“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, May 24, 2010

မီးသတင်း ( ဗမာသွေး )မှ တဆင့်ပို့ လာသဖြင့် ကျေးဇူး။

Updates ၁၁း ၀၀ မီးလောင်ရာတွင် သေဆုံးမှု ရှိပြီး အပေါ်ထပ်တွင် ပိတ်မိနေသူများ ရှိသည်ဟု သိရသည် (ရဟတ် ယာဉ် နှင့် ကယ်ရန် ကြိုးစားသော် လည်း ဆင်း လို့ မရ မီးခိုးများ ကြောင့် ၀ဲ လို့ မရ )

Updates ၁၀း၄၅ မီးလောင်ရာ သို့ သတင်း ယူသည့်  သတင်းထောက်များ အား မင်္ဂလာတောင်ညွှန့် မြို့ နယ်
မှုးမှ မောင်းထုတ်

Updates ၁၀း၃၀ မီးလောင်ရာ သို့  ရန်ကုန် တစ်မြို့ လုံးမှ မီးသတ်ကားများ လာရောက်ငြိမ်းသတ်သော်လည်း
မီး မငြိမ်းသေး


မီးစွဲလောင်နေသည့် မင်္ဂလာဈေး အဆောက်အဦ အား ဗညားဒလမ်း ရှိ အဆောက် အဦ တစ် ခု ပေါ်မှတယ်လီ ဖြင့် ဆွဲယူ ရိုက်ကူးထားစဉ် Photo : Freedom News Group

ရန်ကုန် မြို့ မအူကုန်း ရှိ မင်္ဂလာဈေး တွင် ယနေ့ မနက် ၈း၂၀ အချိန် ကတည်း က စတင်မီး
လောင်ကျွမ်း နေရာ တစ်နာရီ ကျော်ကြာသည် အထိ မီးညွန့် မကျိုးသေးပဲ ဆက်လက် လောင်
ကျွမ်းနေဖြင့် စက်ရုံလမ်း နှင့် ကန်တော်ကလေး နှင့် ရန်ကုန် မြို့ ထဲသို့ သွားသည့် ဗညားဒလ
လမ်း တို့ ကို ပိတ်ထားရသည် ဟု သတင်းရရှိသည်။

မင်္ဂလာဈေးမီးလောင်မှု တွင် ထိခိုက်ဒဏ်ရာ ရမှု များ နှင့် ပစ္စည်းလုယက်မှုများ ရှိသည် ဟု
ဈေးများဌာန မှ တာဝန် ရှိသူ တစ်ဦးကပြောသည်။မင်္ဂလားဈေး မီးလောင်ကျွမ်းမှုကြောင့်
ယုဇန ပလာဇာရှိ ဆိုင်ခန်း ပိုင်ရှင် များ အဖိုးတန် ပစ္စည်း များ ကို သယ်ဆောင်၍ အလျှင်အမြန်
ဆိုင်များ ပိတ်နေသည် ။ ကားလမ်းများ ကို မအူကုန်း လမ်း ကျယ်မှတ် တိုင်မှ စတင်ပိတ်ထားပြီး
ပလာဇာ အနောက် လမ်းမှ တစ်ဆင့် စက်ရုံး လမ်း၊ဗိုလ်မင်း ရောင်လမ်း အတိုင်း အောင်ဆန်း
ကွင်းမှ တစ်ဆင့် ရန်ကုန် မြို့ ထဲ သို့ သွား ရသည်။



မီးလောင်ရာမှ ထွက်ပေါ်လာသည့် မီးခိုးလုံးကြီးများ

ယနေ့ ဈေးစဖွင့် ချိန် တွင် မီးလောက် ကျွမ်းဖြင်း ဖြစ်ပြီး အချို့ ဆိုင်များတွင် ဈေးသူဈေးသား
များ မရောက် ရှိသေးသဖြင့် ဆိုင်ရှိ ပစ္စည်းများ သိမ်းဆည်း နိုင်ခြင်း မရှိ ဘဲ မီးလောင်မှု ထဲ ပါ
သွားသည် ဟု သတင်းရရှိသည်။ မီးလောင်နေ သည့် ဆယ်ထပ် ဈေးသစ်ကြီး ထဲ ဈေးသူဈေး
သား နှင့် ဆိုင်ရှင် များ အား ရဲ နှင့် စစ်တပ်က ပေးမ၀င် သဖြင့် ဆိုင်ရှင်များ က မိမိ တို့ ၏ ဆိုင်
ခန်းများထဲ မှ ပစ္စည်း များ အတွက် စိုးရိမ် နေကြသည်ဟု မင်္ဂလာ ဈေး တွင် အထည် ဆိုင်ဖွင့်
ထားသည့် ကို အောင်သူ က Freedom News Group သို့ ပြောသည်။

မီးငြိမ်းသတ်ရာ သို့ လာသည့် မီးသတ်ကားများသည့် မီးညွှန့် အရှိန် ရတောက်လောက်ပြီး
မိနစ် ၃၀ ခန့် ကြာမှ ရောက်လာခြင်း ဖြစ်သည် ဟု မင်္ဂလာတောင်ညွှန့် မှ ၀န်ထမ်း
တစ်ဦး ကပြောသည်။

ယခု မီးလောင် သော မင်္ဂလာ ဈေးနေရာသည် မင်္ဂလာ ဈေးသစ် နေရာဖြစ်ပြီး ရန်ကုန် စည်ပင်
၏ မြို့ တော် စည်ပင် ဘဏ်၊ ရန်ကုန် စည် ပင် ၏ ဈေးများ ဌာန ၏ ဌာန ခွဲ တစ်ခု ရှိသောနေရာ
ဖြစ်ပြီး မင်္ဂလာ ခန်းမ ၊ဘိလိယက် ကစား ၀ိုင်း များ နှင့် ညကလပ် များ ရှိသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */