၀
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်တွင် အဖြူနှင့် အစိမ်းရောင် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းသားများ ဝတ်ဆင်သည့် ဝတ်စုံများကို မြို့နယ်ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူးက ဒီကနေ့ မနက်ပိုင်းကစပြီး အခမဲ့ ဝေငှပေးနေကြောင်း ကျောက်ပန်းတောင်း ဒေသခံများက ပြောသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးဝတ်စုံများ အခမဲ့ဝေငှပေးနေသည့် အခြေအနေနှင့် ပတ်သက်ပြီး ကျောက်ပန်းတောင်းမြို့ခံက “ဒေသခံပြည်သူတွေကလည်း ဝတ်စုံတွေပေးတော့ လိုက်ဝတ်ကြတာပေါ့ အစိမ်းတွေ နေရာတကာ တွေ့နေရတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးအတွင်းရေးမှူး မောင်တူး (ခေါ်) အောင်ဇော်လင်းပေါ့ သူကိုယ်တိုင် ဝေပေးနေတာ ဒီကနေ့ မနက်ပိုင်းမှာပေါ့။ ဦးလှထွန်းနဲ့ ဝန်ကြီးဦးအောင်သောင်းတို့ကတော့ ကျောက်ပန်းတောင်းကနေ အမတ်အရွေးခံမလား မသိပါဘူး။ သူတို့ပေးခဲ့တာ အစုံရေ ၁၀၀၀ လို့သိရတယ်”ဟု ပြောသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းက ပါတီတည်ထောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်မည်ဖြစ်သည့်အတွက် အခုလို ကျောက်ပန်းတောင်းမြို့ပေါ်တွင် စည်းရုံးမှုများ လုပ်ဆောင်နိုင်ဖို့ နအဖစစ်အစိုးရဘက်မှာ ထောက်ပံ့ငွေများ ရနေကြောင်းကိုလည်း ကျောက်ပန်းတောင်းမြို့ခံက “ဒီဝတ်စုံမဝေခင်က ဗိုလ်ချုပ်သန်းထွန်း၊ ဦးအောင်သောင်း၊ ဦးမျိုးမြင့်တို့လို စစ်အစိုးရအရာရှိကြီးတွေ ခဏခဏလာတယ်။ သူတို့လာရင် စည်းရုံးရေးမှူးတွေကို ခေါ်တယ်။ အဲဒီစည်းရုံးရေးမှူးတွေကို တဦးလျှင် တသိန်းစီပေးတယ်၊ မြို့နယ်ကြံ့ခိုင်ရေးကိုလည်း သိန်း ၈၀၀ ပေးသွားတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝင်ထားတဲ့ ကျနော်တို့ မြို့က လူတွေကိုယ်တိုင်က ပြောတာ”ဟု ရှင်းပြသည်။

ကျောက်ပန်းတောင်းမြို့မြောက်ပိုင်းရှိ ယခင်ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးနေရာကို ပါတီရုံးအဖြစ် သတ်မှတ်လုပ်ဆောင်ထားပြီး လူထုစည်းရုံးရေးအတွက် ဝတ်စုံများ အခဲမဲ့ပေးဝေနေခြင်းဖြစ်ကြောင်း ကျောက်ပန်းတောင်းမြို့ခံများအကြား ပြောကြားနေသည်။ Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */