“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, May 21, 2010

ရပါလိမ့်မယ် အားကြီးကြီး..

ကြံ့ဖွတ်ကျ မီးလာလည်း မဲမရပါဖူး..မီးမလာ ရေမလာတော့ နအဖရဲ့ သဘောထားအမှန် နဲ့ စေတနာ ပိုနားလည်သွားတာပေါ့။ နှစ်ပေါင်းများစွာ ညာစားနေတာ..ထပ်လိမ်မရဖူး..သဘောပေါက်

လျှပ်စစ်မီး မပေးနိုင်ခြင်းကြောင့် ရွေးကောက်ပွဲတွင် မဲမရမည်ကို နအဖ စိုးရိမ်
မိုးမခ အထောက်တော်၊ ရန်ကုန်.မေ ၂၁၊ ၂၀၁၀

အခြေအနေ ဆိုးရွားနေသော ရန်ကုန်မြို့လျှပ်စစ်ဓါတ်အား ပေးဝေမှုကြောင့် လာမည့် ရွေးကောက်ပွဲတွင် နအဖ အစိုးရက ထောက်ခံအားပေးထားသည့် ကြံ့ဖွံ့ပါတီမဲမရမည်ကို စိုးရိမ်လျက်ရှိကြောင်း နေပြည်တော်မှ လာသည့် သတင်းတရပ်အရ သိရှိရသည်။
နေပြည်တော် စွမ်းအင်ဝန်ကြီးဌါန နှင့်နီးစပ်သည့် အရာရှိတဦးက
“ရန်ကုန်မြို့ လျှပ်စစ်မီး အခြေအနေဆိုးနေတာကို အကြောင်းပြုပြီး ဗိုလ်ချုပ်မှူးကြီးက စွမ်းအင်ဝန်ကြီးအား ‘မင်းလုပ်ပုံနဲ့တော့ ရန်ကုန်မှာ ငါတို့ မဲတမဲမှတောင် ရမှာမဟုတ်ဘူး …’ လို့ ဆူတယ်” ဟုပြောသည်။
စွမ်းအင်ဝန်ကြီး အနေဖြင့် ထိုသို့အဆူခံရပြီးနောက် မုတ္တမကွေ့မှ ရန်ကုန်သို့သွယ်တန်းလျက် ရှိသည့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ အင်ဂျင်နီယာ အယောက် ၃၀ အားရာထူးချထားလိုက်သည်ဟု လည်းအဆိုပါ အရာရှိကပြောသည်။
ရန်ကုန်မြို့ လျှပ်စစ်ဓါတ်အား ပေးဝေမှု အခြေအနေမှာ ယခင်နှစ်များထက် ပိုမိုဆိုးရွားသည့် အခြေအနေသို့ ရောက်ရှိနေပြီး ၂၀၀၆ ခုနှစ် ကိန်းဂဏန်းအရ ရန်ကုန်မြို့၏ ပုံမှန်လျှပ်စစ်မီးလာသည့် အခြေအနေအတွက် လိုအပ်ချက် မဂ္ဂါဝပ် ၄၅၀ ၀န်းကျင်ရှိသည်ဟု သိရပြီး ယခု မေလတွင် ပေးဝေနိုင်သည်မှာ ၈၀ မဂ္ဂါဝပ်သာ ရှိသည်ဟု ပြည်တွင်းဂျာနယ် တစောင်တွင်ဖေါ်ပြချက်အရ သိရှိရသည်။
ထို့အတွက်ကြောင့် ပြီးခဲ့သည့် သီတင်းပတ်အတွင်း လုပ်ငန်းသုံး လျှပ်စစ်ဓါတ်အား မီတာဘောက်များအား ယာယီ ဖြတ်တောက်ခဲ့သည်။ ထိုသို့ဖြတ်တောက် ခဲ့သော်လည်း ရန်ကုန်မြို့နေထိုင်သူများ အနေဖြင့် တစ်ရက်လျင် ၆နာရီသာ ရရှိရန်သေချာသည်ဟှုလျှပ်စစ်ဌါနမှ ပြောဆိုချက် များအရသိရှိရသည်။
ရန်ကုန်မြို့တွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် ရန်ကုန်မြို့နေလူထုမှာ လျှပ်စစ်မီး အခက်အခဲသာမက သုံးရေ အခက်အခဲပါထပ်မံရင်ဆိုင် နေ ရပြီး အုပ်ချုပ်သူ အစိုးရအနေဖြင့် လျှပ်စစ်ဓါတ်အား မလုံလောက်ရခြင်း အကြောင်း အပါအ၀င် ရေပြတ်တောက်ရခြင်း စသည့်တို့ကို ရှင်းလင်းပြောဆိုခြင်း မရှိသည့် အတွက်ကြောင့်လည်း နအဖ အစိုးရအပေါ် ပိုမိုစိတ်ဆိုးနေကြသည်ကို ကြားသိနေရသည်။
ထိုသို့သော အခြေအနေဖြင့် ကြံ့ဖွံ့ပါတီကိုလူထုက ထောက်ခံမဲ ပေးမည် မဟုတ်ကြောင်း နအဖ ခေါင်းဆောင်ပိုင်းက သဘောပေါက်သည်ကို အထက်ပါ ပြောဆိုချက်အရ သိရသည်။
နအဖ၏ လျှပ်စစ်ဓါတ်အား စီမံကိန်းများမှာ စီမံကိန်း ဆောင်ရွက်စဉ်ကတည်းက တတ်ကျွမ်းသည့် ပညာရှင်များအား စီမံခန့်ခွဲခွင့် မပေးပဲ၊ စစ်ဗိုလ်ချုပ်များကသာ ဆုံးဖြတ်ချက်ချ ဆောင်ရွက်ခြင်း၊ စက်ယန္တရားများ တပ်ဆင်ဝယ်ယူရာတွင် ၀န်ကြီးနှင့် အထက်အဆင့်ရှိ နအဖ ခေါင်းဆောင်များက လာဘ်လာဘယူပြီး အရည်အသွေးမမှီသည့် စက်များဝယ်ယူလေ့ရှိခြင်း ၊ အစိုးရအနေဖြင့် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးခြင်းကို မလုပ်ကိုင်နိုင်ပါက ပြိုင်ဆိုင်မှုရှိသည့် ပုဂ္ဂလိက ကုမ္ပဏီများအား လွှဲပြောင်းလုပ်ကိုင်ခွင့် မပေးခြင်းတို့ကြောင့် နှစ်ပေါင်း ၃၊ ၄၀ ကြာ လျှပ်စစ်ဓါတ်အား မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု အကဲခတ်လေ့လာသူများ ကဝေဘန်ပြောဆိုကြသည်။
မိုးမခ မှ

3 comments:

Unknown said...

ရှမ်းပြည်နယ် (အရှေ့ပိုင်း) နယ်ခြားစောင့်တပ် ဖွင့်လှစ်ခြင်း အခမ်းအနား

http://kyeesaytaman.blogspot.com/2010/05/blog-post_21.html

Maung Maung said...

I really pity this (Myint Lwin) guy. That must be his duty. No wonder our country is in this situation. Spending people's money on these stupid propaganda. They've been doing this through out "Ma Sa La" era and didn't work. They never learn their lesson.

Unknown said...

This is the failure accusation someone who sided not with his own desire. Do believe what you believe. So do me. For me, I support strongly three main Myanmar national causes Non-disintegration of the Union, Non-disintegration of national solidarity, and Perpetuation of sovereignty who ever implemented. I spent my own money, my own knowledge and my valuable time to support what I desire to. This is my rights and freedom.

 
----------------------------------------- */ /* EOT ----------------------------------------- */