“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, August 29, 2008

ဒေါ်စု ပြင်ပအစားအစာများ လက်မခံသည့် သတင်းအပေါ် အမေရိကန်အစိုးရ စိုးရိမ်ပူပန်

29 August 2008

နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို အစား အစာ ပုံမှန်လာပို့တာတွေကို လက်မခံတော့တာကြောင့် အစာငတ်ခံ ဆန္ဒပြနေတယ်ဆိုတဲ့ အတည် မပြုနိုင်သေးတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။အမေရိကန်ပြည်ထောင်စုကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေတွေအပေါ်စိုးရိမ်ပူပန်မိကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေပြန်လွှတ်ပေးဖို့ လိုလားကြောင်း ထုတ်ပြန်ပြောဆိုပါတယ်။
နေအိမ်အကျယ်ချုပ် ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံဆန္ဒပြနေတယ်ဆိုတဲ့ သတင်းနဲ့ပတ် သက်လို့ အတည်ပြုဖို့ အတော်လေးကို ခက်နေပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ အမေရိ ကန်ပြည် ထောင်စုအနေနဲ့ စိုးရိမ်ပူပန်မိတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန လက်ထောက်ပြောခွင့်ရသူ ရော ဘတ် ၀ုဒ်က မနေ့က နိုင်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွားပါတယ်။

"ဒါနဲ့ပတ်သက်လို့ ကျနော်တို့ အတော်လေး စိုးရိမ်ပူပန်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစားအ စာ လာပို့တာတွေကို လက်မခံတော့ဘူးဆိုတဲ့ သတင်းတွေလည်း ရပါတယ်။ ဒါပေမယ့် ပြဿနာတခုကတော့ သူက နေအိမ်အကျယ်ချုပ် ခံထားရတဲ့အတွက် ဒီသတင်းကို အတည်ပြုဖို့ မလွယ်ပါဘူး။ ဒေါ်အောင် ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားတာ ပြန်ရုပ်သိမ်းတာ ကျနော်တို့ မြင်ချင်ပါတယ်။

"ဒါ့အပြင် မြန်မာနိုင်ငံက အခြားနိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွတ်လာတာကိုလည်း မြင်လိုပါတယ်။ ဒီအ တွက်လည်း မြန်မာစစ်အစိုးရကို ကျနော်တို့ ဆက်ပြီးတောင်းဆိုသွားမှာပါ။ အခုကိစ္စမှာ အခက်အခဲဆုံးကတော့ သတင်းကို အတည်ပြုလို့မရတာပါ။ ဒေါ်အောင်ဆန်းစုကြည် အခြေအနေနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ စိုးရိမ်ပူပန်နေရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ်မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ မြန်မာနိုင်ငံကို လာရောက်စဉ်မှာ တွေ့ဆုံဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒီအတွက်လည်း ဘာကြောင့်ဆိုတာ ရှင်းရှင်း လင်းလင်း မသိရပေမယ့်အတိုက်အခံ လှုပ်ရှားသူတွေကတော့ မစ္စတာဂမ်ဘာရီရဲ့ ဆောင် ရွက် ချက်တွေအပေါ်ဒေါ်အောင်ဆန်းစုကြည်က သဘောမကျ၊ လက်မခံလို့ဖြစ်တယ်လို့ ဆိုကြ ပါတယ်။အမေရိကန်နိုင်ငံခြားရေးဌာနကတော့ မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်အပေါ်မှာ မြန်မာစစ်အစိုးရဘက်က ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆိုခဲ့တယ်လို့ မနေ့ကဘဲ နိုင်ငံခြားရေးဌာန လက်ထောက်ပြောခွင့်ရသူ ရောဘတ်ဝုဒ် က ကြေညာချက် ထုတ်ပြန်သွားပါတယ်။

မြန်မာအစိုးရကတော့ သူတို့အနေနဲ့ မစ္စတာဂမ်ဘာရီကို အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ခဲ့တယ်၊ ဒေါ်အောင်ဆန်းစုကြည်က မစ္စတာဂမ်ဘာရီကို တွေ့ဆုံဖို့ ငြင်းပယ်ခဲ့တာတောင် သူတို့ဘက်က တွေ့နိုင်ဖို့ အစွမ်းကုန်ကူညီခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာပါ။ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ကြေညာ ချက်မှာတော့ မြန်မာအစိုးရဘက်က ဂမ်ဘာရီကို ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်တဲ့အချက်ကို ထောက်ပြရာ မှာတော့ နိုင်ငံတကာက တောင်းဆိုချက်တွေကို မလိုက်လျော ခဲ့တာ ဖြစ်တယ် လို့ဒီကြေညာချက်ကို နိုင်ငံခြားရေးဌာန အရာရှိတဦးက အခုလိုဖတ်ပြပါတယ်။

"မြန်မာနိုင်ငံမှာ နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ တိုးတက်မှုတွေ ရလာစေဖို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီရဲ့ ကြိုးပမ်းမှုတွေကို မြန်မာအစိုးရဘက်ကပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ တာနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အထူးစိတ်ပျက်ရပါတယ်။

"မြန်မာအစိုးရက ကတိပေးထားတဲ့အတိုင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်ဆိုတာကို လျစ်လျူရှုပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ဖို့နဲ့ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား လူနည်း စု ခေါင်းဆောင်တွေနဲ့ အချိန်သတ်သတ်မှတ်မှတ် တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ အာဆီယံ အရှေ့ တောင်အာ ရှနိုင်ငံများအသင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတို့က တောင်းဆို နေတာ ကိုလည်း ငြင်းပယ် ခဲ့ပါတယ်။"အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်ကို နိုင်ငံခြားရေးဌာန အရာရှိ တဦး ဖတ်ပြသွား တာပါ။ကုလသမဂ္ဂဘက်ကတော့ မစ္စတာဂမ်ဘာရီခရီးစဉ်နဲ့ ပတ်သက်လို့အောင်မြင်မှုရှိမရှိတရားဝင် ထုတ်ပြန် ပြောဆိုတာ မရှိသေးပါဘူး။ ဂမ်ဘာရီဟာ အခု စနေနေ့မှာ တော့ ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း နဲ့ တူရင်မြို့မှာတွေ့ပြီး သူ့ခရီးစဉ်ကိစ္စအစီရင်ခံဖို့ရှိပါတယ်။ ဒီနောက်ပိုင်းတော့ ကုလသ မဂ္ဂဘက်က မစ္စတာဂမ်ဘာရီခရီးစဉ်အသေးစိတ် တရားဝင်ထုတ်ပြန်လိမ့် မယ် လို့တော့ မျှော်လင့်ရပါတယ်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */