ရေအတွက် Lotus Foundation အလှူငွေ ကောက်ခံ
ခိုင်စု | ဗုဒ္ဓဟူးနေ့၊ မေလ ၁၂ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၃၄ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာပြည် ဒေသအချို့တွင် မကြုံစဖူး ဆိုးရွားစွာ သောက်သုံးရေ ပြတ်လပ်နေသဖြင့် ရေလှူဒါန်းရန်အတွက် ပြည်တွင်းပြည်ပ မြန်မာများနှင့် ဖွဲ့စည်းထားသည့် ဗုဒ္ဓ၊ ဓမ္မ၊ သံဃ၊ လောက အသင်းကြီး (Lotus Foundation) က ယမန်နေ့မှစတင်၍ ရန်ပုံငွေ ကောက်ခံနေကြောင်း သိရသည်။
“ကျနော်တို့က မြန်မာပြည်မှာ သောက်သုံးရေ ပြတ်နေတာကို သတင်းတွေ၊ ဖော်ဝပ်မေးလ်တွေကတဆင့် သိရတယ်။ ကျနော်တို့က ပြည်ပရောက်နေတော့ လူကိုယ်တိုင် ကူညီလို့မရလို့ ငွေစုပြီး လှူဖို့ စီစဉ်တာပါ” ဟု Lotus Foundation မှ ရေကူညီရေးအတွက် ဦးဆောင်နေသူတဦးဖြစ်သည့် စင်္ကာပူနိုင်ငံမှ ကိုဝင်းထွန်းဆင့်က မဇ္ဈိမကို ပြောသည်။
ရရှိလာမည့် အလှူငွေများကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရေတာရှည်လမ်းဟောင်းရှိ ဓမ္မရက္ခိတကျောင်း (အနောက်ဘင်္ဂလားတိုက်) ၏ ဆရာတော် ဦးဥဂ္ဂပဏ္ဍိတမှတဆင့် လှူဒါန်းသွားမည်ဖြစ်သည်။
ဗုဒ္ဓဘာသာ၊ ဗုဒ္ဓသာသနာနှင့် လောကအကျိုးတို့ကို သယ်ပိုးရန်ဟူသော ရည်ရွယ်ချက်ဖြင့် Lotus Foundation အသင်းကြီးကို ပြီးခဲ့သည့်နှစ် မေလ ၈ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားပေါ်တွင် အဖွဲ့ဝင်အချို့ဖြင့် စတင်ဖွဲ့စည်းကာ၊ နောက်ပိုင်းတွင် စင်္ကာပူ၊ မလေးရှား၊ အင်္ဂလန်၊ အမေရိကန် အပါအဝင် ကမ္ဘာတဝှန်းရှိ နိုင်ငံအချို့ရောက် မြန်မာများလည်း ပါဝင်လာသဖြင့် လက်ရှိတွင် အဖွဲ့ဝင်ပေါင်း ၃ဝဝ ခန့် ရှိနေသည်။
ရန်ကုန်တိုင်း ဒလမြို့နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ် မြို့နယ်အချို့နှင့် ကျေးရွာများတွင် သောက်သုံးရေ ရှားပါးမှုများ ဖြစ်ပေါ်နေသည်။
Wednesday, May 12, 2010
အစိုးရမလှူ..ပြည်သူဖာသာ ပြည်သူ ကိုယ်ထူ ကိုယ်ထ..ရေလှူကြပါဗျ..
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment