“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, August 09, 2008

တယ်လည်းဆန်းတဲ့ ဥပဒေ

အမဲရောင်ပါတဲ့ အဝတ်အစား ဝတ်တဲ့ ကျောင်းသား ကျောင်းမတက်ရ ပါတဲ့ဗျား.။ လုပ်ချပြန်ပြီ တမျိုး..ပညာရှိတွေက သူခိုးကို ခစားနေရတာဆိုးတယ်။ ပါချုပ် စင်စစ်..ပုတ်သင် ဖြစ်နေတာက ဆိုးတယ်.

ဒဂုံတက္ကသိုလ်

ဒဂုံတက္ကသိုလ်တွင် အနက်ရောင် ၀တ်ဆင်ခြင်း မပြုရန်နှင့် ကျောင်းသားကဒ်ကို ရင်ဘတ်တွင် ချိတ်ဆွဲထားမှ ကျောင်းဆောင်များအတွင်း ပေးဝင်မည်ဟု ထုတ်ပြန်ကြေညာချက်အပေါ် ကျောင်းသားများက ဒုပါ မောက္ခချုပ်နှင့် ပညာရေးဝန်ကြီးထံ ဇူလိုင် ၂၈ ရက်စွဲဖြင့် ကန့်ကွက်စာ ပေးပို့ထားသည်။ မြန်မာ့ရိုးရာ အ၀တ် အစားဖြစ်သော ယောလုံချည်၊ ယောထဘီတို့ကို အနက်ရောင် ပါသည့်အတွက် ၀တ်ဆင်ခြင်း မပြုရဟူသော စည်းကမ်းချက်မှာ လက်ခံနိုင်စရာ မရှိကြောင်း စာတွင် ကန့်ကွက်ထားသည်။

ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်းနှင့် ဒုပါမောက္ခချုပ် ဦးဆန်းတို့ထံမှ ကျောင်းသားများထံ အကြောင်း ပြန်ကြားချက် မရှိသေးပါ။ စာမှာ အောက်ပါအတိုင်း ဖြစ်သည်။

သို့  -

ဒေါက်တာချမ်းငြိမ်း
ပညာရေးဝန်ကြီး
မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန။

ဦးဆန်း
ဒု-ပါမောက္ခချုပ်
ဒဂုံတက္ကသိုလ်။
ရက်စွဲ။ ။ ၂၈၊ ၀၇၊ ၂၀၀၈။

အကြောင်းအရာ။ ။ ကျောင်းဝင်းအတွင်း မလိုလားအပ်သော စည်းကမ်းများအား အတင်းအကျပ် လိုက်နာခိုင်း နေ ခြင်းများအား တားဆီးပါယ်ဖျက်ပေးပါရန် တင်ပြခြင်း။

အထက်အကြောင်းအရာပါကိစ္စနှင့် ပတ်သက်၍ကျောင်းဝင်းအတွင်း ကျောင်းသားကဒ် မချိတ်ပါက “နောက် နောင် ကျောင်းသားကဒ်ချိတ်ပါမည်၊ ပါမောက္ခမှ ခေါ်ယူဆုံးမပြီးဖြစ်ပါ သည်ဟု ကိုယ်တိုင်ရေးသား ခံဝန် လက်မှတ်ရေးထိုးခိုင်းခြင်း၊ အကယ်၍့ ကျောင်းသားကဒ် မချိတ်ဆွဲပါက အဆောင်ထဲသို့  ပေးမ၀င်ခြင်း။

၎င်းအပြင် ကျောင်းအတွင်း အနက်ရောင်ပါသောအ၀တ်အစား မ၀တ်ရဟု စည်းကမ်းထုတ်ခြင်း၊ အကယ်၍ ၀တ် ဆင်မိပါက ကျောင်းအ တွင်းသို့ ပေးဝင်သော်လည်း အဆောင်အတွင်း ပေးမ၀င်ဘဲ စာသင်ယူခွင့်ကို ပိတ်ပင် တားဖြစ်နေခြင်း
စသည့် စည်းကမ်းချက်များသည် ကျွန်တော်တို့  တက္ကသိုလ်ကျောင်းသားများအတွက် မလိုလားအပ်သော စည်းကမ်းချက်များ ဖြစ်သည် ဟု ကျွန်တော်တို့ အနေဖြင့် သုံးသပ်မိပါသည်။

သရုပ်ပျက်အ၀တ်အစားများ ၀တ်ဆင်ခြင်း မပြုရဆိုသည့် စည်းကမ်းကို ကျောင်းသားအများစုမှ လက်ခံ နိုင် ဘွယ်ရာရှိသော်လည်း မြန်မာ့ ရိုးရာဝတ်စုံဖြစ်သော ယောလုံချည်၊ ယောထဘီတို့ကို အနက်ရောင်ပါသည့် အ တွက် ၀တ်ဆင်ခြင်းမပြုရဟု ဆိုသော အချက်မှာလည်း လက်ခံနိုင်စရာ မရှိပါ။

ထို့ အပြင် အဆိုပါစည်းကမ်းချက်များသည် အေးချမ်းစွာ ပညာသင်ကြားလိုသော ကျောင်းသားများအား မကျေ မနပ်ဖြစ်စေခြင်းမှတဖန် ဆရာနှင့် တပည့်များအကြား မလိုလား အပ်သော တင်းမာမှုများ ဖြစ်ပေါ်လာနိုင် သည်ဟု ထင်မြင်မိပါသည်။

ထို့ အတွက် တက္ကသိုလ်အဆင့် တွင် ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများအတွက် အဆိုပါ စည်းကမ်း ချက်များမှာ မလိုလား အပ်သော စည်းကမ်းများ ဖြစ်နေပြီး၊ ကျောင်းသားများအတွက် လွတ်လပ်စွာ ၀တ်စားဆင်ယင်ပိုင်ခွင့်ကို ထိပါးနေခြင်းနှင့် ကျောင်းအတွင်း ကျောင်းသားကဒ် မချိတ်ပါက အဆောင်တွင်း ဝင်ပြီး ၊ ပညာသင်ယူခွင့် ပိတ်ပင်ခံရမည် ဆိုသည့် စည်းကမ်းသည်လည်း တက္ကသိုလ်အဆင့် တွင် ပညာ သင် ကြားနေသော ကျောင်းသားများအတွက် ကျောင်းဝင်းအတွင်း လွတ်လပ်စွာ ပညာသင်ယူပိုင်ခွင့်နှင့် လွတ် လပ်စွာ သွားလာပိုင်ခွင့် ကို ထိခိုက်နေပါသဖြင့် ထိုသို့ အတင်းအကျပ်ပြုလုပ်ပြီး မလိုက်နာမနေရ စည်း ကမ်း များချမှတ်နေခြင်းကို လာမည့် ကျောင်းသီတင်းပတ်အတွင်း အမြန်ဆုံး တားဆီးပယ်ဖျက်ပေးပါရန် တောင်းဆို အပ်ပါသည်။

ဒဂုံတက္ကသိုလ်ကျောင်းသား/ကျောင်းသူများ
http://www.hittaing.org/news/

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */