“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, August 28, 2008

ထိုင်းအစိုးရ ဖြုတ်ချဘို့ ဘန်ကောက်မှာ သောင်းနှင့်ချီ ဆန္ဒပြ


အစိုးရပိုင် NBTရုပ်မြင်သံကြားဌာနကို ဆန္ဒပြသူတွေသိမ်းပိုက်၊
ယနေ့ဆန္ဒပြပွဲကို နောက်ဆုံးတိုက်ပွဲဟု ပီအေဒီ ဆန္ဒပြအဖွဲ့က ကြွေးကြော်

Bangkok Post/Agencies/ ၂၆ သြဂုတ် ၂၀၀၈

ဝန်ကြီးချုပ် တပ်ဆင် ဆန့်ကျင်သူများမဟာမိတ်အဖွဲ့ (PAD) သည် ထိုင်းနိုင်ငံ အမျိုးသားရုပ်သံ ထုတ်လွှင့်ရေး လုပ်ငန်း (NBT) ဌာနတွင်းသို့ ယနေ့ ၀င်ရောက်ပြီး ရုပ်သံထုတ်လွှင့်မှုကို အဓမ္မ ရပ်ဆိုင်းလိုက်သည်။
စမတ်အစိုးရ နှုတ်ထွက်ရေးတွန်းအားပေးမည့် ၎င်းတို့အစီအစဉ်အရ ယနေ့မနက်စောစောပိုင်းတွင် (PAD) အဖွဲ့သည် ရုပ်သံလွှင့်ရုံဌာန နောက်ဖေးပေါက်မှ ၀င်ရောက်ကာ ၀န်ထမ်းများအားလုံးကို အသံလွှင့်ရုံမှ အတင်း အကျပ် ထွက်ခွါ စေခဲ့သည်။
ရုပ်သံလွှင့်မှု ဖြတ်တောက်ခြင်းမခံရမီ အချိန်ပိုင်းလေးတွင် ဆန္ဒပြသူများ၏ ရုပ်ပုံများကို တခဏမျှ လွှင့် ထုတ်နေခဲ့သ ည်။
နောက်ပိုင်းတွင် ရဲများသည် ဆန္ဒပြသူတွေထဲမှ ပစ္စတိုနှစ်လက်၊ ဓားများနှင့်ဂေါ့ဖ်ရိုက်တံများ ကိုင်ဆောင်ထား သည့် ဆန္ဒပြသူ (၈၀) ဦးကို ဖမ်းဆီးခဲ့သည်။ အခြား (PAD) ဆန္ဒပြသူများသည် သယ်ယူပို့ဆောင်ရေးဝန်ကြီး ဌာန၊ စိုက်ပျိုးရေးနှင့် သမ၀ါယမ၀န်ကြီး ဌာန ၀င်းများအတွင်းသို့ ၀င်ရောက်ခဲ့သော်လည်း မည်သည့် အဆောက် အဦအတွင်းမှ ၀င်ရောက်ခြင်းမရှိပေ။
အစိုးရရုံးစိုက်ရာဌာနများသွားသည့်လမ်းကိုလည်း ပိတ်ဆို့ခံထားရပြီး အစိုးရ၀န်ကြီးအဖွဲ့အပတ်စဉ်အစည်းအဝေး ကို ပယ်ဖျက် ရန်အကျပ်ကိုင်ထားသည်။ ၀န်ကြီးချုပ်စမတ်သည် ကာကွယ်ရေးဦးစီးချုပ် ဘွန်ဆန်း နီ ယမ်ဖရာတစ်နှင့် လက်နက်ကိုင်တပ်ဖွဲ့များ၏အကြီးအကဲများကို ခေါ်ယူကာ အရေးပေါ်ဝန်ကြီးအစည်းအဝေး တရပ် ပြုလုပ်နေသည်ဟု ပြည်တွင်းမီဒီယာက ရေးသည်။
ဝန်ကြီးဌာနတွေရှေ့မှာ ဆန္ဒပြ(PAD) အဖွဲ့၏ အဓိကအဖွဲ့ဝင် ဆွမ်ဆက် ကိုဆိုင်ခူလ် ဦးဆောင်သည့် ဆန္ဒပြသူ (၂၀၀၀) ခန့် သည် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့် သမ၀ါယမ၀န်ကြီးဌာနများ ရှေ့မှောက် တွင် ယနေ့ ဆန္ဒပြနေကြသည်။

လက်ရှိအခြေအနေတွင် အရေးပေါ်အခြေအနေတရပ်အဖြစ် ကြေညာရန်မလိုဟု ကာကွယ်ရေးဦးစီးချုပ် ဘွန် ဆန်း နီယမ်ဖရာတစ်က ပြောသည်။
နောက်ဆုံးတိုက်ပွဲ
ထိုင်းဝန်ကြီးချုပ် စမတ် ဆန်ဒါရ၀ပ်နှင့် အစိုးရအဖွဲ့ပြုတ်ကျသွားမည်ဆိုသည့် ယုံကြည်မှုနှင့်အတူ ယနေ့ ဆန္ဒပြပွဲတွင် (PAD) သည် ၎င်း၏ အနာဂတ်ကို လောင်းကြေးထပ်နေသည်။
ယနေ့ သူနိုင်ကိုယ်နိုင်ဆန္ဒပြပွဲသည် “နောက်ဆုံးတိုက်ပွဲ”ဟု (PDA) ထဲမှ ခေါင်းဆောင်ပိုင်းတဦးဖြစ်သည့် ဆွန်ဒီ လင်ထောင် ခူလ်က “ဒီတကြိမ်မှာ ကျနော်တို့ရှုံးနိမ့်မယ်ဆိုရင် ကျနော်တို့ နောက်ဆုတ်ပြီး နိုင်ငံကို သူတို့လက် ထဲ ပေးအပ်လိုက်မယ်။ လူတွေက ကျနော်တို့ကိုမှ ဂရုမစိုက်တဲ့နောက် ကျနော်တို့ကလည်း ပြည်သူတွေကို ဂရုစိုက် မှာ မဟုတ်တော့ပါဘူး။ တိုင်းပြည်ကို သူများတွေပဲ ယူပစေတော့ပေါ့” ဟု ပြောသည်။
သို့ရာတွင် မေလ (၂၅) ရက်နေ့ကတည်းက ဆန္ဒပြနေခဲ့သော ထိုအဖွဲ့သည် ပါလီမန်ပြင်ပမှ ၀န်ကြီးချုပ်ရာ ထူး ကို ဆင်းခိုင်းသည့်လှုပ်ရှားမှုမှန်သမျှကို ငြင်းဆန်နေသော ၀န်ကြီးချုပ်စမတ်၏ ဖီဆန်မှုကို ရင်ဆိုင်ရ မည်ဖြစ် သည်။
အစိုးရသည် တရားဝင်အာဏာရအစိုးရဖြစ်သောကြောင့် အစိုးရကိုဖယ်ရှားရေးသည်လည်း ပါလီမန် မှတဆင့် ဖယ်ရှားခြင်း သာ ဖြစ်သင့်သည်ဟု မစ္စတာ စမတ်က ပြောသည်။
“၀န်ကြီးချုပ် တယောက်အနေနဲ့ တိုင်းပြည်တွင်းငြိမ်ဝပ်ပိပြားရေးအတွက် ကျနော့်မှာ တာဝန်ရှိတယ်။ ဆန္ဒပြတာ တွေဟာလည်း တရားဝင်စည်းဘောင်ထဲကနေပဲ လုပ်သင့်ပါတယ်။ တရားလွန်ဖြစ်သွားမယ်ဆိုရင်တော့ ရဲတွေ က အရေးယူမှာဖြစ် ပါတယ်” ဟု စမတ်က ပြောသည်။
မစ္စတာဆွန်ဒီက (PDA)ကိုထောက်ခံအားပေးသူ (၃) သိန်းခန့် ယနေ့ဆန္ဒပြမည်ဟုမျှော်လင့်ထားသော်လည်း ရဲဖက်ကမူ ဆန္ဒပြမှုသည် အင်အားသောင်းချီသည် အထိသာရှိမည်ဟု ခန့်မှန်းထားသည်။
အစိုးရယန္တယားကို ဖြတ်တောက်ခြင်း (PAD) ၏ဗျူဟာမှာ အုပ်ချုပ်ရေးနှင့် တိုင်းပြည်ကို တုံ့ဆိုင်းရပ် တန့်စေ ခြင်း ဖြစ်သည်။ ထိုဗျူဟာထဲတွင် အစိုးရရုံးနှင့် ရချဒမ်နိုအင်လမ်းမတလျှောက်ရှိ ၀န်ကြီးဌာနအားလုံးကို စီးခြင်း၊ ဖူးခက်နှင့် ဟက်ရိုင်တွင်ရှိ လေယာဉ်ကွင်း (၂) ခုကိုအဆက်အသွယ် ဖြတ်တောက်ခြင်း၊ လမ်းများပိတ်ဆို့ခြင်းတို့ ပါဝင်သည်ဟု မစ္စတာ ဆွန်ဒီက ဆိုသည်။
“ဒီနေ့ ဆန္ဒပြတာဟာ ထူးခြားတဲ့ပွဲပါပ၊ဲ အစိုးရယန္တရားတွေ အကုန်ရပ်တန့်မယ့် အရာမှန်သမျှကျနော် တို့လုပ် မယ်။ ဒါပေမဲ့ ပြည်သူတွေ ဒုက္ခဖြစ်စေမယ့်အလုပ်မျိုး လုပ်မှာမဟုတ်ပါဘူး” ဟု ဆွန်ဒီက ပြောသည်။
ယခု အစိုးရရုံးလုံခြုံရေးအတွက် အရင်ထာရတ် ကွန်မင်ဒို (၁၀၀) ခန့် ပါဝင်သော တပ်ဖွဲ့တဖွဲ့ စေလွှတ်ထား သည် ဟု သိရှိရ သည်။
ထိုင်းဝန်ကြီးချုပ်စမတ်နှင့် အစိုးရအဖွဲ့ ရုံးမတက်နိုင်စေရေးအတွက် ဘန်ကောက်ရှိ အစိုးရရုံးသို့ သွားသည့် အဝေးပြေးလမ်း မများ၊ လမ်းများတွင် ပိတ်ဆို့ရန် ယမန်နေ့က ဆန္ဒပြသူ သောင်းချီ၍ စုရုံးခြဲ့ကသည်။
ဘန်ကောက်တွင် (PDA) ဆန္ဒပြသူများက အစိုးရရုံးသို့ဝင်စီးရန် စီစဉ်နေချိန်၌ (PDA) ကိုထောက်ခံသော သူများက ဘန်ကောက်သို့လာသည့် အဓိကလမ်းမကြီးများကို ပိတ်ဆို့ထားမည်ဟုအဓိဋ္ဌာန်ပြုကြသည်။ ။
ဆန္ဒပြ ပီအေဒီအဖွဲ့ ဆိုသည်မှာ ဒီမိုကရေစီရေး ပြည်သူ့မဟာမိတ် (သို့)အမျိုးသား လွတ်မြောက်ရေး မဟာမိတ် အဖွဲ့ PAD သည် ထိုင်းဝန်ကြီးချုပ် တပ်ဆင်ကို ဆန့်ကျင်သော ဆန္ဒပြသူ များစုစည်း ထားသည့် မဟာမိတ်အဖွဲ့ တခုဖြစ်သည်။ ထိုမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ပိုင်းများတွင် မီဒီယာ လောကထိပ်သီး ဆွန်ဒီ လင်ထောင်ခူ၊ နိုင်ငံရေးသမား ချမ်လောင် ဆရီမောင်းနှင့် ဗိုလ်ချုပ် ဆက် ပရန် ခလေယန် နန် မိတို့ ပါဝင်သည်။ (၂၀၀၅) မှ (၂၀၀၆) အတွင်း ထိုင်းနိုင်ငံ နိုင်ငံရေး အ ကျပ် အတည်း ကာလတွင် ထိုမဟာမိတ်အဖွဲ့သည် အဓိက လှုပ်ရှားသူ များထဲတွင် အပါအ၀င်ဖြစ်ခဲ့ သည်။ ဘန်ကောက်နေ လူလတ်တန်းစားအများစုဖြင့် ဖွဲ့စ ည်းထားသော ထိုမဟာမိတ်အဖွဲ့သည် ကိုယ်ပိုင်နိုင်ငံရေးပါတီအဖြစ် MASS PARTY ကိုလည်း ဖွဲ့စည်းတည်ထောင်ခဲ့သည်။ သို့သော် ၀န် ကြီး ချုပ် ဟောင်း တပ်ဆင်ကို စစ်တပ်အာဏာသိမ်းပြီးနောက် ထိုပါတီကို ပီအေဒီက ဖျက် သိမ်း ခဲ့ သည်။ ။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */