နအဖရဲ့ ရုပ်သေးဝန်ကြီးချုပ် (၃) ရုပ်
ဗိုလ်ထက်မင်း
http://www.khitpyaing.org/articles/august_08/25-8-08_bohtetmin.php မှ
မြန်မာနိုင်ငံမှာ ၀န်ကြီးဌာနတွေဟာ အကြီးအကျယ် လာဘ်စားမှုတွေနဲ့ အဘက်ဘက်က ယိုယွင်း ပျက်စီး နေပြီးတော့ စီမံကိန်းတွေလည်း မအောင်မြင်ကြတာကို တွေ့နေရပါတယ်။ ၀န်ကြီးဌာနတွေရဲ့ အချုပ်ြဖစ်တဲ့ ၀န် ကြီးချူပ်ဆိုသူတွေဟာလည်း ဗိုလ်သန်းရွှေ ကြိုးဆွဲရာ ကနေရတဲ့ ရုပ်သေး ရုပ်တွေဖြစ်နေပြီး တိုင်းပြည်ကောင်းရာ ကောင်းကြောင်းကို မလုပ်နိုင်ခဲ့ကြတာတွေ့ရပါတယ်။
ဗိုလ်ထက်မင်း
http://www.khitpyaing.org/articles/august_08/25-8-08_bohtetmin.php မှ
မြန်မာနိုင်ငံမှာ ၀န်ကြီးဌာနတွေဟာ အကြီးအကျယ် လာဘ်စားမှုတွေနဲ့ အဘက်ဘက်က ယိုယွင်း ပျက်စီး နေပြီးတော့ စီမံကိန်းတွေလည်း မအောင်မြင်ကြတာကို တွေ့နေရပါတယ်။ ၀န်ကြီးဌာနတွေရဲ့ အချုပ်ြဖစ်တဲ့ ၀န် ကြီးချူပ်ဆိုသူတွေဟာလည်း ဗိုလ်သန်းရွှေ ကြိုးဆွဲရာ ကနေရတဲ့ ရုပ်သေး ရုပ်တွေဖြစ်နေပြီး တိုင်းပြည်ကောင်းရာ ကောင်းကြောင်းကို မလုပ်နိုင်ခဲ့ကြတာတွေ့ရပါတယ်။
၂၀၀၃ ခုနှစ် မေလမှာ ဒီပဲယင်း အရေးအခင်းကြောင့် ဗိုလ်သန်းရွှေဟာ နိုင်ငံရေးအကျပ်အတည်းနဲ့ ကြုံတွေ့နေ ခဲ့ရပါတယ်။ အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပခါနီး ဖြစ်တာမို့ ဂျပန်နိုင်ငံ အပါအ၀င် အိမ်နီးချင်း အာဆီ ယံနိုင်ငံများက ဒီပဲယင်းကိစ္စကို မေးမြန်းတော့မှာဖြစ်လို့ ထိပ်တိုက်တွေ့မယ့် အနေအထားရှိနေပါတယ်။ ဗိုလ်သန်းရွှေဟာ နိုင်ငံရေးကစားကွက်ရွှေ့လိုက်ပြီး ဗိုလ်ခင်ညွန့် ကို ၀န်ကြီးချုပ်ရာထူး တိုးမြှင့်ပေးလိုက်ပါတယ်။
ဗိုလ်ခင်ညွန့်က ၀န်ကြီးချုပ် ရာထူးယူမယ်ဆိုရင် သူ့ရဲ့ အနေအထား ပျက်ယွင်းမှာ၊ ထိခိုက်သွားမှာ စိုးရိမ်ပြီး တောင်းဆိုချက်များ ရှိခဲ့တယ်လို့ သိရှိရပါတယ်။ တပ်မတော်ထောက်လှမ်းရေး ညွှန်ကြား ရေးမှူးရုံးအဖြစ်မှ တပ်မတော်ထောက်လှမ်းရေးမှူးချုပ်ရုံးသို့ ဖွဲ့စည်းပုံအသစ်ဖြင့် တိုးချဲ့ဖွဲ့စည်းခွင့်နဲ့ ၀န်ကြီးချုပ်ကို ၎င်းရုံးအား တွဲဖက်ကိုင်တွယ်ခွင့် တောင်းဆိုခဲ့ပါတယ်။
ဗိုလ်ခင်ညွန့်က ၀န်ကြီးချုပ် ရာထူးယူမယ်ဆိုရင် သူ့ရဲ့ အနေအထား ပျက်ယွင်းမှာ၊ ထိခိုက်သွားမှာ စိုးရိမ်ပြီး တောင်းဆိုချက်များ ရှိခဲ့တယ်လို့ သိရှိရပါတယ်။ တပ်မတော်ထောက်လှမ်းရေး ညွှန်ကြား ရေးမှူးရုံးအဖြစ်မှ တပ်မတော်ထောက်လှမ်းရေးမှူးချုပ်ရုံးသို့ ဖွဲ့စည်းပုံအသစ်ဖြင့် တိုးချဲ့ဖွဲ့စည်းခွင့်နဲ့ ၀န်ကြီးချုပ်ကို ၎င်းရုံးအား တွဲဖက်ကိုင်တွယ်ခွင့် တောင်းဆိုခဲ့ပါတယ်။
ဒီနေရာမှာ ဗိုလ်ခင်ညွန့်ရဲ့ တပည့်များဖြစ်ကြတဲ့ ဗိုလ်မှူးချုပ်ကျော်သိန်းအပါအ၀င် ထောက်လှမ်းရေး အရာရှိ များကို ဖွဲ့စည်းပုံအသစ်ဖြစ်တဲ့ တပ်မတော်ထောက်လှမ်းရေးမှူးချုပ်ရုံးသို့ ပြန်လည် ခေါ်ယူသွားမှာဖြစ်ပြီး သူတို့ရဲ့ မဟာဗျူဟာ လေ့လာရေးဌာနကြီးကိုတော့ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် လက်အောက်သို့ ပြောင်းလဲ ထား ရှိမယ့် အစီအစဉ်ဖြစ်ပါတယ်။ ဒါကြောင့် ဒီအစီအစဉ်ကို ဗိုလ်မောင်အေးက အပြင်းအထန် ဆန့်ကျင် ခဲ့ပါတယ်။
နိုင်ငံတကာရှိ မည်သည့်စစ်တပ်ဖွဲ့စည်းပုံ (War Establishment) မဆို ၀န်ကြီးချုပ်နဲ့ ထောက်လှမ်း ရေး တွဲ ကိုင်ထားတာမျိုးမရှိကြောင်း ထောက်ပြကာ အထက်ပါပြောင်းလဲမည့် အစီအစဉ်အား ဗိုလ်မောင်အေးက ဆန့် ကျင်ခဲ့ခြင်း ဖြစ်ပါတယ်။
ဗိုလ်သန်းရွှေကသူ့ရဲ့ ထွက်ပေါက်အတွက် ဗိုလ်ခင်ညွန့်ရဲ့ တောင်းဆိုချက်တွေကို လိုက်လျောပေး ခဲ့ပြီး နောက်ထပ်တောင်းဆိုမှုတခုဖြစ်တဲ့ လမ်းပြမြေပုံ (၇) ချက် ချပြရေးကိုလည်း ခွင့်ပြုပေးခဲ့ပြန်ပါတယ်။ ရုတ်တ ရက်ကြည့်ပါက ဟန်ကျသလို ရှိပေမယ့် မကြာခင် ရုပ်သေးဝန်ကြီးချုပ်ဖြစ်လာပြီ ဆိုတာဗိုလ်ခင်ညွန့်ဟာ ရိပ်မိ လာပါတယ်။
ဘာလို့လဲဆိုတော့ အသစ်ခန့်လိုက်တဲ့ အတွင်းရေးမှူး (၁) ဗိုလ်စိုးဝင်း၊ အတွင်းရေးမှူး (၂) ဗိုလ်သိန်း စိန်တို့ (၂) ဦးနှင့်အတူ ၀န်ကြီးဌာနတွေကို ကွင်းဆင်းလှည့်လည်ကြည့်ရှု စစ်ဆေးခိုင်းလို့ပဲ ဖြစ်ပါ တယ်။ ဒါကြောင့် ဗိုလ်ခင် ညွန့်က အစိုးရအဖွဲ့ အစည်းအဝေးတခုမှာ သူ့ဝန်ကြီးတွေကို “အစည်းအဝေး (၂) ကြိမ်၊ (၃) ကြိမ် လုပ်ပြီးရင် မင်းကိုပဲ ဆက်လွှဲပေးမှာပါလို့” တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီး က သူ့ကိုနှစ်သိမ့်စကားပြောခဲ့ကြောင်း ညီးတွားပြော ဆိုခဲ့ပါတယ်။ သဘောကတော့ တိုင်းပြည်အုပ် ချုပ်ရေးအပိုင်းမှာ ဗိုလ်ခင်ညွန့်ကို လုပ်ပိုင်ခွင့် အပြည့်ပေး တော့ မယ်လို့ ဗိုလ်ချုပ်မှူးကြီးပြောတာကို ဗိုလ်ခင်ညွန့်က မယုံကြည်တဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။
ထို့နောက် ဒုတိယမြောက် ၀န်ကြီးချုပ်ဖြစ်လာတဲ့ ဗိုလ်စိုးဝင်း ကျတော့ မလေးရှားနိုင်ငံ အာဆီယံ ထိပ်သီးအ စည်းအဝေးမှာ မလေးရှား နိုင်ငံခြားရေးဝန်ကြီးအား မြန်မာနိုင်ငံကိုလည်ပတ်ဖို့ ဖိတ်ကြား ခဲ့ပါတယ်။ မြန်မာပြည် ပြန်ရောက်တော့ ဗိုလ်သန်းရွှေက ဒီလိုဖိတ်ကြားခဲ့တာကို ဆူပူကြိမ်းမောင်း တာမို့ မလေးရှားနိုင်ငံခြားရေး ၀န် ကြီးခမျာ မြန်မာနိုင်ငံဝင်မယ့်အရေး ဆန့်ငင် ဆန့်ငင်ဖြစ်နေလို့ အာဆီယံမှာ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ အ တုံးလိုက် အတစ်လိုက် ကျဆင်း သွားခဲ့ရပါတယ်။
ဒီလို ဗိုလ်သန်းရွှေရဲ့ မတရားကြိုးကိုင်ဝင်ရောက်စွက်ဖက်မှုတွေကြောင့် လက်ရှိ ၀န်ကြီးချုပ်ရာထူး ရတဲ့သူ တွေဟာ နိုင်ငံတကာမှာ မျက်နှာပျက်ရမယ့်ကိန်း ဆိုက်နေပါတယ်။ နောက်ပိုင်း ၀န်ကြီးချုပ် တွေဖြစ်လာတဲ့ ဗိုလ်စိုးဝင်းနဲ့ ဗိုလ်သိန်းစိန်တို့အနေနဲ့ မူလက တွဲကိုင်ထားတဲ့ လေကြောင်းရန် ကာကွယ်ရေးအရာရှိချုပ်နဲ့ စစ် ရေးချုပ် အကြီးအကဲရာထူးများကို ဆက်လက်ကိုင်တွယ်ဖို့ ဗိုလ်ခင်ညွန့် လို အခွင့်အရေး မရတော့ဘဲ နောက် တက်လာတဲ့ အရာရှိများကိုသာ လွှဲပြောင်းပေးလိုက်ရတာ ကြောင့် တပ်မဲ့ဗိုလ်ဘ၀နဲ့ ၀န်ကြီးချုပ် ရုံးအဖွဲ့ကိုသာ မှီခိုနေရပါတော့တယ်။
တတိယမြောက် ၀န်ကြီးချုပ် ဖြစ်လာတဲ့ ဗိုလ်သိန်းစိန်ကတော့ နအဖရဲ့ သြဇာအာဏာ စီနီယာ အဆင့် အလိုက် မှာ ယခင်ဗိုလ်ခင်ညွန့်လက်ထက်က ၀န်ကြီးချုပ်အဆင့်ဆိုရင် နံပါတ် (၂) နေရာမှာ ရှိနေရာက သူ့အ လှည့် ကျတော့ ဗိုလ်မောင်အေးနဲ့ ဗိုလ်ရွှေမန်းရှိနေကြတဲ့အတွက် အလိုအလျောက် အဆင့် နံပါတ် (၄) သို့ ကျဆင်း သွားခဲ့ပါတယ်။ သူလည်းပဲ ကလေးစစ်သား မြန်မာနိုင်ငံမှာ ရှိတယ်ဆိုတဲ့အကြောင်း အမှန်အတိုင်းဝန်ခံခဲ့ပြီးမှ ဗိုလ်သန်းရွှေရဲ့ ဆူပူမှုကိုခံရလို့ ပြန်လည်ငြင်းဆန်ခဲ့ရ ပါတယ်။
နာဂစ်မုန်တိုင်း ၀င်နေချိန်မှာဖြစ်ဖြစ်၊ ၀င်ပြီးကာစဖြစ်ဖြစ်၊ ၀န်ကြီးချုပ်ဗိုလ်သိန်းစိန်အနေနဲ့ ချက်ချင်း ကွင်းဆင်း ကြည့်ရှုစစ်ဆေးဖို့ လိုအပ်ကြောင်းသိပေမယ့် နအဖရဲ့အခြေခံဥပဒေ ဆန္ဒခံယူပွဲပျက်မှာ ကို စိတ်ပူနေတဲ့ ဗိုလ်သန်းရွှေကို မပြောရဲတဲ့ဘ၀ ရောက်သွားခဲ့ရပါတယ်။ နိုင်ငံတကာက တရုတ်ဝန်ကြီးချုပ်နဲ့ နှိုင်းယှဉ်ဝေဖန် ခံရ လို့ မုန်တိုင်းကယ်ဆယ်ရေး မှာ ကိုယ်တိုင်ပစ္စည်းတွေကို ထမ်းပိုးပေးရတဲ့ ကူလီထမ်းဘ၀အနေ အထားထိ ရောက်သွားတဲ့ ရုပ်သေးဝန်ကြီးချုပ် ဗိုလ်သိန်းစိန်ရဲ့ အနေအထားဟာ မသက်သာလှတာကို တွေ့ ရပါ တယ်။
အာဆီယံထိပ်သီး ညီလာခံတွေမှာ နိုင်ငံအကြီးအကဲအဖြစ် တက်ရောက်သူများဟာ အနည်းဆုံး နိုင်ငံရဲ့ သြဇာ အာဏာအဆင့် (၂) ရှိသူတွေသာ တက်ရောက်ကြတာမို့ မြန်မာနိုင်ငံအနေနဲ့ ဗိုလ်သန်းရွှေကိုယ်တိုင် တက် ရောက်ပေးဖို့ ဖိလစ်ပိုင်နိုင်ငံက မေတ္တာရပ်ခံခဲ့ပေမယ့်လည်း ခေါင်းရှောင်ချင်တဲ့ ဗိုလ်သန်းရွှေရဲ့ သဘော သရုပ်ကြောင့် လက်လျှော့ခဲ့ရတဲ့ သာဓကရှိပါတယ်။
ဗိုလ်သန်းရွှေ တာဝန်ပေးခဲ့တဲ့ ၀န်ကြီးချုပ်ရာထူးအဆင့်အတန်းဟာ နိုင်ငံတကာ မည်သည့်အစိုးရ ဖွဲ့စည်းပုံနဲ့မှ မကိုက်ညီတာကိုလည်း တွေ့ရပါတယ်။ သမ္မတအုပ်ချုပ်တဲ့ သမ္မတနိုင်ငံတွေဖြစ်ဖြစ်၊ ၀န်ကြီးချုပ်အုပ်ချုပ်တဲ့ နိုင်ငံ တွေကိုပဲ ကြည့်ကြည့် မြန်မာနိုင်ငံလို မတွေ့ရဘဲ အာဏာရှင်တွေအုပ်ချုပ်တဲ့ မြောက်ကိုးရီးယားနိုင်ငံ၊ ကျူး ဘားနိုင်ငံတွေ နဲ့ အာဏာရှင်အုပ်ချုပ်ခဲ့တဲ့ တောင်အာဖရိက၊ ပါကစ္စတန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတွေရဲ့ အာဏာ ရှင် တွေတောင် နိုင်ငံတကာ ခေါင်းဆောင်တွေကို တွေ့ဆုံတာဝန်ယူပြီး အထိုက်အလျောက် ဖြေရှင်း ပေးနိုင်ခဲ့ တာ ရှိပါတယ်။
ကွန်မြူနစ်နိုင်ငံကြီး တရုတ်နိုင်ငံမှာတောင် တိန့်ရှောင်ဖိန်ဟာ စစ်ကော်မရှင်ဥက္ကဋ္ဌအဖြစ် ယူခဲ့ပေ မယ့် သမ္မတ ကျန်စီမင်းနဲ့ ၀န်ကြီးချုပ် လီပင်းတို့ကို လုပ်ပိုင်ခွင့် အပြည့်အ၀ ပေးခဲ့တာ တွေ့ရပါ တယ်။
မြန်မာနိုင်ငံ ၀န်ကြီးချုပ်ကတော့ စီးပွားရေးကိုသာ ဦးတည်ပြီး လုပ်ခိုင်းတယ်ဆိုအုံးတော့၊ တကယ်တမ်း စီးပွား ရေးကို ဦးမော့လာအောင် လုပ်ရမယ့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ သုံးစွဲခွင့်နဲ့ တည်ဆောက် ရေးလုပ် ငန်းအတွက် အရေးကြီး ပစ္စည်း၊ သံချောင်းနဲ့ သံမဏိခွဲတမ်းတွေကို ခွဲဝေရာ မှာတောင် ၀န်ကြီးချုပ်က လုပ်ပိုင်ခွင့်မရှိဘဲ ဗိုလ်သန်းရွှေကသာ ဥစ္စာချောက်ပြီး ထိန်းချုပ်ထားပြန်ပါတယ်။
စစ်အစိုးရလက်ထက် ၀န်ကြီးချုပ်ဆိုတာ ပြည်ပမှာသာမက ပြည်တွင်းမှာပါ ရုပ်သေးရုပ်ဘ၀အဖြစ် နဲ့ “က” နေရ တာမျိုး ကြုံတွေ့နေရပါတယ်။ ဒါကြောင့် ၀န်ကြီးချုပ် ဗိုလ်စိုးဝင်း သေဆုံးပြီးတဲ့နောက် မှာ ၀န်ကြီးတွေဟာရုပ် သေး ဖြစ် နေတဲ့ ၀န်ကြီးချုပ်ဆိုတဲ့ရာထူးကို ခန့်အပ်ခံရဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရှိရပါတယ်။
ဗိုလ်သန်းရွှေဟာ အမိန့်ထုတ်ပြီးတဲ့အခါ ဖြစ်စေ၊ ကတိပေးပြီးတဲ့အခါဖြစ်စေအင်မတန် ဗလောင်းဗလဲ ဖြစ်နေသူ မို့ နိုင်ငံ့ခေါင်းဆောင်ကောင်းအင်္ဂါရပ်နဲ့ပဲဖြစ်ဖြစ်၊ စစ်တပ်အကြီးအကဲအင်္ဂါရပ်နဲ့ ပဲကြည့်ကြည့် မညီညွတ်တဲ့ ဂုဏ် သိက္ခာမရှိတဲ့သူသာ ဖြစ်နေပါတယ်။
တရုတ်သမ္မတ ကျန်စီမင်း လာရောက်လည်ပတ်ခဲ့စဉ် ဧရာဝတီမြစ်ကြောင်းအတိုင်း တရုတ်လူမျိုးများ တရုတ် သဘောင်္များနဲ့ မြစ်အတွင်း လှည့်လည်သွားလာခွင့်ပြုဖို့ ဗိုလ်သန်းရွှေက သဘောတူ ကတိပေးခဲ့ရာမှ နောက်နေ့ မှာ သဘောမတူခဲ့ပြန်လို့ ဗိုလ်ခင်ညွန့်က တရုတ်သမ္မတအား ငပလီကို ခေါ်ဆောင်ပြီး ချော့မော့ ဖြေသိမ့် ပေးခဲ့ ရပါတယ်။
ပြည်တွင်းရော၊ ပြည်ပမှာပါ ရုပ်သေးရုပ်ဖြစ်နေရတဲ့ မြန်မာနိုင်ငံ ၀န်ကြီးချုပ်တွေရဲ့ အနေအထားကြောင့် နိုင်ငံ တကာမှ ပံ့ပိုးပေးမယ့် အခွင့်အလမ်းများ နစ်နာဆုံးရှုံးခဲ့ရတဲ့အပြင် မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာလည်း အဘက် ဘက်မှ အဖတ်ဆယ်လို့မရအောင် ကျဆင်းနေရပြီဖြစ်ပါတယ်။ ဒီလို ဖြစ်ရတဲ့ အဓိက သမိုင်း တရားခံ ကတော့ ဗိုလ်သန်းရွှေသာ မလွဲဧကန်ဖြစ်ပါကြောင်း တင်ပြလိုက် ရပါတယ်။ ။
0 comments:
Post a Comment