“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, May 25, 2010

မြန်မာတွေ ဝဲပေါက်ဖို့ဘဲ ကျန်တော့တယ်

ကျွန်တော်တို့နိုင်ငံမှာ ဒီနေ့ဖြစ်နေတဲ့အပူလှိုင်းဖြစ်ပေါ်ရခြင်းရဲ့အကြောင်းရင်းကို ကောက်ချက် ချကြည့်မယ် ဆိုရင် မီးပျက်ရခြင်းဟာလည်း အချက်တစ်ချက်ဖြစ်ပါတယ်။ မီးမှန်မှန်မပေးနိုင်တော့ လူထုက မီးစက်တွေသုးံရတယ်။ ဒီတော့ မီးစက်ကထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့ တွေဟာ လေထုကို ညစ်ညမ်းစေတဲ့အပြင် အိမ်ထဲမှာမီးစက်ကို တစ်ညလုးံဖွင့်မိလို့ အသက်ဆုးံရှုးံတဲ့သာဓကတွေတောင် အများကြီး ရှိပါတယ်။ အပူလွန်ကဲရခြင်းအကြောင်း များစွာထဲက ဒီအခိုးငွေ့တွေဟာလည်း အချက်တစ်ချက်ဖြစ်ပါတယ်။

နောက်ပြီး လျှပ်စစ်မီးကိုလုံလောက်အောင် မရတဲ့အတွက် မီးသွေး၊ထင်းတို့နဲ့ ချက်ပြုတ်ရတဲ့အတွက် မြန်မာနိုင်ငံ မှာ သစ်တော ဘယ်လောက်ပြုန်းတီးရတယ်ဆိုတာ အထင်ရှားပါ။ လက်တဆုပ်စာလူတစ်စုအတွက်သာ ထုတ်ပေးနေတဲ့ဂက်(စ်)အိုးတွေကို အများပြည်သူတွေ သုးံစွဲနိုင်အောင် ထုတ်ပေးမယ်ဆိုရင် မိသားစုဘဝတွေ အဆင်ပြေသက်သာစေရုံသာမက သစ်တောပြုန်းတီးမှု၊ လေထုညစ်ညမ်းမှုတွေကို ဘယ်လောက်ကာကွယ်ပြီးသားဖြစ်မယ် ဆိုတာ သိသာထင်ရှားလှပါတယ်။
သန်း ၅၀ ပြည်သူတွေ နေ့စဉ်နှစ်ပေါင်းများစွာ ချက်ပြုတ်ဖို့သုးံစွဲနေတဲ့ ထင်း၊ မီးသွေးတွေဟာ ဘယ်အတိုင်းတာ ထိရှိမယ် ဆိုတာ မတွေးဝံ့်စရာပါ။
ရန်ကုန်မြို့မှာ ကျွန်တော်တို့တွေ့နေရတဲ့ တိုက်ကြီးတွေ ကြပ်ပြေးမြို့သစ်မှာ တွေ့ရတဲ့အ ဆောက်ဦးကြီးတွေကို ကြည့်မယ် ဆိုရင်လည်း ဒါတွေကြောင့်ဘယ်လောက်သစ်တောပြုန်း တီးရသလဲဆိုတာသိသာပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အပြင်ဈေးကွက်မှာရှိတဲ့ အုတ် ၉၀ % ကိုပုဂ္ဂလိက လုပ်ငန်းရှင်တွေက ထုတ်လုပ်တာပါ။ စက်မှု၁ ဝန်ကြီးဌာန စက်မှုကြွေမြေကဝန်ကြီး တွေအိမ်ဆောက်ဖို့လောက်ဘဲ ထုတ်ပေးနိုင်တာပါ။ ကျွန်တော်တို့နိုင်ငံမှာ အုတ်တွေကို စက်ရုံ ကြီးတွေက ထုတ်တာမဟုတ်ဘဲ အုတ်ဖုတ်ဖိုကြီးတွေနဲ့ မီးဖုတ်ထုတ်တာကြောင့် ထင်းတွေ ဘယ်လောက်ကုန်မယ်ဆိုတာ ခန့်မှန်းကြည့်မယ် ဆိုရင်လည်း ဒါတွေကြောင့် သစ်တောဘယ်လောက် ပြုန်းတီးရမယ်ဆိုတာ သိသာပါတယ်။

ထို့အပြင် အရိပ်ရအပင်ကြီးတွေ ဖြစ်တဲ့ကုက္ကို ညောင်ပင်ကြီးတွေကို မဆင်မခြင် တရုပ်ပြည်ကြီးကိုရောင်းစား တာတွေ ( DVB မှာသတင်းမှတ်တမ်းအဖြစ်ပြဘူးပါသည် )၊ နောက်ဆုးံသဲတွေကို စင်္ကာပူကို ရောင်းစားတာ တွေကို ကြည့်မယ်ဆိုရင် တစ်မတ် သန်းရွှေတို့ကြောင့် မြန်မာနိုင်ငံရဲ့ သဘာဝအရင်းမြစ်တွေ ဘယ်လောက် ပြုန်းတီးရသလဲ ဆိုတာ စဉ်းစားသာ ကြည့်ကြပါတော့။

သစ်ပင်တွေ အပင်လိုက် ခုတ်ရောင်းတယ်ဆိုမှ သစ်တောတွေ ဆိုကတော့ အားလုးံသိတဲ့ အတိုင်းပါ။ သစ်တောတွေ ခုတ်ပြီး သစ်ပင်ပြန်စိုက်သလား ဆိုတော့မဟုတ်ပြန်ဘူး။ ရူးကြောင်
ကြောင်နဲ့ကက်ကင်းဆိုပြီး ကြက်ဆူပင်တွေ တနိုင်ငံလုးံစိုက်ခိုင်းပြီး " ကြက်ဆူဆီထွက် စုကြည်တက် "ဆိုတဲ့ တဘောင်လည်း ထွက်ရော ကြက်ဆူပင်စီမံကိန်းကြီး လည်း တစခန်း ရပ်ပါရော။

ဘာဘဲလုပ်လုပ် တိုင်းပြည်တိုးတက်ရေး၊ တိုင်းသူပြည်သား သက်သာချောင်ချိရေး အတွက်မဟုတ်ဘဲ သူတို့ အကျိုးအမြတ်ကို ရှေ့ရှုပြီး လုပ်တယ်ဆိုတာ ထင်ရှားပါတယ်။ ကြက်ဆူပင်နေရာမှာသာ နှစ်ရှည်ပင်ကြီးတွေ၊ အရိပ်ရအပင်ကြီးတွေ စိုက်ခဲ့မယ်ဆိုရင် အခုချိန်မှာပြည်သူတွေ ဟာ အကျိုးမြတ်အနည်းများ တစ်ခုခုကို ခံစားနေရမှာပါ။

အပူလှိုင်းဒဏ်ခံရတာဟာ သာမန်အားဖြင့်ကြည့်ရင်တော့ သဘာဝ ဘေးအန္တရာယ်လို့ထင်ရပေမဲ့ သေချာစွာ ပြန်လည် သုးံသပ်ကြည့်မယ် ဆိုရင်တော့ လူသားတွေက ဖန်တီးတဲ့ သဘာဝဘေးအန္တရာယ်သာ ဖြစ်ပါတယ်။ သဘာဝ ဘေးအန္တရာယ်ကို တားဆီးလို့မရနိုင်ဘူးဆိုပေမဲ့ အထိခိုက် အဆုးံရှုးံနည်းအောင်တော့ ကာကွယ် တားဆီး နိုင်ပါတယ်။ တကမ္ဘာလုးံက သဘာဝ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးအတွက် စနစ်တကျ ဆောင်ရွက်နေတာ တချို့ကို ကျွန်တော်လက်လှမ်းမှီသလောက်လေးမျှဝေပါရစေ။

ဥပမာ ကမ္ဘာ့ နိုင်ငံ တွေ မှာ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီးဌာနတွေ ဖွင့်လှစ်ပြီးလုပ်ငန်း တွင်ကျယ်စွာ ဆောင်ရွက်နိုင်ဖို့ သုးံစွဲငွေ အလုံအလောက်ချမှတ်ပေးတာ၊ လောင်စာဆီချွေတာနိုင်ဖို့ လျှပ်စစ်ကား ထုတ်လုပ် တဲ့ကား company တွေကို အမြတ်ခွန်လျော့ကောက်ပေးတာ၊ နေရောင်ခြည်သုးံ လျှပ်စစ်ဓာတ်ထုတ် ဆိုလာပြားတွေ အိမ်တွေမှာ တတ်ဆင်ရင် ကုန်ကျစရိတ်အချို့ကို အစိုးရက ကျခံပေးတာမျိုး၊ လျပ်စစ်ဓါတ်အား စွဲယူအားနည်းတဲ့ မီးသီး၊ မီးချောင်းတွေ အခမဲ့ဝေငှပေးတာမျိုး၊ ရေသုးံအားချွေတာစေတဲ့ ရေပိုက်ခေါင်းတွေကို အိမ်ထောင်စုတိုင်းကို ဝေငှတာမျိုး၊ ပညာပေးအနေနဲ့ စာသင်ကျောင်းတွေမှာ ဟောပြောပွဲလုပ်တာတွေ၊ မီဒီယာကနေ ပညာပေး တာတွေ၊ ချွေတာနိုင်တဲ့နည်းလမ်း လက်ကမ်းစာစောင်တွေဝေငှတာတွေစတဲ့ နည်းပေါင်းစုံနဲ့ လုပ်ဆောင် နေကြတာ ကို အားရစွာ တွေ့နေရပါတယ်။

မြောက်ကိုရီယားကနေ မလိုအပ်တဲ့ ဒုံးကျည်တွေလည်းမဝယ်ဘူး၊ အကြောက်လွန်ပြီးလှိုင်ခေါင်းတွေလည်း မတူးဘဲနဲ့ ကုန်ကျမဲ့ပိုက်ဆံတွေကို အများပြည်သူတွေအတွက် အသုးံဝင်မဲ့နည်းပညာတွေ ၀ယ်ယူ အသုးံပြုမယ် ဆိုရင် ပြည်သူတွေ အခုလိုဒုက္ခခံစားရမှာမဟုတ်ပါဘူး။

ဥပမာ ယိုးဒယားလို မိုးတုရွာစေနိုင်တဲ့ ဒုးံပျံမျိုးတွေဝယ်ခဲ့မယ်ဆိုရင် အပူချိန်ကြောင့်ပြည်သူ တွေမသေသင့်ဘဲ မသေကြေရဘဲ စိုက်ပျိုးမွေးမြူရေးကိုလည်း ထိခိုက်မှာမဟုတ်ပါဘူး။

ခုချိန်မှာတော့ သမိုင်းတခေတ်လည်တယ် ဆိုသလိုမြန်မာတွေ ဂျပန်ခေတ်ပြန်ရောက်နေပါပြီ။
-ပိုက်ဆံတွေ တန်ဘိုးမရှိတာခြင်း၊
- အမျိုးဘာသာ သာသနာ ကို နှိပ်ကွပ်ခြင်း
- သမိုင်းအမွေအနှစ်များကို ဖျက်ဆီးခြင်း။
-အမျိုးသမီးများကို မုဒိမ်းကျင့်စော်ကားခြင်း။
-လူထုတွေ ဆင်းရဲနက်တာခြင်း၊
-ဖိနှိပ်တာခြင်း၊လွတ်လပ်မှုမရှိတာခြင်း၊
-အပြစ်မဲ့ ပြည်သူတွေကို ထင်သလို ဖမ်းဆီးနှိပ်စက်တာခြင်း
အားလုံး အတူတူပါဘဲ။

မတူတာ ကျန်နေသေးတာတခု ကတော့ မြန်မာပြည်သူတွေ ဂျပန်ခေတ်ကလို ဝဲမပေါက်သေးတာပါဘဲ။ ဒါလည်း မကြာခင် တွေ့ ရတော့မှာပါ။

လေးစားစွာဖြင့်
ရန်နောင်

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */