မြန်မာပြည်သူပြည်သားအပေါင်းတို့
နောက်လ (၂၆-၈-၂ဝဝ၈) နေ့ဆိုလျှင် န.အ.ဖ စစ်ဘီလူးကြီးများ၏ ယုတ်မာ ပက်စက်သတ်ဖြတ်မှုကြောင့် ငြိမ်းချမ်း စွာ မေတ္တာပို့ချီတက် လမ်းလျှောက်ကြသောသံဃာတော်များ ကျောင်းသားများ ပြည်သူပြည်သား များ သွေးမြေကျခံရမှု (၁)နှစ်ပြည့်မြောက်ခဲ့ပါပြီ။
ထိုသံဃာတော်များ ကျောင်းသားများ ပြည်သူပြည်သားများသွေးမြေကျခံရခြင်း၊ ယခုထိ န.အ.ဖစစ်ဘီလူးကြီးများ၏
စစ်အကျဉ်းထောင်ထဲတွင်ဆက်လက်အညှင်းဆဲခံ အနှိပ်စက်ခံနေကြရခြင်းသည့် သူတို့အတွက် မဟုတ် မြန်မာ တစ်မျိုးသားလုံး စစ်ကျွန် စနစ်မှလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်သည်။
မိမိတို့မြန်မာတစ်မျိုးသားလုံးအတွက် စစ်ကျွန်စနစ် စစ်ဖိနပ်အောက်ကလွတ်မြောက်အောင် တိုက်ပွဲဝင် ခဲ့ကြ သော သာသနာ့အာဇာနည်များ ကျောင်းသားအာဇာနည်များ ပြည်သူအာဇာနည်များ၏ ကိုယ်ကျိုးစွန့် အနစ် နာခံမှု များကို အသိအမှတ်ပြု ဂုဏ်ပြုသောအားဖြင့် စက်တင်ဘာလ (၁)ရက်နေ့မှစကာ (၂၆-၉-၂ဝဝ၈) နေ့ထိ ၂၆-ရက်တိုင်တိုင်မိမိတို့ မြို့ရွာနယ်ပယ်အသီးသီးရှိ ထင်ရှားသော စေတီပုထိုးများသို့သွားရောက်ကာဖယောင်း တိုင်များ ထွန်းညှိပူဇော်၍ ဆုတောင်းမေတ္တာပို့ အမျှဝေပေးကြပါရန် လေးစားစွာဖြင့် အသိပေး နှိုးဆော် တိုက်တွန်းအပ်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့သာမဂ္ဂီအဖွဲ့နှင့် ရဟန်းပျိုသမဂ္ဂအဖွဲ့
အချင်းချင်းလက်ဆင့်ကမ်းဖြန့်ဝေပြောကြားပေးပါရန်လေးစားစွာဖြင့်အသိပေးနှိုးဆော်တိုက်တွန်းအပ်ပါသည်။
ထိုသံဃာတော်များ ကျောင်းသားများ ပြည်သူပြည်သားများသွေးမြေကျခံရြ
စစ်အကျဉ်းထောင်ထဲတွင်ဆက်လက်အညှ
မိမိတို့မြန်မာတစ်မျိုးသားလုံး
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့သာမဂ္ဂီအဖွဲ့နှင့် ရဟန်းပျိုသမဂ္ဂအဖွဲ့
အချင်းချင်းလက်ဆင့်ကမ်းဖြန့်ဝေေ
0 comments:
Post a Comment