“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, August 30, 2008

ဖလားဝါးနယူးစ် ဂျာနယ်သတင်းထောက်ချုပ်ကို ရဲက ခြိမ်းခြောက်

ဧရာဝတီ | သြဂုတ် ၂၇၊ ၂၀၀၈
http://www.irrawaddy.org/bur/news2008/August/Aug_27a_08.html

သင်္ဃန်းကျွန်း ၂ လောင်းပြိုင်လူသတ်မှုသတင်းရေးသားသောကြောင့် ဖလားဝါးနယူးစ် ဂျာနယ် သတင်းထောက် ချုပ်ကို ရန်ကုန်တိုင်း ရဲဌာနက ခေါ်ယူ ကြိမ်းမောင်းကြောင်း ၎င်း ဂျာနယ်နှင့် ပတ်သက်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။

ယခုတပတ်ထုတ် ဖလားဝါးနယူးစ် ဂျာနယ်တွင် သင်္ဃန်းကျွန်း မြို့နယ်၌ ယခင်တပတ်အတွင်း ဖြစ်ပွားခဲ့ သော လင်မယား ၂ ဦးအသတ်ခံရသည့် သတင်းဖော်ပြပါရှိခဲ့ရာ ၎င်းသတင်း ရေးသားသည့် ဂျာနယ် သတင်း ထောက်ချုပ် ကိုစောမြင့်သန်း (ပေါက်တော) ကို ရန်ကုန် တိုင်း ရဲဌာနမှ ခေါ်ယူကာ ရိုင်းရိုင်း စိုင်းစိုင်း ပြောဆို ကြိမ်းမောင်း ခဲ့သည်ဟု ဖလားဝါးနယူးစ် ဂျာနယ်နှင့် နီးစပ်သည့် အသိုင်းအဝန်းမှ အမည်မဖော်လိုသူ တဦးက ပြောပြသည်။
“အမျိုးသမီးရဲအုပ်နဲ့ ရဲမှူးက မင်းတို့ ဂျာနယ်တိုက်ကို စီးပွား ပျက်အောင် ပိတ်ပစ်မယ်။ မင်းဟာမင်း သတင်း ထောက် ချုပ် မကလို့ ဘာဖြစ်ဖြစ် ပုဒ်မမျိုးစုံတပ်ပြီး ဖမ်းလိုက်မယ်လို့ ခြိမ်းခြောက် လွှတ်လိုက်တယ်” ဟု ထိုသူက ပြောသည်။

၎င်း သတင်းသည် စာပေစိစစ်ရေးက တရားဝင်ခွင့်ပြုလိုက် ပြီးမှ ဖော်ပြထားသော သတင်းဖြစ်ပြီး ဖလားဝါး နယူးစ် ဂျာနယ် အပြင် အလဲဗင်း ဝိကလီးနှင့် သဗွိုက်စ် ဝီးကလီး ဂျာနယ်တို့ တွင်လည်း ရှေ့ဆင့် နောက်ဆင့် ပါရှိပြီး ဖြစ်သည်။

ခေါ်ယူကြိမ်းမောင်းသော ရဲမှူးကို ကိုစောမြင့်သန်းက တခြားဂျာနယ်များကိုပါ ခေါ်ယူ ဆူပူခြင်း ရှိ မရှိ မေးမြန်းရာ ၎င်းတို့ အရာရှိအနေနှင့် ဖလားဝါးနယူးစ် ကိုဖတ်ပြီး ၎င်းတို့အား ဆူပူသဖြင့် ဖလားဝါး နယူးစ်ဂျာနယ်မှ ရေးသား သူကိုသာ ကြိမ်း မောင်းရခြင်းဖြစ်သည်ဟု ပြန်လည် ဖြေကြားကြောင်း သိရသည်။

“တခြားဂျာနယ်တွေမှာ ရေးတာ၊ မရေးတာ မဆိုင်ဘူး။ ငါတို့လူကြီးက ဖလားဝါးနယူးစ်ကို ဖတ်ပြီး ငါတို့ကို ဆူလို့ မင်းကို ခေါ် ပြောရတာ” ဟု အထက်ပါရဲမှူးက ကိုစောမြင့်သန်းကို ပြန်လည်ဖြေကြားခဲ့ကြောင်း အမည် မဖော်လိုသူက ပြောပြသည်။

မနေ့ညကလည်း ကိုစောမြင့်သန်းကို ရဲစခန်းက ထပ်မံခေါ်ယူသေးရာ ၎င်း၏ အယ်ဒီတာချုပ်က သတင်း ထောက်ချုပ်ကို မလွှတ်နိုင်ကြောင်းနှင့် သူ့ကိုဖမ်းချင်ဖမ်းနိုင်ကြောင်း ပြန်လည် ပြောကြားခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ စာပေစိစစ်ရေးမှ ခွင့်ပြုပြီး ရဲစခန်းမှ ရေးသားသူ သတင်းထောက်ကို ခေါ်ယူ ကြိမ်းမောင်းခြင်းမှာ ယခုနှစ် အတွက် ပထမဦးဆုံးအကြိမ် မဟုတ်ပေ။ ၂၀၀၈ နှစ်ဆန်းက အင်းလျားလမ်း ငါးလောင်းပြိုင် လူသတ်မှု နှင့် ပတ်သက်၍ သတင်း ဆောင်းပါး ရေးသားခဲ့သော ဆဲဗင်းဒေး နယူးစ် ဂျာနယ်မှ မငြိမ်းငြိမ်းနိုင်လည်း ခေါ်ယူ ကြိမ်းမောင်းခံခဲ့ရဖူးသည်။

“တကယ်တော့ သတင်းမှားတယ်ဆိုရင် ရဲအနေနဲ့ တရားစွဲပိုင်ခွင့်ရှိတယ်။ ဒီလိုမျိုး သတင်းထောက်ကို လမ်းဘေးက သူခိုး ဂျပိုးလို စိတ်ထင်တိုင်း ခေါ်ဆူတာမျိုးကတော့ သတင်းစာနဲ့ သတင်းသမားကို တန်ဖိုးမ ထားတာဘဲဗျ” ဟု ရန်ကုန်အခြေစိုက် ဂျာနယ်တစောင်မှ အယ်ဒီတာတဦးက သုံးသပ်သည်။

ဆက်လက်၍ ၎င်းအယ်ဒီတာက သတင်းထောက်များဘက်မှလည်း ကိုယ့်တန်ဖိုးကိုယ်မြှင့်ဖို့လိုသကဲ့သို့ အယ်ဒီ တာ ကလည်း မိမိ၏ သတင်းထောက်ကို တန်ဖိုးထားရမည် ဟုဆိုသည်။

“အယ်ဒီတာက ရှေ့ကတာဝန်ယူတာမှန်တယ်။ ဂျာနယ်ဆိုတာ ဒီတိုင်းထွက်လို့ရတာမှ မဟုတ်တာ။ စိစစ်ရေးကို ဖြတ်ရသေးတာ။ စိစစ်ရေးကတောင် လွှတ်ပြီးသားကို ဒီလို တရားလက်လွတ် လုပ်ဖို့ မကောင်းဘူး” ဟု သူ့အမြင် ကို ဆက်ပြောသည်။

ယခုလက်ရှိအခြေအနေအရ မြန်မာနိုင်ငံတွင်းမှ သတင်းထောက်များအနေနှင့် သတင်း ရယူရန် ခက်ခဲလျှက်ရှိပြီး အစိုးရ ဝန်ကြီးဌာနများအနေနှင့်လည်း ယခင်က ပေးနေကျ ပုံမှန်ခေါ်ယူ သတင်းထုတ်ပြန် ပေးမှုများကို ရပ်ဆိုင်း တော့ မည်ဖြစ် ကြောင်း ရန်ကုန် သတင်းထောက်များ အသိုင်းအဝန်းမှ ကြားသိရသည်။
“လုပ်ရကိုင်ရတာ တော်တော်လေးခက်လာတယ်။ ဝန်ကြီးဌာနတွေက သတင်းမပေးတော့ဘူးလို့ တိုးတိုး တိတ်တိတ်ပြောတယ်။ သတင်းမှောင်ချလိုက်သလိုပဲ။ ဘာရေးရမှန်းကို မသိတော့ဘူး” ဟု ရန်ကုန် အခြေစိုက် သတင်း ဂျာနယ်တစောင်မှ သတင်းထောက် တဦးက ပြောသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */