“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, August 29, 2008

ဓါတ် ဆီ ဆိုင် က စ တဲ့ ပြ ဿ နာ များ ထပ် ဖြစ် လာ မှာ လား ။

ဓါတ် ဆီ ဆိုင် အ မှတ် ( 0223 )

မ နှစ် က စက် တင် ဘာ မှာ ဓါတ် ဆီ ဈေး နှုန်း တွေ တက် လို့  စ ခဲ့ တဲ့ သံ ဃာ့ လှုပ် ရှား မှု ကြီး က တစ် နှစ် ပြည့် တော့ မှာ ပါ ။
ယ ခု လည်း ဒီ လို ပြ ဿ နာ မျိုး ကို ၊ ဒီ ဓါတ် ဆီ ဆိုင် က စ လာ မှာ လား လို့  တွေး နေ မိ ပြန် ပါ တယ် ။ မြန် မာ ပြည် အ တွင်း က လောင် စာ ဆီ ဖြန့်  ဖြူး မှု နဲ့  ပါတ် သက် လို့  ၊ မ ကြာ သေး ခင် က ပဲ DVB ရုပ် သံ က ၊ ဓါတ် ဆီ ဆိုင် တွေ က ၊ ငွေ နဲ့  ၀ယ် ယူ ရ တဲ့ လောင် စာ ဆီ တွေ ကို နည်း အ မျိုး မျိုး နဲ့  ၊ ခိုး ယူ ၊ လု ယူ ၊ ဓါး ပြ တိုက် ယူ နေ တဲ့ အ ကြောင်း ၊ တင် ပြ သွား တာ ကို ကြည့် လိုက် ရ ပါ တယ် ။ စာ ရေး သူ အ နေ နဲ့  ဒီ အ ကြောင်း ကို ရေး ချင် နေ တာ ကြာ လှ ပါ ပြီ ။ တိုက် တိုက် ဆိုင် ဆိုင် ၊ ဒီ တစ် လော မှာ ပြည် တွင်း က ၊ အ သေ အ ခြာ ပြော ရ ရင် ၊ ရန် ကုန် မြို့  ပေါ် က ဓါတ် ဆီ ဆိုင် တွေ မှာ ၊ ဓါတ် ဆီ ၊ ဒီ ဇယ် ဆီ တွေ ကို FEC နဲ့  ရောင်း နေ တဲ့ အ ကြောင်း ကို မိတ် ဆွေ တစ် ယောက် က တ ဆင့် သိ ရ ပါ တယ် ။ သူ့ ပြော ပြ ချက် ကို အ ခြေ ခံ ပြီး ဒီ ဆောင်း ပါး ကို ရေး ဖြစ် ပါ တယ် ။

ဓါတ် ဆီ ကို FEC 3.75 နဲ့  ရောင်း ပြီး ၊ ဒီ ဇယ် က ဈေး ပို ပါ တယ် 0.4 FEC ပို ပါ တယ် ။ ဈေး နှုန်း ကို တော့ ၊ တစ် ရက် ပဲ အ တည် ဖြစ် ပါ တယ် ။ ဒီ နေ့  မွန်း တည့် ၁၂ နာ ရီ က နေ ပြီး ၊ နောက် နေ့  မွန်း တည့် ၁၂ နာ ရီ အ ထိ ပဲ ဖြစ် ပါ တယ် ။ နေ့  တိုင်း ဈေး နှုန်း ပြောင်း လဲ မှု ရှိ ပါ တယ် ။ တစ် ခါ တစ် ရံ မှာ ဓါတ် ဆီ က 4 FEC ဖြစ် သွား ပြီး ၊ ဒီ ဇယ် က တော့ 4.4 FEC ဖြစ် ပါ တယ် ။ ဒါ ကို ကြည့် ရင် ပဲ ၊ လောင် စာ ဆီ ကို ၊ ဆီ ၀ယ် ယူ ခွင့် စာ အုပ် နဲ့  ၊ ဂါ လံ ခြောက် ဆယ် ရောင်း ပေး တာ မှာ ၊ ဓါတ် ဆီ တစ် ဂါ လံ ဈေး နှုန်း ကို တော့ ၃၀၀၀ ကျပ် နဲ့  ရောင်း ပြီး ၊ ဒီ ဇယ် တစ် ဂါ လံ ကို ၃၅၀၀ ကျပ် နဲ့  ရောင်း ပါ တယ် ။

ဈေး နှုန်း ကွာ ဟ မှု ဖြစ် နေ ပါ ပြီ ။ FEC နဲ့  ရောင်း တဲ့ ဓါတ် ဆီ က အ ကြမ်း ဖျင်း တွက် လိုက် ရင် တစ် ဂါ လံ ၄၀၀၀ ကျပ် လောက် ဖြစ် နေ ပြီး ၊ ဒီ ဇယ် တစ် ဂါ လံ ကို ၄၄၀၀ လောက် ဖြစ် နေ ပါ ပြီ ။ တ ရား ၀င် ရောင်း နေ တဲ့ ဈေး နှစ် မျိုး ရဲ့  ကွာ ဟ ချက် ပါ ။ ငွေ ကြေး နှစ် မျိုး မှာ ၊ ဈေး က နှစ် မျိုး ဖြစ် သွား ပါ ပြီ ။ FEC တစ် ဒေါ် လာ ခြင်း ၀ယ် ရင် ဈေး က ကြီး ပါ တယ် ။ ၁၂၀၀ ၀န်း ကျင် ပေး ရ တယ် ။ 1 FEC အ ရွက် က ရှား တယ် လို့  သိ ရ ပါ တယ် ။ ဖုံး ဘီ လ် ဆောင် တဲ့ သူ တွေ အ မြဲ ၀ယ် နေ ရ တဲ့ ဈေး ပါ ။

အ များ နဲ့  ၀ယ် ရင် တော့ ၊ သက် သာ တယ် လို့  ဆို ပါ တယ် ။ US ဒေါ် လာ ရဲ့  အောက် မှာ ပဲ ရှိ တယ် လို့  သိ ရ ပါ တယ် ။ US ဒေါ် လာ က ဒီ လ တွေ ထဲ မှာ ၁၂၀၀ ကျော် က နေ ၁၃၀၀ ကျပ် အ ထိ ရှိ နေ ခဲ့ တော့  ၊ FEC ဈေး နှုန်း ကို လည်း ၊ လို တိုး ပို လျော့ လုပ် ပြီး ၊ ၁၀၀၀ကျပ် အ ပေါ် မှာ ပဲ ထား ပြီး တွက် ရ မှာပါ ပဲ ။

ဒီ နှုန်း ကို အ ခြေ ခံ ပြီး တွက် ချက် မှု အ ရ ပြော ရ မယ် ဆို ရင် ၊ ဓါတ် ဆီ တစ် ဂါ လံ ရဲ့  တ ရား ၀င် ဈေး ဟာ ၊ အောက် ထစ် ၄၀၀၀ ကျပ် ဖြစ် နေ ပြီ လို့  ပဲ ဆို ရ မှာ ပါ ။ ကန့်  သတ် ဂါ လံ ၆၀ ကို ၃၀၀၀ နဲ့  ရောင်း ပေ မဲ့ ၊ အ ပို တစ် ဂါ လံ ဈေး နှုန်း က တော့ ၄၀၀၀ အောက် ထစ် ဖြစ် နေ တာ ကို ကြည့် ပြီး ၊ ပြည် သူ လူ ထု က ခန့်  မှန်း နေ ပါ ပြီ ။ ဓါတ် ဆီ ဈေး နှုန်း တက် တော့ မယ် ။ ခါ တိုင်း ရ နေ တဲ့ ဂါ လံ ခြောက် ဆယ် ဟာ ၊ မ ကြာ မီ မှာ ပဲ တစ် ဂါ လံ ၄၀၀၀ ကျပ် ကို တင် ဖို့  ( န . အ . ဖ ) က ခြေ လှမ်း ပြင် နေ ပြီ လို့  ပေါ့ ။ ဒါ ဆို ရင် ဒီ ဇယ် က လည်း တစ် ဂါ လံ ကို ၄၅၀၀ ကျပ် ဖြစ် တော့ မှာ ပေါ့ လို့  ဝေ ဖန် နေ ကြ ပါ ပြီ ။

ဈေး မ တက် ခင် ဖြစ် မဲ့ ပြ ဿ နာ က ၊ ဆီ အ ခိုး ခံ နေ ရ တဲ့ ပြ ဿ နာ ပဲ ။ FEC နှုန်း နဲ့  တွက် လို့  ဓါတ် ဆီ တစ် ဂါ လံ ကို ၄၀၀၀ ကျပ် လောက် ကျ နေ ပြီ ဆို တာ လူ တိုင်း နား လည် နေ ပါ ပြီ ။ ဆီ ဆိုင် တွေ မှာ ဆီ သွား ထည့် ရင် ခြောက် ဂါ လံ ထည့် တဲ့ ကား တွေ ဆို ရင် ၅ ဂါ လံ ခွဲ ပဲ တိုင် ကီ ထဲ ကို ပါ လာ ပါ တယ် ။ ဂါ လံ ၀က် အ ခိုး ခံ နေ ရ ပါ တယ် ။ ဈေး နှုန်း နဲ့  တွက် ရင် ၂၀၀၀ ဘိုး လောက် ဆီ ဆိုင် တွေ က မိုက် ကြေး ခွဲ လု ယူ တာ ကို ခံ နေ ရ ပါ တယ် ။ ဘယ် ကို တိုင် လို့  ဘယ် သူ က တ ရား သ ဖြင့် အ ရေး ယူ ပေး မှာ လဲ ဆို တာ ကို မ သိ တဲ့ ပြည် သူ တွေ ဟာ ဥ ပ ဒေ မဲ့ ဖြစ် နေ တဲ့ မြန် မာ ပြည် ထဲ မှာ ဒီ ကိစ္စ ကို မ ကျေ မ နပ် ဖြစ် နေ ပါ ပြီ ။ ကား တစ် စီး ကို ၂၀၀၀ ဘိုး လု ယူ နေ တဲ့ ဒီ ဓါတ် ဆီ ဆိုင် က ၊ ကား အ စီး ၃၀၀ လောက် တစ် နေ့  အ တွက် လု လိုက် ရင် မြန် မာ ငွေ ဘယ် လောက် ဖြစ် သွား မ လဲ ။ ၆၀၀၀၀၀ ( ခြောက် သိန်း ) လောက် ဖြစ် သွား ပါ ပြီ ။ သူ တို့  လု ထား တဲ့ ဆီ တွေ ကို ၊ သူ တို့  နဲ့  ချိတ် ဆက် ထား တဲ့ ၊ ၀ိ သ မ လော ဘ သား မှောင် ခို ဆီ ကုန် သည် တွေ က ၊ သူ တို့  အ ခေါ် ( ဘောက် ဆာ ) ဆို တဲ့ ဆီ တိုင် ကီ ပြင် ထား တဲ့ ကား အ မျိုး မျိုး နဲ့  ၊ ဆီ ထည့် တဲ့ အ ခြား ကား တွေ ရှင်း တဲ့ အ ချိန် တွေ မှာ ဂါ လံ ၅၀ လောက် တစ် ခါ တည်း ထည့် ပြီး ထုတ် ယူ နေ ကြ တယ် လို့  သိ ရ တယ် ။ ည နေ စောင်း ချိန် တွေ မှာ ပို များ တယ် ။ တ ခြား ဆီ ထည့် တဲ့ ကား ၄ စီး ၅ စီး ပြီး တာ တောင် အဲ ဒီ ဘောက် ဆာ တွေ မ ပြီး သေး ဘူး ။

မိတ် ဆွေ က ပြော တယ် ၊ အဲ ဒီ ဆီ တွေ က ကျ နော် တို့  ငွေ နဲ့  ၀ယ် ထား ပြီး သား ဆီ တွေ ၊ ကျ နော် တို့  ဆီ က မ တ ရား လု ယူ ၊ ခိုး ယူ ပြီး ၊ သူ တို့  ရောင်း စား နေ တယ် ။ တစ် နေ့  တစ် နေ့  ကို ၆ သိန်း လောက် အောက် ထစ် ၊ ဆီ ဆိုင် တစ် ဆိုင် ကို ရ နေ တာ ။ ဒီ မ တ ရား ယူ သွား တာ ကျ နော် တို့  ပြည် သူ တွေ ရဲ့  ချွေး နည်း စာ တွေ ပေါ့  လို့  ပြော တယ် လေ ။ ဘယ် သူ မှ မ ကျေ နပ် ကြ ဘူး ။ တစ် နေ့  တော့ ပြ ဿ နာ ဖြစ် တော့ မှာပဲ လို့  ပြော ပြ တယ် ။ စစ် ဆေး ရေး ရှိ တယ် ဆို တဲ့ အ ခါ မျိုး မှာ သိပ် မ ခိုး ဘူး ။ နဲ နဲ မှန် တယ် ။ ပြီး ရင် ပြန် ခိုး တာ ပဲ ။ နည်း ကို စုံ နေ တာ ပဲ ။ ဆီ ပိုက် က အ ရှည် ကြီး ၊ ဆီ ထည့် တော့ လက် ကိုင် ခ လုပ် က ညှစ် ပြီး မ ထဲ့ ပဲ ၊ ပန့်  မော် တာ ကို အ ဖွင့် အ ပိတ် လုပ် တယ် ။ အ ရှိန် နဲ့  တက် နေ တဲ့ မီ တာ ရဲ့  အ မှတ် ကို ၊ သု ည မ ရောက် ခင် ကြို ပိတ် ပြီး သူ့  အ ရှိန် နဲ့  သု ည ဆီ ရောက် သွား တာ က တစ် မျိုး ။ ပိုက် အ ရှည် ကြီး ထဲ က ဆီ က ၊ ဆီ ကန် ထဲ ပြန် ဆင်း သွား လို ဂါ လံ ၀က် လောက် က ပါ သွား ပြီ ။ ပိုက် ထဲ မှာ ဆီ က လက် ကိုင် ဂိုင်း အ နား မှာ မ ရှိ တော့ ဘူး ၊ မော် တာ က ပိတ် လိုက် တော့ ဆီ ကန် ထဲ ပြန် ဆင်း နေ ပြီ ။ ကား လာ မှ နောက် တစ် ခါ မော် တာ က ပြန် ဖွင့် တော့ ၊ မီ တာ က တော့ တက် နေ ပြီ ၊ ဆီ က ချက် ချင်း ထွက် မ လာ သေး ဘူး ။ ဒီ လို နည်း နဲ့  လည်း ခိုး တယ် ။ ပန့်  ပြင် တဲ့ သူ နဲ့  ပေါင်း ပြီး ပန့်  က ထွက် တာ မှာ လည်း ဂါ လံ မ မှန် အောင် လုပ် တယ် ။ သူ တို့  ကြောက် ရ တဲ့ သူ တွေ ရဲ့  ကား တွေ ကို တော့ ၊ မီ တာ ဂိတ် ကို ဖမ်း ထား ပြီး ပြည့် အောင် ထည့် ပေး နေ တယ် ။ ဒါ ကို ကြည့် ရင် ပန့်  က ထွက် လာ က တည်း က ဆီ မ ပြည့် တာ ပို သေ ခြာ တာ ပေါ့ ဗျာ တဲ့ ။

တစ် လ ကို ဂါ လံ ခြောက် ဆယ် ရ ဖို့  ၊ တစ် ခါ ထည့် ခြောက် ဂါ လံ နဲ့  ၊ ဆယ် ကြိမ် သွား ထည့် ရ ပါ တယ် ။ တစ် ကြိမ် မှာ ဂါ လံ ၀က် ၊ ၂၀၀၀ ကျပ် ဆို တော့ ၊ ဆယ် ကြိမ် မှာ ၂၀၀၀၀ ကျပ် ပေါ့ ။ လ စဉ် တိုင်း ဓါတ် ဆီ ဆိုင် က ၊ ကား တစ် စီး စီ က နေ ၊ ငွေ ၂၀၀၀၀
ကျပ် ဓါး ပြ တိုက် နေ တာ ပေါ့ ။ FEC နဲ့  ဆို ရင် 20 FEC လောက် မိုက် ကြေး ခွဲ ခံ နေ ရ တယ် တဲ့ လေ ။ ခင် ဗျား ဆီ ဆိုင် က ဘယ် ဆိုင် လဲ ဗျ လို့  စာ ရေး သူ က မေး ကြည့် မိ ပါ တယ် ။ ဆိုင် အ မှတ် ( 0223 ) ပေါ့ ။ ကိုင်း တန်း လမ်း နဲ့  ကျုံး ကြီး လမ်း ထိပ် က ဆိုင် ပေါ့ ဗျာ ။ စ ကား မ စပ် အဲ့ ဒီ ဆိုင် မှာ ပန့်  ကိုင် ၀န် ထမ်း တွေ အ လှည့် နဲ့  ဆိုင် ပြောင်း ကြ ရ ပေ မဲ့ ၊ မ ပြောင်း ရ တဲ့ သူ တစ် ယောက် တော့ ရှိ တယ် ဗျ ။ ဒါ မျိုး ဆိုင် တိုင်း မှာ ရှိ တယ် ။ သူ တို့  အ ခေါ် အ ဝေါ် နဲ့  တော့ ( ဘော် ဒါ ) တဲ့ ။ အဲ ဒီ လူ က ပန့်  မော် တာ ကိုင် ဗျ ။ စစ် ဆေး ရေး ရှိ ရင် ရှောင် နေ တယ် ။ ဘာ ဖြစ် လို့  လဲ ။ သူ က တ ရား ၀င် ၀န် ထမ်း မ ဟုတ် ဘူး ။ ဆိုင် မှာ အ ကြောင်း သိ အ စဉ် အ လာ ခိုး နည်း ကျွမ်း ကျင် သူ ပေါ့ ။ အဲ ဒီ ဆိုင် အ မှတ် (0223) မှာ ( တင် မြင့် ) ဆို သူ တစ် ယောက် ရှိ တယ် ။ သူ က ၀န် ထမ်း မ ဟုတ် ဘူး ။ ( ဘော် ဒါ ) လေ ။ တံ ဆိပ် မ ပါ တဲ့ အ င်္ကျီ အ ပြာ ကို ၀တ် တယ် ။

ရန် ကုန် မှာ ကား သ မား တွေ ဒီ ဆီ ဓါး ပြ တိုက် တာ ကို လူ တိုင်း မ ကျေ မ နပ် ဖြစ် နေ ကြ ပြီ ။ ကား တစ် စီး ကို ၂၀၀၀၀ ကျပ် ၊ လစဉ် ဓါး ပြ တိုက် တာ ခံ နေ ရ တာ ၊ ဘယ် တာ ၀န် ရှိ သူ က မှ မ ဖြေ ရှင်း ပေး ဘူး ။ ဒါ ကြောင့် လူ တွေ ပေါက် ကွဲ နေ တယ် ။ ဓါတ် ဆီ ပြ ဿ နာ က နှစ် ပတ် လည် ရောက် တော့ မယ် ။ ဒီ တစ် ခါ ဆီ ဆိုင် က ဆီ ခိုး မှု က နေ ပြ ဿ နာ ပြန် စ သွား လိမ့် မယ် ။ လူ တွေ အ ရမ်း ကျပ် တည်း နေ ပြီ ။ စား ရိတ် စား ခ တွေ က လည်း ၊ ဒီ လောင် စာ ဆီ ကို မှီ ပြီး ကြီး မြင့် လာ နေ ပြီ ။ ကိုယ် ပေး လိုက် တဲ့ ငွေ ကို ၊ ပြည့် ၀ အောင် ဆီ ပြန် မ ပေး တော့ ၊ ရ ခဲ့ တဲ့ ဆီ က တန် ဖိုး ပို တက် လာ တယ် ၊ ဒါ ကို ကာ မိ ဖို့  သယ် ယူ ပို့  ဆောင် ခ တွေ အ ပေါ် မှာ ၊ ပြန် တင် နေ ရ တော့  ၊ အား လုံး ဈေး တွေ တက် ကုန် တာ ပေါ့ လို့  မိတ် ဆွေ က ပြော ပြ တယ် ။

ကဲ ကဲ မင်း လည်း ဖုံး ခ တော် တော် ကုန် သွား ပြီ ။ ငါ လည်း စာ ရေး ဖို့  ကုန် ကြမ်း လေး ရ သွား ပြီ ။ စိတ် ချ ။ ဘယ် သူ မှ အ ရေး မ ယူ ပေး ချင် နေ ။ ဥ ပ ဒေ မဲ့ လု ယက် နေ တဲ့ မြန် မာ ပြည် အ ကြောင်း ၊ ခေါင်း ဆောင် မှု ညံ့ ဖျင်း တဲ့ မြန် မာ ပြည် အ ကြောင်း ၊
နေ ရာ တိုင်း ခိုး နေ လို့  ဖြစ် ပေါ် လာ တဲ့ လူ ထု ရဲ့  ဒုက္ခ ဆင်း ရဲ ကို ၊ မြန် မာ မ သိ တောင် ၊ ကမ္ဘာ သိ အောင် ငါ လုပ် ပေး မယ် သူ ငယ် ချင်း ။နောက် လည်း ရင် ဖွင့် ချင် တာ ရှိ ရင် ငါ့ ကို သ တိ ရ ပေါ့ ကွာ ။
( အ ဘ ယ )

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */