ဓာတ်ငွေ့ထုတ်လုပ်မှု (၁၀) ပုံ (၁) ပုံသာ နိုင်ငံအတွက်သုံး စိုးမိုး / ၁၅ ဇူလိုင် ၂၀၁၀
မြန်မာ့ကမ်းလွန် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုပမာဏ စုစုပေါင်း၏ (၁၀) ပုံ (၁) ပုံသာ ပြည်တွင်းအတွက် အသုံးပြုနေကြောင်း စစ်အစိုးရက ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။
မြန်မာ့ကမ်းလွန် သဘာဝဓာတ်ငွေ့ လုပ်ကွက်များဖြစ်သော ရတနာနှင့် ရဲတံခွန် ကမ်းလွန်သဘာဝ ဓာတ်ငွေ့လုပ်ကွက်များမှ ထိုင်းနိုင်ငံသို့ နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း (၁,၀၀၀) ကျော် တင်ပို့ရောင်းချနေပြီး မြန်မာပြည်တွင်းအတွက် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း (၁၁၀) သာ အသုံးပြုနေခြင်းဖြစ်သည်။
“ပြည်ပကို ထုတ်ရောင်းတော့ နိုင်ငံခြားငွေ တိုက်ရိုက်ရတာကြောင့်လို့ပဲ မြင်ပါတယ်။ တကယ်လို့ ပြည်တွင်းမှာ သုံးမယ်ဆိုရင်တော့ ပြည်သူလူထုအတွက်တော့ ကောင်းတာပေါ့ဗျာ။ ဒါပေမယ့် သူတို့အတွက် ငွေရတာ တွက်ခြေမကိုက်ဘူးပေါ့ဗျာ၊ အဲလိုပဲ ပြောချင်ပါတယ်” ဟု ပြည်တွင်းအခြေစိုက် စီးပွားရေးပညာရှင်တဦးက ပြောသည်။
စစ်အစိုးရက ထိုင်းနိုင်ငံသို့ ၁၉၉၈ ခုနှစ်ကတည်းက သဘာဝဓာတ်ငွေ့ကို အနှစ် (၃၀) စာချုပ်ဖြင့် တင်ပို့နေခြင်းဖြစ်သည်။
ပြည်တွင်း နိုင်ငံပိုင်စက်ရုံများ လည်ပတ်နိုင်ရေးအတွက် နေ့စဉ် ကုဗပေ သန်း (၁၁၀) ခန့် ကံဘောက်-မြိုင်ကလေး-စစ်တောင်း- ရန်ကုန် ပိုက်လိုင်းဖြင့် ရယူအသုံးပြုနေခြင်းသာ ရှိကြောင်း အဆိုပါ သတင်းစာပါ ဆောင်းပါးအရ သိရသည်။
ပြည်တွင်း လျှပ်စစ်ဓာတ်အား မလုံလောက်မှုအတွက်မူ ယခု ၂၀၁၀ ပြည့်နှစ် ဇွန်လတွင်မှ မုတ္တမ ကမ်းလွန် ရဲတံခွန် သဘာဝဓာတ်ငွေ့မှ ပိုက်လိုင်းသွယ်ပြီး ရန်ကုန်မြို့တွင် လျှပ်စစ် အချိန်ပိုရရှိရေးအတွက် ဆောင်ရွက်နေသည်။
နိုင်ငံတွင်း စွမ်းအင် မလုံလောက်မှုကြောင့် ၂၀၀၇ ခုနှစ် စက်တင်ဘာတွင် သံဃာ့အရေးအခင်း ဖြစ်ပေါ်ခဲ့ပြီး မြန်မာ ပြည်သူလူထုမှာလည်း လျှပ်စစ်မီး မလုံလောက်မှု ပြဿနာကို ရင်ဆိုင်နေကြရသည်။
ကုန်ထုတ်လုပ်မှု လုပ်ငန်းများလည်း လျှပ်စစ်မလုံလောက်မှုကြောင့် နိုင်ငံတကာ ဈေးကွက်ကို မယှဉ်နိုင်ဘဲ မြန်မာ့အထည်ချုပ်လုပ်ငန်းမှာ တနှစ်ထက် တနှစ် ထုတ်လုပ်မှု ကျဆင်းလာပြီး ယခု အခါ ရပ်ဆိုင်းသွားပြီဟု အထည်ချုပ် အသိုင်းအ၀ိုင်းက သုံးသပ်သည်။
“ကုန်ထုတ်လုပ်မှု တိုးတက်ဖို့က စွမ်းအင်လုံလောက်မှု ရှိမရှိဆိုတာလည်း အခြေခံအဆောက်အဦတခုလို့ ပြောရမှာပေါ့နော်။ အခု ပြည်တွင်းကုန်ထုတ်လုပ်မှု လုံးဝနီးပါး ရပ်ဆိုင်းသွားတာ စွမ်းအင်ရယ်၊ လမ်းပန်းဆက်သွယ်ရေးရယ်၊ တယ်လီကွန်မြူနစ်ကေးရှင်းပေါ့ဗျာ ဆက်သွယ်ရေးပေါ့။ တခြားကဏ္ဍတွေက ဒီလောက် မလိုဘူးဘဲထား ကျနော်တို့ အထည်ချုပ်လို ကုန်ထုတ်လုပ်ငန်းတွေက ပိုသိသာတယ်။ အခုတော့ အားလုံး ရပ်ဆိုင်းသလောက် ဖြစ်သွားတာပေါ့” ဟု အထည်ချုပ်လုပ်ငန်းရှင် အသင်းဝင်တဦးက ဆိုသည်။
စစ်အစိုးရက နိုင်ငံတကာ ကုမ္ပဏီများနှင့် ကုန်းတွင်းပိုင်းဒေသ ရေနံသဘာဝဓာတ်ငွေ့လုပ်ကွက်ပေါင်း (၁၁) ခု၊ ကမ်းလွန် လုပ်ကွက် (၃၁) ခုတို့ကို လုပ်ကိုင်နေသည်။
ထုတ်လုပ်မှုအများစုကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေပြီး ယင်းသဘာဝဓာတ်ငွေ့မှ ၀င်ငွေ မည်မျှရသည် မည်သို့ အသုံးပြုသည်ကို စစ်အစိုးရက ပြည်သူလူထုသို့ အသိပေးထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။ Rest of your post
Friday, July 16, 2010
ခရမ်းချဉ်သီးအရောင် မီးလာတာ လည်းမပြောနဲ့ 
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment