“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, May 20, 2010

ဟာသသရုပ်ဆောင် ကိုဇာဂနာ၏ မိသားစု ထောင်ဝင်စာတွေ့စဉ် နှောင့်ယှက်ခံရ

2010-05-19 RFA

မြစ်ကြီးနားထောင်မှာ အကျဉ်းကျနေတဲ့ နာမည်ကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာ ခေါ် ကိုသူရကို မိသားစုက ထောင်ဝင်စာ သွားတွေ့ ရာမှာ အနှောင့်အယှက် ခံခဲ့ရတယ်လို့ သိရပါတယ်၊

ထောင်ကို နှစ်ရက်ဆက်တိုက် သွားတွေ့ခဲ့တာ ဖြစ်ပြီး ပထမနေ့ မေလ ၁၇ ရက် ထောင်ဝင်စာ သွားတွေ့ရာမှာ ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေကို ထားရှိဆက်ဆံပုံဟာ ပိုပြီး ဆိုးတာ တွေ့ရတယ်လို့ မြစ်ကြီးနားမြို့မှာ ထောင်ဝင်စာတွေ့ဖို့ ရောက်နေတဲ့ မိသားစုဝင် မငြိမ်းက RFA ကို ပြောပြပါတယ်။

'ထောင်ကတော့ တွေ့လိုက်တာနဲ့တော့ ဒီတခေါက် ရုပ်လည်း ကောင်းကောင်းမမြင်ရဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ထောင်ပိုင်ကြီး ဦးသန်းဝင်း ကနေပြီး စည်းကမ်းချပြီး လုပ်တယ်ပေါ့၊ ကိုသူရကို တွေ့ရတာ မှုန်မှုန်မွှားမွှားပဲပေါ့၊ ခြင်ဇကာတွေထက် စိတ်တဲ့ သံဇကာ မျိုးပေါ့၊ အဲဒါမျိုးတွေ ကာထားတယ်၊ ပစ္စည်းသယ်လို့မရအောင် ထောင်ထဲကနေ ဘာပစ္စည်းမှ ထောင်ထဲကနေ ဘာပစ္စည်းမှ အထွက်မ ခံဘူးဆိုပြီးတော့ အဲလိုစည်းကမ်းမျိုးနဲ့တဲ့၊ သူတို့ကိုတော့ အထက်က သတ်မှတ်တယ်ပြောတာပဲ။ ကျမတို့ နိုင်ငံရေးမိသားစုတွေ ဆိုတာက ဘယ်လိုပဲဖြစ်ဖြစ် ၃ လမှ တခါပဲ သွားနိုင်တာ ကျမစိတ်ထဲ ဖြစ်မိတာကတော့ ရိုးရိုးလူတွေ ပေးတွေ့တာထက်စာရင် ဒီလို သံဇကာကြီး တွေကာတယ် မဖြစ်ချင်ဘူးပေါ့။'

ဒါ့အပြင် နောက်တရက် ပစ္စည်းပေးဖို့ ပြန်သွားပေးတဲ့အခါ မှာထောင်ဝင်းထဲအဝင်ဂိတ်မှာ တာဝန်ကျနေတဲ့ ဝန်ထမ်းက စစ်ဆေးနေရင်း အနှောင့်အယှက်ပေးတာလည်း ခံခဲ့ရတယ်လို့ မငြိမ်းက ဆက်ပြောပြပါတယ်။

'ကျမက မှတ်ပုံတင်မပါဘူး၊ မှတ်ပုံတင်မပါရင် ဝင်လို့မရဘူးဆိုတဲ့ ပုံစံမျိုးလုပ်တယ်၊ ဒါဆို မှတ်ပုံတင်မပါရင် မဝင်ရဘူးလားလို့ ကျမက ပြောလိုက်တော့မှ သူက အဲဒါဆို မှတ်ပုံတင်နံပါတ်ပဲ ပေးလိုက်ဆိုတော့ ကျမပေးနေတဲ့အချိန်မှာ ကောင်လေးတယောက်က ဆိုင်ကယ်ကို ပွတ်ပြီး မောင်းသွားတယ်။ နောက်တော့ အဲဒီကောင်လေးက ကျမကို ဆဲတယ်။ နောက်တော့ ကျမက ခုနစကားက ဘယ်သူ့ကိုပြော တာလဲဆိုတော့ ရုန့်ရင်းကြမ်းတမ်းတဲ့စကားပေါ့၊ တိုင်းထွာပြီး အဲလိုပြောတော့ ဘယ်သူ့ပြောတယ် ထင်လဲတဲ့။ ကျုပ်ဟာကျုပ် ပြောတာတဲ့ ခင်ဗျား ဘာကောင်မဖြစ်နေနေ ဂရုမစိုက်ဘူးတဲ့။ ဆဲတော့ ကျမတော့ ခဲနဲ့ ကောက်ပေါက်လိုက်တယ်ပေါ့၊ ခဲနဲ့ကောက်ပေါက်တော့ ကျမနားကိုလာပြီး ထိုးဖို့ လုပ်တယ်။ ထိုးဖို့လုပ်ပြီးမှ မိန်းမမို့လို့ ကြည့် နေတာတဲ့ ကောင်မတဲ့ နင့်ကို ခေါင်းကို ရိုက်ခွဲပြီးမှ ပြန်မှာတဲ့။'

သူ့ကို ဆဲဆိုကြိမ်းမောင်းပြီး နှောင့်ယှက်သူဟာ ဂိတ်ဝန်ထမ်းရဲ့ ဆွေမျိုးတော်သူလို့ သိရပါတယ်။ ဘာ့ကြောင့် အခုလို နှောင့်ယှက်ရသလဲ ဆိုတာ အသေအချာ မသိရဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အက်စ်ဘီအရာရှိတွေကို တိုင်တန်းခဲ့ရာမှာ နှောင့်ယှက်သူက ထောင်မှူးနဲ့ အက်စ်ဘီအရာရှိတွေ ရှေ့မှာ ဝန်ချ တောင်းပန်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

ကိုဇာဂနာဟာ ၂ဝဝ၈ ခုနှစ် မေလက နာဂစ် ဆိုင်ကလုံးမုန်တိုင်းကြောင့် ဒုက္ခရောက်နေတဲ့သူတွေကို ကူညီကယ်ဆယ်ရေးတွေ လုပ်ကိုင် နေရင်း အဖမ်းခံရပြီး ထောင် ဒဏ် ၅၉ နှစ် ချမှတ်ခံရသူ ဖြစ်ပါတယ်၊

အဲဒီနောက် အယူခံနဲ့ ထောင်ဒဏ် ၃၅ နှစ် လျှော့ပေါ့ပြီး ပြောင်းလဲကျခံနေရပါတယ်။ မြစ်ကြီးနားထောင်မှာ ကိုဇာဂနာအပါအဝင် နိုင်ငံရေး အကျဉ်းသား ၁ဝ ယောက်ကျော် ရှိပါတယ်။
မိုးမခ သတင်း

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */