“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, May 25, 2010

လာဘ်လာဘအပြင် ဟောဒါကလေးပါ အဆစ်ယူ

မြို့အ၀င်ဂိတ်ကို ဆိုင်ကယ်စီး လူတစုဗုံးပစ် ရဲတစ်ဦးသေ နှစ်ဦးထိ

သျှမ်းပြည်အလယ်ပိုင်း မိုင်းကိုင်မြို့ မြောက်ဘက်ရှိ မြို့အ၀င်/အထွက်စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်စီး လူငယ်တစ်စုက လက်ပစ်ဗုံးနှင့် ပစ်ပေါက်ခဲ့သောကြောင့် ရဲတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း စုံစမ်း သိရှိရသည်။အဆိုပါဂိတ်၌ ဒုရဲအုပ်မောင်ထွေးဦးဆောင်ပြီး ရဲသားသုံးဦးနှင့်အတူ မေ ၂၂ ရက်နေ့တွင် ကင်းစောင့် နေခဲ့ကြသည်။ မွန်းလွဲပိုင်း ၂း၁၅ နာရီခန့်တွင် လူငယ် ၃ ဦးက တရုတ်မော်တော် ဆိုင်ကယ် (125CC)၂ စီး မောင်းနှင်လာပြီး ဂိတ်ရှေ့ဖြတ်သန်းစဉ် လက်ပစ်ဗုံးတစ်လုံးပစ်ပေါက်၍ ပစ္စတိုသေနတ်နှင့်လည်း ပစ်ခတ် သွားခဲ့သည်။ သေဆုံးသူမှာ ရဲဒုတပ်ကြပ်ထူးနေလင်း ဖြစ်ကြောင်း သိရှိရသည်။

မည်သူ့လက်ချက်ဖြစ်ကြောင်း မသိရှိရသေးသော်လည်း ဒေသခံမြို့သူမြို့သားများက သျှမ်းသံတော်ဆင့်ထံ ဤကဲ့သို့ ပြောကြားကြပါသည်။ “သျှမ်းသူပုန်တွေဖြစ်မယ်ထင်တယ်။ဒါမှမဟုတ်ရဲတွေရဲ့စစ်ဆေးအော်ငေါက်ဆဲဆိုခံရပြီး ပစ္စည်းတွေဆုံးရှုံးခဲ့ရတာ ကြောင့် ရဲတွေအပေါ် စိတ်နာနေတဲ့လူတွေလဲဖြစ်နိုင်တယ်”
ထိုအခင်းဖြစ်ပွားပြီးနောက်ပိုင်း လဲချား-တောင်ကြီးသို့သွားသော တောင်ဘက်ဂိတ်၊ တုံလောဝ်း-သီပေါ လားရှိုး သို့သွားသော မြောက်ဘက်ဂိတ်နှင့် အခြားဂိတ်များတွင် စစ်ဆေးရေးတင်းကြပ်ထူပြောလာကြောင်းဒေသခံတစ်ဦး ပြောကြားချက်အရ သိရှိရသည်။
http://www.mongloi.org/burmese/ မှ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */