“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, August 31, 2008

“ညီညွတ်ရေးကို ဘယ်လို တည်ဆောက်မလဲ”

နိုင်ငွေသိမ်း
တနင်္လာနေ့၊
သြဂုတ်လ 25 2008 21း51- မြန်မာစံတော်ချိန်

“ညီညွတ်ရေးကို ဘယ်လို တည်ဆောက်မလဲ”

“ရရှိပြီးသော ညီညွတ်ရေးကို ဘယ်လို ထိန်းသိမ်းမလဲ”

“ဘယ်လို ရှေ့ဆက်ကြမလဲ”

နိုင်ငွေသိမ်း
ဤစာတမ်းကို ရေးသားရာတွင် မည်သည့် အဃာတတရားမှ ထားရှိခြင်း မရှိပါ။ စာရေးသူ၏ လေ့လာထားရှိခဲ့သော ညီညွတ်ရေးနှင့် ပတ်သက်သော စာအုပ်စာတမ်းများနှင်း နှစ်ပေါင်း ၆၀ ကျော်ခန့် နိုင်ငံရေးဘဝ အဖုံဖုံတွင် ကျင်လည်ခဲ့သော အတွေ့အကြု၊ သင်္ခန်းစာများကိုပေါင်းစပ် တင်ပြခြင်း ဖြစ်ပါသည်။
ကျနော်သည် ပြီးပြည့်စုံသော နိုင်ငံရေးသမာ မဟုတ်ပါ။ အဖက်ဖက်မှ လိုအပ်ချက်များရှိပါမည်။ သို့သော်ဤစာတမ်းကို မှန်ကန်သော၊ ဒီမိုကရေစီ ပြည့်ဝသော ညီညွတ်ရေး တည့်မတ်လိုခြင်း ဆန္ဒကို ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့သဖြင့် ရိုးသားပွင့်လင်းစွာ တင်ပြခြင်း ဖြစ်ပါသည်။ မှားယွင်းချက်များ၊ လိုအပ်ချက်များ အမြောက်အမြား ရှိပါမည်ကို ကျနော် စန်ခံပါသည်။

အထက်ပါ လိုအပ်ချက်၊ မှားယွင်းချက်များ ရှိပါကဖြည့်စွက်ပြုပြင်ပေးလျှင် ကျနော် အနေ့ဖြင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလက်ခံရန် အဆင်သင့် ရှိနေပါသည်။၎င်းအတွက် ကူညီကြပါရန်လေးစားစွာ မေတ္တာရပ်ခံပါသည်။

ကျနော့်ကိုတွေ့ လေ့လာတွေ့ ရှိသမျှတွင်

၁။ ပုဂ္ဂိုလ်တဦးချင်း ညီညွတ်ရေး၊

၂။ နိုင်ငံရေးလုပ်ငန်းတွင် - (က) နိုင်ငံရေးအဖွဲ့တွင်း ညီညွတ်ရေးနှင့် (ခ) နိုင်ငံရေး အဖွဲ့အစည်းများ ညီညွတ်ရေး (နိုင်ငံရေးတပ် ပေါင်းစု များအတွင်း ညီညွတ်ရေးများ) ကို တွေ့ရှိရပါသည်။

(၁) ပုဂ္ဂိုလ်ရေး ညီညွတ်ရေးများမှာ ပုဂ္ဂိုလ်တဦးနှင့်တဦး သစ္စာရှိမှု၊ လူမှုရေး (ငွေရေးကြေးရေး) ကိစ္စများ မပေါ်ပေါက်ရေးနှင့် သဘောထား ကွဲလွဲမှုများကို ဒေါသတရား ရှေ့မထားဘဲ တဦးနှင့်ဦး ပျော့ပျော့ပြောင်းပြောင်း ညှိနှိုင်း ဆွေးနွေးခြင်းအာဖြင့် အသက်ထက်ဆုံး အခင်အမင်မပျက် ပူပေါင်း သွားကြရမည်ဟု ထင်မြင် ယူဆပါသည်။

တဦး၏ အမှား သို့မဟုတ် မိမိ၏ အမြင်နှင့် ကွဲလွဲပါလျှင်တဖက်နှင့်တဖက် တိုက်ခိုက် အပုတ်ချခြင်းသည် မည်သို့သောညီညွတ်ရေးကို မရနိုင်ပါ။ ယုံကြည်ချက်တခုတည်း တူညီခဲ့ပါလျှင် ဝေဖန်- ညီညွတ်-ဝေဖန်နည်း ဝေဖန်ရေးကြောင့် ညီညွတ်ရေးကို ဖြစ်စေပြီး ပိုမိုညီညွတ်ရန်အပြုသဘောဆောင်သော ဝေဖန်ရေး ဆက်လက် ကျင့်သုံးသွားရန် ဖြစ်ပါသည်။

(၂) နိုင်ငံရေး လုပ်ငန်းတွင် (က) နိုင်ငံရေး အဖွဲ့အစည်းအတွင် ညီညွတ်ရေးသည် အထူအရေးကြီး လိုအပ်ချက် ဖြစ်ပါသည်။ နိုင်ငံရေးအဖွဲ့အတွင်း ညီညွတ်ရေး၏ အဓိက လိုအပ်ချက်မှာ ဒီမိုကရေစီ အဖွဲ့အစည်း ဖြစ်ရပြီး ပါတီတွင်း ဒီမိုကရေစီ (၄) ရပ်ကို ကျင့်သုံးရမည်ဟုနိုင်ငံရေး ခေါင်းဆောင်များက ဖော်ကျူးကြပါသည်။ ပါတီတွင်း ဒီမိုကရေစီမှာ အများသိရှိကြပါမည်ဟု ယုံကြည်ပါသည်။ သို့သော် အလျဉ်းသင့်၍ အကြမ်းအာဖြင့် ဖော်ပြပါမည်။

ဒီမိုကရေစီပါတီတွင် တာဝန်ခံ ဆောင်ရွက်သူများသည် အောက်ခြေမှ ရွေးကောက် တင်မြှောက်သူများ ဖြစ်ရပါမည်။ အထက်မှ အောက်ခြေပါတီအဖွဲ့အစည်းများသို့ အချိန်မှန်မှန် ညွန်ကြားရပါမည်။ အောက်ခြေ အဖွဲ့အစည်းများသို့ မှန်မှန် အစီရင်ခံရပါမည်။ အများစု၏ ဆုံးဖြတ်ချက်များကို အနည်းစုက လိုက်နာ ကျင့်သုံးရပါမည်။ သို့သော် အနည်းစု၏ ယုံကြည်ချက်များကို အစည်းအဝေးများတွင် ထပ်မံတင်ပြခွင့် ပြုရပါမည်။

နောက်ဆုံး အရေးကြီးဆုံးချက်မှာ ပါတီတွင်းတွင် ပါတီ၏ စည်းလုံးညီညွတ်မှုနှင့် ပြန်လည် ပြုပြင်သင့်သည့် နည်းဗျူဟာဆိုင်ရာများ ပါတီတွင်း ပုဂ္ဂိုလ်အရ ချို့ယွင်းချက်များကို အပြုသဘော ဝေဖန်ချက်များကို ပါတီ၏ အထက်အဆင့်နှင့် အောက်အဆင့်များကပါ ကျင့်သုံးရပါမည်။ ပါတီတွင်းဝေဖန်သည့် ပါတီတွင်း မှာယွင်းချက်များကို ပြုပြင်နိုင်သော တခုတည်းသော နည်းလမ်းဖြစ်ပြီး ပါတီတွင်း ဝေဖန်ရေး ပျက်သုဉ်းသွားပါက ပါတီတွင်း စည်လုံးညီညွတ်ရေးကို ထိခိုက် ပျက်စီးသွားနိုင်ပါသည်။

(ခ) နိုင်ငံရေး အဖွဲ့အစည်း အချင်းချင်း ညီညွတ်ရေး တနည်းဆိုရလျှင် တပ်ပေါင်းစု တည်ဆောက်ရာတွင် အထူးခက်ခဲမှုများ ရှိပါသည်။ အင်အားကြီးမားသော ပါတီ၊ ပါတီကြီးများ မိမိတိုနှင့် လာရောက် ပေါင်းစည်းသော အဖွဲ့အစည်းငယ်များကို မိမိတို့ ပါတီကြီး၏ လက်အောက်ခံအဖွဲ့အစည်းများ သတ်မှတ်၍ ပါတီကြီးများ၏ ဆုံးဖြတ်ချက်များကို ပြန်လည်ဝေဖန် သုံးသပ်ခွင့် မပေးဘဲ အတင်းအကျပ် နာခံ လုပ်ကိုင်စေခြင်းများသည် တပ်ပေါင်းစုကို ပျက်စီးစေသော အဓိကအချက် ဖြစ်သည်။နိုင်ငံရေး တိုက်ပွဲတခု၊ သို့မဟုတ် လှုပ်ရှားမှုတခုခု လုပ်လျှင်တပ်ပေါင်းစုတွင်း ဆွေးနွေး၍ ပါတီကြီးငယ်များ အပြန်အလှန် ညှိနှိုင်း၍ လုပ်ရန် လိုအပ်ပါသည်။ ဤသို့ မကျင့်သုံးပါက တပ်ပေါင်းစု၏ စည်းလုံးညီညွတ်ရေးကို အနည်းနဲ့အများ ထိခိုက်သွားပါမည်။

ဤစာတမ်းကို ညီညွတ်ရေး တည်ဆောက်ရေးအတွက် အထောက်အကူ ပြုနိုင်မည်ဟု ယုံကြည်၍ တင်ပြပါသည်။ မိမိတို့၏ ကိုယ်ပိုင်အခွင့်အာဏာအရ မိမိတို့ ဘာသာ ဆုံးဖြတ် ကျင့်သုံးနိုင်ကြပါစေ။

ဤစာတမ်းသည် ညီညွတ်ရေးအတွက် တခုသော အတိုင်းအတာ အထောက်အကူဖြစ်လျှင် ကျနော့်အတွက် အထူးဝမ်းမြောက်ပါမည်။

(စာရေးသူ နိုင်ငွေသိမ်းသည် မွန်အမျိုးသား ဒီမိုကရက်တစ် တပ်ဦးခေါင်းဆောင်တဦး ဖြစ်သည်။)

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */