“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, May 26, 2010

လှတယ်ဆိုပေမယ့် ကိုယ်ထိလက်ရောက် ရိုင်းတော့ဘယ် လို လုပ်မလဲ

လမ်းပြကြယ် ဦးအေးမြင့်ရဲ့ သဘောထား - ထက်ထက်မိုးဦးနဲ့ စာနယ်ဇင်းကြားက စစ်အစိုးရ စာပေစိစစ်ရေး - ဘယ်လိုလုပ် ရင်ကြားစေ့မှာလဲ
မိုးမခ
မေ ၂၅၊ ၂၀၁၀
ဦးအေးမြင့် (လမ်းပြကြယ်)နဲ့ တွေ့တဲ့အခါ လက်ရှိ ရေငတ်နေတဲ့ပြည်သူတွေကြားထဲမှာ ထက်ထက်မိုးဦး သတင်းကလည်း ‘ရေ’ ပန်းစားလှတဲ့အကြောင်းကို ပြောဖြစ်ပါသေးတယ်။ ဦးအေးမြင့်ကတော့ လူထုကြားထဲမှာ နေသူမို့ အနယ်နယ်က ပြည်သူတွေကြားမှာ မင်းသမီး သတင်းကြီးနေတာကို ပြောဆိုနေကြတယ်လို့ ပြောပါတယ်။ အဲဒါနဲ့ပဲ အဲသည်ကိစ္စကို ပြည်သူတွေဖက်က အမြင်၊ စာနယ်ဇင်းလုပ်ငန်းအပေါ် အရေးယူမှုအပေါ် အမြင်၊ ပြီးတော့ စစ်အစိုးရရဲ့ ဆင်ဆာဖြတ်တောက်မှု မဏ္ဍိုင် - စာပေစိစစ်ရေးရဲ့ ၀င်ရောက် စွက်ဖက်မှုတွေနဲ့ ပတ်သက်ပြီး မေးဖြစ်ပါတယ်။
“သရုပ်ဆောင် အနုပညာသမားတွေ အပါအ၀င် စာပေသမားတွေဟာ တိုင်းပြည်ရဲ့ အဓိက ပြယုဒ်တွေ ဖြစ်ပါတယ်။ တနည်းပြောရရင် တိုင်းပြည် တခုကို တည့်မတ်အောင် ဖြောင့်ပေးရမယ့် တာဝန် အလိုလို ရှိသူတွေ ဖြစ်ပါတယ်။ အသိုင်းအ၀ိုင်းတခုတည်းမှာ နေကြတဲ့ ညီအကို မောင်နှမတွေ ဖြစ်ပါတယ်။
နောက်တခုကတော့ ပြည်သူတွေ - ပရိသတ်တွေက စိတ်ဝင်စားတဲ့ မေးခွန်းတွေကိုပဲ စာနယ်ဇင်းသမားတွေက ကိုယ်စားပြုပြီး မေးကြတာ ဖြစ်ပါတယ်။ လူထုကြားထဲက လူပြောများတဲ့ မေးခွန်းကို သတင်းထောက်က မေးရတာ ဖြစ်သလို၊ မဖြေချင်ရင် မဖြေရုံသာ ရှိပါတယ်။ အခုလိုမျိုး ကာယကံမြောက် ကိုယ်ထိလက်ရောက် တုန့်ပြန်တဲ့အပြင် ကိုယ့်အနုပညာအသိုင်းအ၀ိုင်းအချင်းချင်းက သူတဦးကို ၀စီကံနဲ့ နှစ်ပြား တပဲလစာလောက်နဲ့လို့ ပြောလိုက်တာကျတော့ စာနယ်ဇင်းသမားတွေ၊ အနုပညာသမားတွေကိုပါ ပုတ်ခတ်သလို ဖြစ်သွားပြီ။ စာပေနဲ့ အနုပညာသမားတွေဟာ ငွေကြေးနဲ့ တိုင်းတာပြီး လုပ်နေကြသူချည်း မဟုတ်ပါဘူး။ အဲသည်လို ဆိုလိုက်တော့ အဲသည်ရဲ့ နောက်မှာ ဆင်းရဲ ချမ်းသာ အဆင့်အတန်းစုံပါဝင်တဲ့ ပရိသတ်ကိုပါ စော်ကားသလို ဖြစ်သွားပြီလို့ ပြောချင်ပါတယ်။”
အဲသည်မှာ ဦးအေးမြင့်က စစ်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှု မဏ္ဍိုင်ကြီးဖြစ်တဲ့ စာပေစိစစ်ရေးက ၀င်ရောက်စွက်ဖက်တာကို ဆက်လက် ဝေဖန်ပါတယ်။
“အခုကိစ္စကို စာပေစိစစ်ရေးက ကြားဝင်ပြီး စွက်ဖက်လိုက်ပုံက သာမန်ရုပ်ရှင်မင်းသမီးဖက်ကနေ စစ်အာဏာပိုင်တွေက အာဏာတွေ ပါဝါတွေ သုံးပြီး အကာအကွယ် ၀င်ပေးလိုက်သလို ဖြစ်သွားပါတယ်။ နိုင်ငံတော် အာဏာကို ဆုပ်ကိုင်ထားသူတွေက အခုလို ဘာမဟုတ်တဲ့ ကိစ္စလေးကိုတောင် (သာမန်မင်းသမီးနဲ့ စာနယ်ဇင်းသမားတို့ ပဋိပက္ခ) အာဏာသုံးတယ် ဆိုတာက စစ်အာဏာပိုင်တွေရဲ့ ဂုဏ်သိက္ခာကို ထက်ထက်မိုးဦးပေတံနဲ့ တိုင်းကြရမှလား လို့ မေးခွန်းထုတ်စရာ ဖြစ်သွားပါတယ်။
အလွန်ကြီးကျယ်ပြီး အရေးကြီးတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့၊ ရင်ကြားစေ့ရေးတို့ စတဲ့ မြန်မာပြည်ဒီမိုကရေစီအရေးကိစ္စတွေကို ဆောင်ရွက်နေပါတယ် ဆိုတဲ့ နအဖ အစိုးရကြီးတရပ်အတွက် တမျှော်တခေါ်စဉ်းစားတတ်မယ်ဆိုရင် သည်လိုမျိုး သာမန်ရုပ်ရှင်မင်းသမီးဖက်ကို လိုက်ပြီးတော့ ကိုယ်ရံတော်တပ်မှုးလေး လုပ်ချင်တဲ့ အပြုအမူကလေးက ရှက်တတ်မယ်ဆိုရင် ရှက်စရာကောင်းတဲ့ အဖြစ်ပါပဲ လို့ ပြောချင်ပါတယ်။”
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */