“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, May 21, 2010

သူများကြွေးတိုင်း မစားနဲ့ 

ဆေးခတ်၍ ပစ္စည်းခိုးယူခံရမှုများ မကြာခဏဖြစ်ပွား တည်းခိုခန်းတွင် သတင်းထောက်တစ်ဦး ဆေးခတ်ခံရ

ဆေးခတ်၍ ပစ္စည်းခိုးယူခံရမှုများ မကြာခဏဖြစ်ပွားလာပြီး တည်းခိုခန်းသို့ လိုက်သွားသူသတင်းထောက် တစ်ဦးလည်း ဆေးခပ်၊ ပစ္စည်းခိုးယူ ခံခဲ့ရကြောင်း သိရသည်။

သတင်းထောက်တစ်ဦး ဆေးခတ်ပစ္စည်းခိုးယူခံရသည့်ဖြစ်စဉ်မှာ ၂၀၁၀ ပြည့်နှစ် မေလ ၈ ရက်နေ့တွင် တရားလို သတင်းထောက် သည် ကျောက်တံတားမြို့နယ် မဟာဗန္ဓုလ ပန်းခြံလမ်းရှိ ဟိုတယ်ဧည့်ခန်းတစ်ခု၌ စာရေးနေစဉ် လွန်ခဲ့သောတစ်လခန့်က ရင်းနှီးသူ ဗိုလ်တစ်ထောင်မြို့နယ်တွင် နေထိုင်သူဟု သိရသည့် ကိုရဲ(စုံစမ်းဆဲ) ရောက်ရှိလာကြောင်း သိရသည်။
ထိုသို့ ရောက်ရှိလာပြီး မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက် မင်္ဂလာဈေးအနီး တည်းခိုခန်းသို့ လိုက်ခဲ့ရန်ခေါ်ယူသဖြင့် လိုက်သွားခဲ့ကြောင်း၊ တည်းခိုခန်းတွင် တည်းခို နေထိုင်ခဲ့ပြီး ကိုရဲမှတရားလိုအား ဘီယာတစ်လုံးတိုက်သဖြင့် သောက်ခဲ့ကြောင်း ထို့နောက် အခန်းအတွင်း တီဗွီကြည့်နေစဉ် အိပ်ပျော်သွားကြောင်း၊ တရားလိုအိပ်ယာ မှနိုးစဉ် ကိုရဲအား မတွေ့ရှိရတော့ကြောင်း၊ တရားလိုလည်ပင်းတွင် ဆွဲထားသော ရွှေဆွဲကြိုး၊ ၀တ်ဆင်ထားသော ကျောက်စိမ်းလက်စွပ်တစ်ကွင်း၊ ရွှေဟန်းချိန်းတစ်ခု စုစုပေါင်း တန်ဖိုး ခြောက်သိန်းကျော်ဖိုး ခိုးယူခံခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။ တရားလိုသည် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ၈ ရပ်ကွက်နေ အသက် ၂၈ နှစ်ရှိ ပြည် တွင်း ဂျာနယ်တစ်ခုမှ သတင်းထောက် အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့စခန်းက (ပ)၃၇၀/၂၀၁၀ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့အတူ လှိုင်သာယာမြို့နယ် နေအသက် ၄၆ နှစ်ရှိတရားလို အမျိုးသားတစ်ဦးသည် ၂၀၁၀ ပြည့်နှစ် မေလ ၇ ရက်နေ့တွင် ပြည်မြို့မှ ရန်ကုန်သို့ မျိုးဆက်သစ်ယာဉ်လိုင်းဖြင့် စီးနင်းလိုက်ပါလာစဉ် ခုံအနီးမှ ရန်နိုင်ဆိုသူအသက် ၃၀ နှစ်ခန့် အမျိုးသားက ပူစီကိတ်ကျွေးခဲ့ ကြောင်း မင်းလှမြို့ရောက်ခါနီး ယာဉ်ရပ်နားစဉ် လက်ဖက်ရည်သောက်ဆင်းခဲ့ ကြောင်း၊ ယာဉ်စထွက်ပြီးနာရီဝက်ခန့် အကြာတွင် တရားလိုမှာ ယာဉ်ပေါ်တွင် အိပ်ပျော်သွားကြောင်းသိရသည်။

မေလ ၈ ရက်နေ့တွင် ရန်ကုန် အောင်မင်္ဂလာ အဝေးပြေးဂိတ်သို့ ရောက်ရှိချိန်တွင်ယာဉ်နောက်လိုက်မှ နှိုး၍ကြည့်ရာ ၄င်းဝတ်ဆင် ထား သော စိန်လက်စွပ်၊ ရွှေလက်စွပ်၊ စိန်တစ်ပွင့်ရွှေကြယ်သီး ငွေကြေးအချို့ စုစု ပေါင်းတန်ဖိုး ၃၇ သိန်းကျော်အား အစားတွင် အဆိပ် ခတ်၍ ပစ္စည်းခိုးယူသွားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင်၂၀၁၀ ပြည့်နှစ် မတ်လ ၅ ရက်နေ့ နံနက် ၇နာရီခွဲအချိန် တွင် မော်လမြိုင်မြို့နေ အသက် ၃၀ နှစ်ရှိ တရားလိုသည် မော်လမြိုင်-ရန်ကုန် အဝေးပြေးဝင်းဂိတ်မှ ရွှေမန်းသူ ကားဖြင့် လိုက်ပါစီးနင်းလာစဉ် ဘေးချင်းကပ်ခုံတွင် လိုက်ပါစီးနင်းလာသူ အသက် ၄၀ နှစ်ခန့်ရှိ မြင်လျှင်မှတ်မိ ရန်နိုင်ဆိုသူနှင့် တွေ့ဆုံရင်းနှီးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရင်းနှီးကာ ၄င်းထံ၌ပါလာသော ပေါင်မုန့်တစ်လုံး အား ကားပေါ်တွင်ကျွေး၍တရားလိုမှ စားခဲ့ကြောင်း၊ ဘီးလင်းမြို့ နယ် ကား ရပ်နားသည့်နေရာအရောက်၌ ကား ခေတ္တရပ်နားစဉ် လက်ဘက်ရည် အတူသောက်ကာ ကားဖြင့်ပြန်လည် လိုက်ပါလာစဉ် အိပ်ပျော်သွားခဲ့ ကြောင်း သိရသည်။

အိပ်ပျော်သွားရာမှ တောင်ဥက္က လာပမြို့နယ် ပါရမီကားဂိတ်ဝင်း အတွင်းရှိ ရွှေမန်းသူကားဂိတ်သို့ နံ နက် ၅ နာရီခန့်တွင်ရောက်စဉ် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့က နှိုးရာ သတိကောင်းစွာမရသဖြင့် သင်္ဃန်းကျွန်းဆေးရုံသို့ တက်ရောက်၍ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။ မတ်လ ၇ ရက်နေ့ ဆေးရုံမှဆင်းသည့်အခါတွင်မှ ခရီးဆောင်အိတ်အတွင်းမှ ငွေ နှင့်ရွှေထည်အချို့ မတွေ့တော့သောကြောင့် သက်ဆိုင်ရာသို့သွားရောက် တိုင်တန်းခဲ့ကြောင်း သိရသည်။http://www.news-eleven.com/index.php?option=com_content&view=article&id=3084:2010-05-17-08-32-15&catid=43:2009-11-10-07-39-09&Itemid=111

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */