လူတွေအထင်ကြီးတဲ့ရွှေမင်းသမီးက 7days News ဂျာနယ်မှ ဂျာနယ် လစ် မိန်းကလေးတစ်ဦးကို ကိုယ်ထိလက်ရောက်စော်ကားခြင်း
၁၉.၅.၂၀၁၀ ဗုဒ္ဓဟူးနေ့ ညနေတွင် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင်ကျင်းပသော Johnson n Johnson ကုန် ပစ္စည်းသစ်မိတ်ဆက်ပွဲ တွင် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီထက်ထက်မိုးဦး မှ 7Days New ဂျာနယ်မှ ဂျာ နယ်လစ် မိန်းက လေးတစ်ဦး၏ ဆံပင်ကိုဆွဲကာ ပါးကိုရိုက်ပြီး ကိုယ်ထိလက်ရောက် စော်ကားခဲ့သည်ဟု ခိုင်လုံတိ ကျသေချာသော သတင်း ရပ်ကွက်မှ သတင်းရရှိပါသည်။
၁၉.၅.၂၀၁၀ ဗုဒ္ဓဟူးနေ့ ညနေတွင် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင်ကျင်းပသော Johnson n Johnson ကုန် ပစ္စည်းသစ်မိတ်ဆက်ပွဲ တွင် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီထက်ထက်မိုးဦး မှ 7Days New ဂျာနယ်မှ ဂျာ နယ်လစ် မိန်းက လေးတစ်ဦး၏ ဆံပင်ကိုဆွဲကာ ပါးကိုရိုက်ပြီး ကိုယ်ထိလက်ရောက် စော်ကားခဲ့သည်ဟု ခိုင်လုံတိ ကျသေချာသော သတင်း ရပ်ကွက်မှ သတင်းရရှိပါသည်။


ယခုကဲ့သို့ မင်းမဲ့စရိုက်ဆန်ဆန်ပြုမူခြင်းများသည် မြန်မာနိုင်ငံတွင် နအဖ စစ်အစိုးရ၏ ဆွေမျိုးများနှင့် ပိုက်ဆံ ရှိအသိုင်း အ၀ိုင်းများကြား တွင် အတော်ခေတ်စားနေပါသည်။ ထို့အပြင် မီဒီ ယာ ဘက်မှသာအမြဲရပ်တည်မည်ဟု ကြွေးကြော်ထားသော ဆရာကြီးများအနေနှင့် မီဒီယာဘက်မှ ရပ်တည် မည်လား..? ရွှေမင်းသမီးဘက်မှ ရပ် တည်မည်လားဆိုသည်ကိုတော့ မြန်မာနိုင်ငံ၏ လွန်စွာမှ မှန်ကန်တိကျ သေချာသော၊ လူ့အခွင့်အရေးကို လေး စားမှုအပြည့်အ၀ရှိသော တရားဥပဒေပိတ်ကား ပေါ်တွင်ဆက်လက် ရှုစားကြပါလို့ …………….
ပေးပို့လာသူ။ မာဃ၀ိဇ္ဇာ
http://kamikaze-2010.blogspot.com/
ဗျူးတိုင်းမကောင်း..အမေးမကောင်းရင်..လက်ဝါးတောင်းသလို..
မှတ်ချက်။
ရွှေမင်းသမီးလည်း ဘာစားလို့ လည်းဗျာ။ ပြည်သူက ကြွေးတဲ့ မေတ္တာစားရတဲ့သူဘဲ။. ပြည်သူကိုစော်ကား ဒီလိုလူပါးဝရင် ပြည်သူက မကြည့်နဲ့  ပေါ့။ သူ့ ဖာသာသူ ဂျောင်းသွားပါလိမ့်မယ်။ အရွယ်လည်း လွန်နေပါပြီ။ ဘယ်လောက် လည်းရှာစားနိုင်တော့မှာလည်း။ ဘယ်လောက်လည်း လူပါးဝနိုင်တော့မှာလည်း။ သူထက် လှတဲ့သူတွေ ပိုစန်းရှိတဲ့သူတွေ တပုံကြီးပါ။
တခြားသူတွေ အလှည့်ပေးရမဲ့အချိန်လည်းရောက်နေပါပြီ။
မင်းသမီးဆိုတာ..အင်တာဗျုးနဲ့  မေးမှာကြောက်ရင် အစကတဲက အပြင်မထွက်နဲ့ ပေါ့။ မေးတဲ့သူကတော့ မေးမှာဘဲ။ နာမည်ကျော်ကြား ရင် ပြည်သူက စိတ်ဝင်စားတာဘဲ။ ကောင်းတာလုပ်လုပ် ဆိုးတာလုပ်လုပ် မေးမှာပေါ့။ ကိုယ့်ဖာသာကိုယ် မကောင်းတာ လုပ်လို့  မလုံရင် အင်တာဗျူးလက်မခံနဲ့ လေ။ မေးတာ မဖြေရင် လည်း. ဖြေရခက်လည်း. ဆင်ဝှေ့ရန်ရှောင် ချစ်မွှေး ပါအောင်လုပ်ပေါ့။
အခုဟာက..ဆပ်ကော့လပ်ကော့ အင်တာဗျုးလည်း လုပ်ချင်ပြီး လက်ခံသေး။. အမေးခံရတဲ့မေးခွန်းလည်း စိတ်က ဆိုးသေး။ မေးသူကို လူရှေ့ မရှောင် ပါးကရိုက်သေး။ ဒါတော့ လွဲနေပြီ။
ဂျာနယ်လစ် ကောင်မလေးအနေနဲ့  မြန်မာ့ ရုပ်ရှင်အစည်းအရုံး ကိုသာမက..မြန်မာ့ စာနယ်ဇင်း အစည်းအရုံး ကို ပါ တိုင်သင့်တယ်။
ရှေ့နေ ငှားပြီးလည်း ပြန်တရားစွဲသင့်တယ်။ ဂျာနယ်လစ်ဆိုတာ မေးချင်ရာမေးဖို့  ဂျာနယ်လစ် လုပ်နေတာ။ မေးမှာပေါ့။
မေးတာ မဖြေရင် အမေးခံရသူတွေ စကားဖြတ် ထွက်ပြေးပေါ့ဗျ။ ဒီလိုဘဲ ထက်ထက်မိုးဦးလို မြန်မာပြည်က မင်းသမီးမပြောနဲ့  ဟောလီးဝုဒ်က မင်းသမီးတွေတောင် မေးတာမဖြေချင်..မျက်နှာဖုံးပြီး ကာပြီး ထွက်ပြေး တာဘဲ။ အလိမ်မာထားမှ ပေါ့ ပြည်သူနဲ့ လုပ်စားချင်ရင်။ ဒီလို ပက်ပက်စက်စက် လူလည်ခေါင် လင်လုဖက်တွေလို ဆံပင်ဆွဲ ပါးရိုက်တာတော့ ကြားဖူုးပေါင်ဗျာ။ ဒီလိုသာ လုပ်ရင် အလုပ်ခံရသူက တရားစွဲတာနဲ့  ဒီမင်းသမီး ရှာတာ ရော်ဖို့ တောင်မလောက်ဖူး။
ဒါပေမဲ့ ကျီးမည်း တွေတော့ ရှိတယ်ဗျို့  ။ ပုံ ကိုကြည့်။ Britney spears တုန်းကတော့ ထီးနဲ့ ဓါတ်ပုံရိုက်တဲ့သူကို ပြန်ချနေတာ။


ထက်ထက်မိုးဦး..ကောင်မလေးကို ပါးရိုက်နေတဲ့ ဓါတ်ပုံရိုက်ထားမိသူတွေ..ကောင်မလေးမျက်နှာခန္ဓာပေါ်က ဒဏ်ရာ အစင်းရာတွေ ဓါတ်ပုံရိုက်ပြီး.မီဒီယာတွေ ကို ဖြန့် ချလိုက်ပေါ့။ ဒါမှ လူတွေ က ဒီမင်းသမီး စွာတာ လူပါးဝတာ ပို သိတာပေါ့။
စာရေးစရာမလို စကားပြောစရာမလို။။ ဓါတ်ပုံ တပုံဘဲ လိုတယ်။
အနုပညာသမား..မှားတဲ့ အခါ ပြည်သူက ကြဉ်ရင် ဘာခံနိုင်သလည်း. မင်းမော်ကွန်း တက်တိုး ထိုးကွင်းမှင်ကြောင် နဲ့ ကိုယ်ရင်ဝတ် ဓါတ်ပုံတုန်းက ဖြစ်တာကို မှတ်မိတယ်မဟုတ်လား။ ပြီးတော့ ပြည်သူကို မင်းမော်ကွန်း ပြန်ပြီး တောင်းပန်လိုက်ရတာသာကြည့်။
နာမည်ကြီးရွှေမင်းသမီး ဘာညာ အလကား..
လူရှေ့  သူရှေ့  သူတပါးကို ပါးချရဲရင်..ဒါ အောက်တန်းကျတာဘဲ။ လမ်းဘေးက ငါးစိမ်းသည် အဆင့်ဘဲရှိတယ်။ သပိတ်မှောက်ပေါ့ ရှင်းနေတာပါဘဲ။
သူဘာမို့ တုန်းဗျာ...လုပ်ရဲရင် လုပ်ကြည့်ပေါ့. ဂျာနယ်လစ်ကောင်မလေး လူလည်ခေါင်အရှက်ကွဲတာတော့ ၀မ်း နည်းမိပါတယ် ခင်ဗျာ.
0 comments:
Post a Comment