“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, May 21, 2010

ကြက်ဆူပင်တွေချည်းပဲ လျှောက်စိုက်နေလို့မရဘူး

ဧရာဝတီ Thursday, May 20, 2010
ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူသည် ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် နာရေးကူညီမှု အသင်းကို စာရေးဆရာ၊ ဒါရိုက်တာကြီး ဦးသုခ၏ လမ်းညွှန်မှုဖြင့် ဦးစီး တည်ထောင်ခဲ့ပြီး ၂၀၀၇ ခုနှစ် မတ်လတွင် သုခကုသိုလ်ဖြစ် ဆေးခန်း တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ ၂၀၀၈ ခုနှစ်မေလက တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်း နောက်ပိုင်းတွင် မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒုက္ခသည်များကို ပြည်တွင်း၊ ပြည်ပမှ လှူဒါန်း ထောက်ပံ့မှုများယူ၍ ကူညီခဲ့သည်။ ဦးကျော်သူ သည် ယခုနှစ် ဧပြီလ အတွင်းက မြန်မာ ပြည်အတွင်း လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသူတို့ကို ပြည်ပရောက် မြန်မာများက ချီးမြှင့်သည့် ပထမအကြိမ် “ပြည်သူ့ ဂုဏ်ရည်” ဆု ရရှိခဲ့သူ ဖြစ်သည်။ ယခုနှစ်တွင် မြန်မာပြည်၌ အပူချိန် မြင့်တက်လာသောကြောင့် ရေတွင်းရေကန်များ ခန်းခြောက်ခဲ့ရာ ရေဒုက္ခ ရင်ဆိုင်နေရသည့် ပြည်သူများကိုလည်း ဦးကျော်သူ ဦးဆောင်သည့် ၎င်း အသင်းက ပြည်တွင်းပြည်ပ အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ရေကုသိုလ် ပြုလျှက်ရှိသည်။ ထို့ကြောင့် ဦးကျော်သူ ဦးဆောင်သည့် နာရေး ကူညီမှု အသင်း လက်ရှိကြုံတွေ့နေရသော အခြေအနေနှင့် အခက်အခဲများကို ဧရာဝတီ သတင်းထောက် အေးချမ်းမြေ့က မေးမြန်း၍ ဖော်ပြလိုက်ပါသည်။

မေး။ ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ရေလှူတဲ့ ရေကား တွေမှာ သူတို့ အလံတွေ ထူခိုင်း တယ်လို့ ကြားတယ်၊ ကိုကျော်သူ တို့ကော အဲဒီလို အဖြစ် မျိုးတွေ ကြုံရလား။

ဖြေ။ ။ ကျနော် တို့တော့ မသိသေးဘူး။ ဒလဘက် သွားကြတယ်။ အဲဒါ ဘာကြား မလဲတော့ မသိသေးဘူး။ ပဲခူးဘက် သွားတုန်း ကတော့ အဲဒီလို မလုပ်သေးဘူး။ ကျနော်တို့က နာရေး ကူညီမှု အသင်း (ရန်ကုန်) ဆိုတဲ့ ဗီနိုင်းချပ် ကြီးတွေ ချိတ်သွားတာ။ ကြံ့ဖွံ့အလံ ထောင်လို့လည်း မရဘူး။ ထောင်ခွင့်လည်း မပေးနိုင်ဘူး။

မေး။ ။ အခု ရန်ကုန်မှာ မိုးလည်း စရွာနေပြီဆိုတော့ ရေလှူတဲ့အလုပ် ဆက်လုပ်နေရတုန်းပဲလား။ ရေလှူတဲ့နေရာမှာ ဘယ်လို အခက်အခဲတွေ တွေ့ရလဲ။

ဖြေ။ ။ ရန်ကုန်တိုင်းထဲမှာ အကုန် သူ့ဟာနဲ့ သူတော့ ဆိုးနေကြတာပဲ။ ဟိုနေ့က ပဲခူးဘက်သွားတယ်။ နောက် ဝေါ ဘက် ၊ သက္ကလ ရွာတွေဘက် သွားတယ်။ မိုးရွာပေမယ့် ကြာကြာ ရွာတာမှ မဟုတ်တာ။ ရေလှူတဲ့ နေရာမှာလည်း အခက်အခဲတွေ ရှိတယ်။ ရေဒုက္ခသည်တွေက ကျနော်တို့ ရေသွားလှူရင်တောင်မှ သူတို့မှာ ထည့်စရာ ပုံးတို့၊ ခွက်တို့တောင် သိပ်မရှိကြဘူး။ ကျနော်ကတော့ ရေအုတ်ကန်လုပ်ဖို့ စဉ်းစားထားတယ်။ ရွာတရွာမှာ လမ်းဘယ်နှလမ်းရှိလဲ ကြည့်မယ်။ အုတ်ကန်လေး သွားပြီး လုပ်ပေးမယ်။ အဲဒီလမ်းက လူတွေ ရေကိုမျှပြီး သုံးကြပေါ့။ မိုးရွာတယ်ဆိုလည်း ဒီအုတ်ကန်က ရေခံထားပြီးသား ဖြစ်သွား တာပေါ့။ အဲဒီလို ကျနော်က စဉ်းစားနေတာ။ တချို့နယ်တွေက အ၀ီစိတွင်း တူးလို့မရတာတွေ ရှိတယ်။ တချို့ဆို ရေတွင်းတူးတာတောင်မှ ရေချိုမထွက်ဘူး။ ရေငန်ထွက်တဲ့ အပိုင်းတွေဖြစ်နေတယ်။ အဲဒီလိုဆိုတော့ နည်းနည်းတော့ အခက်အခဲ ဖြစ်တယ်။

မေး။ ။ ရေအခက်အခဲ ဖြစ်တဲ့ရွာတွေမှာ အဆိုးရွားဆုံး အနေအထား ဘယ်လောက်ထိ ရှိနေလဲ။

ဖြေ။ ။ အဲဒါကျနော် မလိုက်သွားတော့ မသိဘူး။ နာရေး အသင်းကလည်း တော်တော်သင်္ဂြိုဟ်ပေးရတာတွေ များနေတော့ ဒီဘက်ကလည်း လက်လွှတ်လို့မရဘူး။ ဟိုဘက်ကို ကျနော့် အမျိုးသမီး လိုက်သွားတယ်။ နောက်တခုက ကျနော်ပါရင် ပုံစံက တမျိုးဖြစ်လိမ့်မယ်လေ။ ရေဘေးဒုက္ခသည်တွေဆီ ရောက်သွားရင် ဌာနဆိုင်ရာက ကျော်သူပါလာတယ်ဆိုရင် တမျိုးဖြစ်သွား နိုင်တယ်။ ဒါနဲ့ ကျနော် မလိုက်တော့တာ။

ကျနော်တို့က ဝေါမြို့နယ်တို့၊ ပဲခူးဘက်တို့မှာ သွားလှူတဲ့အခါ ပဲခူးမြို့ပေါ်က ရေအလှူရှင်ရှိတယ်။ သူ့အိမ်မှာသွားပြီး ကျနော်တို့က ပိုက်ကိုတပ်၊ စက်နဲ့စုပ်ပြီး ရေပုံးတွေထဲ ထည့်တယ်။ ဂါလန် ၂၅၀၀ ထည့်ပြီး တခေါက်သွား၊ တနေ့ကို ၂ ခေါက်၊ ဂါလန် ၅၀၀၀ အနည်းဆုံး လုပ်ပေးနေတယ်။ ဒီ ရေ အလှူရှင်ကလည်း သူ့အိမ်ကရေတွင်း၊ ရေကန် လျော့တဲ့အထိတော့ ဘယ်လှူနိုင်မလဲ။ အတိုင်း အတာက ပြဿနာတက်တယ်။ ရန်ကုန်မှာတောင် ကျနော်တို့ အိမ်တွေဘက်ရေက မလာတော့ဘူး။ ဂျိုးဖြူရေကမလာတော့ဘူး။ ကျနော်တို့ အားလုံးဒုက္ခရောက်သလို၊ ပြည်သူအားလုံးလည်း ဒုက္ခ ရောက်နေကြတယ်။

အဝီစိတွင်းတူးဖို့တော့ စ စုံစမ်းခိုင်းထားတယ်။ ပဲခူးဘက်မှာတော့ တနေရာရပြီ။ အဲဒီနေရာမှာ ဘာမှမရှိဘူး ဆိုတော့ အဲဒီနေရာမှာပဲ အဝီစိတွင်း တူးပေးဖို့ရှိတယ်။ နောက် ကျနော်တို့ ဒလဘက်ကိုရေဝေဖို့ သွားရင်းနဲ့ စုံစမ်းဖို့ပြောထားတယ်။ ဒလဘက်မှာ ဘယ်သူ သြဇာအာဏာညောင်းလဲ။ ဆရာတော်ကြီးတွေဆီ ချဉ်းကပ်ပြီး၊ ဆရာတော်ကြီးတွေကနေ ဦးစီးပြီး ဘယ်အရပ် ဘယ်လမ်းမှာ ဘာလုပ်ပေးပါဆိုတဲ့ ဆရာတော်ကြီးတွေ သြ၀ါဒခံပြီးပဲ လုပ်တော့မယ်။ ဒီ့ပြင် ဘယ်အဖွဲ့အစည်း ကိုမှ သွားပြီး သြ၀ါဒလည်း မခံနိုင်ဘူး။ အလှူရှင်တွေက ကျနော်တို့ကို ယုံကြည်ပြီးလှူထားတဲ့ဟာ၊ ဒုက္ခသည်တွေ လက်ထဲကို ရောက်အောင်တော့ လုပ်ပေးရမှာပဲ။

မေး။ ။ အခုလို ရေအခက်အခဲက ခါတိုင်းနှစ်တွေလည်းဖြစ်တယ်လို့ သိရတယ်။ ဒီနှစ်နဲ့ ဘယ်လိုကွာပါသလဲ။

ဖြေ။ ။ ခါတိုင်းနှစ်က ဒီလောက်မဖြစ်ဘူး။ ၇ မိုင်ဆိုလည်း ၇ မိုင်မှာရေပြတ်သွားတာမျိုး၊ မလာတော့တာ ဒါတွေက ရှိတယ်။ ရေရှည်တော့ မဟုတ်ဘူး ခဏတဖြုတ်ဖြစ်တာ။ ဒီနှစ်က ပိုလည်းပူတော့ ပိုပြီးဆိုးကုန်တာပေါ့။ ရေကန်တွေလည်းခန်း၊ ရေတွင်းတွေလည်း ကုန် အဲဒီလိုဖြစ်ကုန်တာ။

မေး။ ။ ရေပြဿနာဖြစ်ရတဲ့ အဓိကနေရာတွေက ရေကန်နဲ့ ရေတွင်းတွေကို ပိုပြီး အားပြုသုံးနေရတဲ့နေရာတွေက ဖြစ်တာလား။

ဖြေ။ ။ တချို့နယ်တွေက အ၀ီစိတွင်းတွေမရှိဘူး။ သောက်ရေကန်ဆို သောက်ရေကန် အဲဒီက ခပ်ကြ။ ကန်ကရေ ကုန်တော့ သွားရော။ တချို့နေရာတွေဆို ကျနော် ကြားတာ ဘယ်အဖွဲ့အစည်းက ငါးမွေးမယ်ဆိုပြီး ကန်ကို သိမ်းလိုက်တယ်။ ဒီလို သိမ်းလိုက်တဲ့အတွက် ရာသီဥတု ပူတဲ့အခါကျတော့ ငါးမမွေးဖြစ်ဘူး။ အဲဒီတော့ သောက်ရေလည်း မရတော့ဘူး။ အဲဒီလိုတွေဖြစ်ကုန်တာ။

မေး။ ။ ရေ အခက်အခဲကြောင့် ရောဂါဖြစ်တာတို့၊ သေကြေပျက်စီးတာတို့ ဘယ်လောက်အထိ ဆိုးဆိုးရွားရွားဖြစ်လဲ။

ဖြေ။ ။ နယ်တွေတော့မသိဘူး။ ကျွန်တော်တို့ နာရေးကူညီမှုအသင်းဆို အပူဒဏ်ကြောင့်ဆုံးတာ တနေ့တနေ့ကို ၇၈ လောင်းလောက် အတွက်ကို လိုက်လုပ်ပေးနေရတယ်။ အရင်နှစ်တွေ တုန်းကဆို တနေ့ကို ၄၀ ကျော် ၄၅ လောင်း လောက်ပဲရှိတယ်။ အခုဆို ၇၀ ကျော် ၈၀ နီးပါး ကပ်နေပြီ။ ပိုလာတဲ့ အရေအတွက်က ရာသီဥတုကြောင့်လို့ ကျနော်တို့ တွက်လို့ရတယ်။ အရွယ်အားဖြင့် ကတော့ မျှတယ်။ အထူးသဖြင့်လူကြီးပိုင်း ပိုသေကြတယ်။ ကိုဗလ (မင်းသားသုမောင်) ဆိုလည်း အသည်းရောဂါရှိတာက ရှိတာပဲ၊ အပူဒဏ်ကြောင့် ဆိုးသွားပြီး မခံနိုင်ဘဲဆုံးတာ။ ပန်းချီ သန်းမြင့်အောင်ဆိုလည်း အပူကြောင့် ဆုံးတာပဲ။

မေး။ ။ အခြေခံ လူတန်းစားတွေကတော့ ပိုသေကြမယ်ထင်တယ်။

[ဦးကျော်သူနှင့် ပဲခူးမြို့မှ ဥပဒေ အကျိုးဆောင် ဦးအေးမြင့်တို့ ပဲခူးတိုင်းအတွင် ရေလှူဒါန်းရန်ကိစ္စ ဆွေးနွေးနေစဉ်]

ဦးကျော်သူနှင့် ပဲခူးမြို့မှ ဥပဒေ အကျိုးဆောင် ဦးအေးမြင့်တို့ ပဲခူးတိုင်းအတွင် ရေလှူဒါန်းရန်ကိစ္စ ဆွေးနွေးနေစဉ်
ဖြေ။ ။ လောလောဆယ် ဒီမှာဖြစ်တာ ကြုံရ တာကတော့ ဦးနှောက် သွေးကြော ပြတ်ပြီး ဆုံးကြတာ ကြားတယ်။ အငှားယာဉ် မောင်းတဲ့ သူတွေ၊ ဆိုက်ကား သမားတွေ ဖြစ်ကြတယ်။ ခရီးသည်တင် ယာဉ်မောင်း တယောက် ဆိုရင် ကားဂိတ် ရောက်တဲ့ အချိန်မှာ သူ ရေခဲရေ သောက်တယ်။ နောက်ကား ရှိလို့ စပယ်ရာက သွားဖို့ ပြောတဲ့ အခါ ကျတော့ ကားက မသွားဘူး။ အဲဒါနဲ့ သွားကြည့်တော့ ကားပေါ် မှာတင် အသက် ပျောက်နေတယ်။ နောက် ဆိုက်ကား ဆရာတို့ ဘာတို့ဆို ပူတော့ မျက်နှာသုတ် ပုဝါကို ရေစွတ်ပြီး ပခုံးပေါ် တင်ထားတယ်။ အဲဒါနဲ့ ဦးနှောက်ကြော ပြတ်ပြီး ဆုံးတာ။

မေး။ ။ အခုလို ကူညီတဲ့ အလုပ်တွေ လုပ်နေတဲ့ အထဲမှာ အခက်ခဲဆုံးက ဘာဖြစ်မလဲ။

ဖြေ။ ။ အခက်အခဲကတော့ နာရေးနဲ့ ပတ်သက်ရင် သင်္ဂြိုဟ်ပေးဖို့ အအေးခန်း အခက်အခဲပဲ။ အအေးခန်းငှားမယ် ဆိုလည်း အအေးခန်းမှာ အလောင်းတွေက ပြည့်လျှံနေပြီ။ နေ့လယ် ၁၂ နာရီကျော်လောက်မှ အအေးခန်းမှာ ထားခွင့်ရှိတယ်။ အားရင်တောင်မှ အလောင်းတွေက တော်တော်လေးများလို့ အနံ့အသက်လည်း မကောင်းတော့ဘူး။ ဆေးရုံအအေးခန်းတွေ ဆိုလည်း အနံ့အသက်တွေက မကောင်းဘူး။ ကျန်းမာရေးအရ ပတ်ဝန်းကျင်အတွက်လည်း မကောင်းဘူး။

ရေလှူတဲ့ အပိုင်းကတော့ အခုလောလောဆယ် အခက်အခဲမရှိသေးဘူး။ ကျနော်တို့ ဂါလန် ၂၅၀၀ ဆန့်တဲ့ ရေပုံးတွေ ၀ယ်တယ်။ ဒလဘက်က ရွာတွေကို သွားမယ်ဆို ဒလ မြို့ပေါ်က ရေအလှူရှင်ရှိတယ်။ ဒီအတိုင်း ကားနဲ့ သွားပြီး ရေအလှူရှင်အိမ်မှာ ရေထည့်ပြီး ရွာတွေကို ဝေတာပေါ့။ ဒလဘက်က ရေအလှူရှင်မရှိဘူးဆို ရန်ကုန်ကနေ သယ်ရမယ်၊ အဲဒါဆိုရင်တော့ သွားရေးလာရေး နည်းနည်းကြန့်ကြာမယ်၊ နည်းနည်းလည်းပင်ပန်းမယ်။ အဲဒါတွေတော့ ရှိတယ်။

ပဲခူးဘက်ဆိုလည်း ပဲခူးဒေသခံက ကျနော်တို့ ကို အကူအညီပေးတယ်။ လူမှုရေး သမားတွေနဲ့ လူမှုရေး စိတ်ဓာတ် ရှိတဲ့သူတွေ ကျနော်တို့နဲ့ ပူးပေါင်းပြီးတော့ သူတို့ပဲ လုပ်ပေးကြပါတယ်။

မေး။ ။ နာဂစ်တုန်းက တဦးချင်းအလှူရှင်တွေ၊ လူမှုရေး လုပ်ချင်တဲ့ စေတနာ့ဝန်ထမ်းတွေ အများကြီးပဲ ရှိခဲ့တယ်လေ။ အခု ရေလှူတဲ့ အခုအချိန်မှာကော တဦးချင်း အလှူရှင်တွေ၊ စေတနာ့ဝန်ထမ်းတွေ အများကြီးရှိလာလား။

ဖြေ။ ။ များပါတယ်။ ဒါပေမယ့် ဒီတခါ တော်တော် တင်းတင်းကျပ်ကျပ် လုပ်ရတယ်။ နာဂစ်ကနေ ကျနော်တို့ အတွေ့အကြုံ တွေ အများကြီးရခဲ့တယ်။ စေတနာ့ဝန်ထမ်းပဲဖြစ်ဖြစ်၊ ရိုးရိုးသာမန်လူပဲ ဖြစ်ဖြစ် အရေးကြီးတာ သူတို့ စိတ်ဓာတ်ပဲလေ။ နာဂစ်တုန်းကဆို နယ်တွေသွားတယ်၊ ကျနော်တို့ မလိုက်နိုင်တဲ့ နယ်တွေဆို ဒီတိုင်း လွှဲပြီး လွှတ်လိုက်ရတယ်။ အဲဒီမှာ အလှူရှင်ရဲ့အလှူငွေတွေ၊ နောက် မမြင်ဘူးတဲ့ အစားအစာ၊ မမြင်ဘူးတဲ့ အ၀တ်အထည်၊ မသုံးဘူးတဲ့ ပိုက်ဆံတွေ သုံးရတော့ စာရိတ္တ ပျက်ပြားတာတွေ မြင်ခဲ့တယ်၊ တွေ့ခဲ့တယ်။ အဲဒါကြောင့် အဲဒီလို မဖြစ်အောင် တင်းတင်းကျပ်ကျပ် ကျနော်တို့ လုပ်ထားတယ်။

မေး။ ။ ရေရှည်အတွက် ကန်တွေဆောက်မယ် လို့လည်းပြောတယ်၊ အ၀ီစိတွင်းတွေ တူးမယ်လို့လည်း ပြောတယ်။ နောက်နှစ်တွေလည်း ဒီထက် ပူချင် ပူလာနိုင်မယ့် အလားအလာတွေ ရှိနေတယ်ဆိုတော့ ကိုကျော်သူတို့ ဘယ်လောက်ထိ စီမံကိန်းချထားတာ ရှိလဲ။

ဖြေ။ ။ စီမံကိန်းက ကျနော်တို့ ချလို့မရဘူး၊ အစိုးရက လုပ်ရမှာ။ ကျနော်တို့လည်း ရေရှည် ဒီဟာကြီးကို လိုက်လုပ် မပေးနိုင်ဘူး။ နာရေးကိစ္စတို့၊ ဆေးခန်းကိစ္စတို့ ကျနော်တို့ လုပ်နေရတယ်။ နိုင်ငံတော် အနေနဲ့ တတ်သိ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး အမြန်ဆုံး ကွင်းဆင်း အကောင်အထည်ဖော်ဖို့ လိုတယ်လို့ ကျနော်မြင်တယ်။ အပင်စိုက်သင့်ရင်စိုက်၊ တလမ်းကို ရေတွင်း ဘယ်နှတွင်းတူး ဆိုတာမျိုး လုပ်ရမယ်။ ကြက်ဆူပင်တွေချည်းပဲ လျှောက်စိုက်နေလို့ မရဘူး။

ကျနော်တို့ကတော့ ကြုံရင်ကြုံသလို လုပ်ပေးနေတာပဲ။ လှိုင် မီးဘေးတုန်းက ၀ါးတရာ မီးဘေး စခန်းကိုသွားပြီး အ၀ီစိတွင်းတွေ တူးပေးရတယ်၊ အိုးခွက်တွေ၊ အ၀တ်အစားတွေ သွားလှူရတယ်။ နဂစ်ဆိုလည်း နာဂစ်အလျောက် လုပ်နေရတာပဲ။ သဘာဝ ဘေးဒဏ်ပေါ် မူတည်ပြီး ကျနော်တို့ လုပ်ပေးနိုင်သလောက်ပဲ လုပ်ပေးကြတာပါ။http://www.irrawaddy.org/bur/index.php/interview/4-interview/3188-2010-05-20-06-47-09

3 comments:

Unknown said...

သောက်သုံးရေ ရှားပါးမှုနှင့် ရင်ဆိုင် နေရသည့် ဒေသများ၌ နိုင်ငံတော် အစိုးရ၏ စီမံ ညွှန်ကြားမှုဖြင့် ဒေသ အာဏာပိုင် များ၊ ဌာနဆိုင်ရာများ၊ အစိုးရ မဟုတ်သော လူမှုရေး အဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်း၍ သောက်သုံးရေ လုံလောက်စွာ ရရှိစေရန် စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည့် သတင်းများအား ရောင်စုံဓါတ်ပုံများ နှင့် ကြည့်ပါ။

http://kyeesaytaman.blogspot.com/

Unknown said...

ကြက်ဆူပင် ဘာကြောင့်စိုက်ကြသလဲ။

Growing energy solutions

D1 Oils plc is an alternative energy crop company. We are pioneering the development of Jatropha curcas, a robust, tropical oilseed bearing tree, into a new sustainable energy crop that has the potential to replace food crops as a source of biodiesel. Jatropha is a hardy crop that is able to grow on a wide range of soils, including soils which are sub-optimal for arable agriculture. Its grain is crushed to produce inedible oil for biodiesel and meal that has the potential to be processed into a high-value, protein source for animal feed. We have an established plant science and planting programme for Jatropha, and we provide commercial technology and services to the emerging Jatropha sector, including the breeding and selection of Jatropha seeds and seedlings, the development of planting practices and husbandry methods, and the harvesting and processing of Jatropha oil and meal.

http://www.d1plc.com/

As Jatropha and other non-food oil crops are poised on the cusp of commercialization, Jatropha investors have stepped up their efforts to develop a viable source of Biodiesel, and some are already well on the road to success. However, with so many new projects coming up, and a lack of understanding of the Jatropha Curcas Plant and reliable information; lack of QPM inputs; lack of Best Agricultural Practices and expertise & poor management techniques ; many projects are only achieving mediocre results

http://www.jatrophaworld.org/

အာဇာနည် said...

နိုင်ငံတော် အစိုးရ၏ စီမံညွှန်ကြားမှုတဲ့ ဟိဟိ...
ကြက်ဆူပင် ဘာလို့ စိုက်သလဲဆိုတာထက် မေးချင်တာက Gas ရောင်းတဲ့ ငွေတွေ ဘယ်ရောက်သွားလည်းဆိုတာပါ..
ဒီ gas တွေ ဈေးပေါပေါနဲ့ မရောင်းရင်..ပြည်သူတွေ ကြက်ဆူစိုက်စရာတောင်မလိုဘူး မီးထိန်ထိန် နဲ့ ဟိုဘက်က ကောင်တွေ ကတောင် အားကျ ပြီးမျှော်နေရဦးမယ်...ရှိတဲ့ gas ကျ ရောင်း အိပ်ထဲထည့်..ကြက်ဆူ ဟန်ဆောင် အစိုက်ပြ..
တယ်ကောင်းတဲ့နအဖ..
အဲဒီကြက်ဆူဆီ ကြိတ်ပြတာ ဆီဘယ်နှစ်စက်ထွက်သလည်း..မင်းပထွေး စားဖားကြီးတွေ ရဲ့ ဗိုက်ခေါက်ကြီးကို ၀က်ဆီဖတ်လို ဆီထုတ်တာမှ ထွက်ဦးမယ်..အာဖျံကွီးတွေ လာမရိနဲ့မောင်..လေးဂွနဲံဆော်ခံရပြီး ကျေးစေတမာန် ကနေ စာကလေးကျော်ဖြစ်သွားမယ်..ဂွေးလုံအောင်ထိုင်နေ လောက်ကလေး..

 
----------------------------------------- */ /* EOT ----------------------------------------- */