“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, May 06, 2010

မင်း ဗိုလ်ကြီးရော..Xီး ဖြစ်သလား..

တပ်မတော်အရာရှိ (၄) ဦးနှင့် တိုက်ကြီးမြို့ခံနယ်သူနယ်သားများ ပဠိပက္ခဖြစ်ပွားခြင်း

လွန်ခဲ့သောအတာသင်္ကြန် အတတ်နေ့ညနေ (၅) နာရီအချိန်တွင် တပ်မ (၇၀၇) တပ်ရင်းမှ ဗိုလ်ကြီး (၄) ဦးနှင့် တိုက်ကြီးမြို့နယ်ရှိ မြို့ခံပြည်သူပြည်သားများ ကြီးမားလှသောပြဿနာတစ်ခု ဖြစ်ပွားခဲ့ပါသည်။

ထိုနေ့တွင် မောင်မျိုးညွန့်နှင့် မပန်းသီးတို့ မောင်နှစ်မနှစ်ယောက်သည် တိုက်ကြီးမြို့ ပြည်လမ်းအတိုင်း လျှောက်လာကြသည်။ တိုက်ကြီးမြို့တွင် မူးယစ်သောက်စားထားသော လူ (၄)ဦးမှ မောင်မျိုးညွန့်ကို " ဒီကောင်မလေးက မင်းနဲ့ဘာတော်လည်း" ဟု မေး လိုက်သည်။ မောင်မျိုးညွန့်က သူနှင့်မောင်နှမတ်ာစပ်ကြောင်း ပြောပြသည်။ ထိုအခါ ၄င်းလူ (၄) ဦးထဲမှ တစ်ဦးက " ငါတို့ ရေလောင်း မယ်" ဟုပြောကာ မပန်းသီး၏ ဦးထုပ်ကိုချွတ်၍ အတင်းအဓ္ဓမ ရေလောင်းကြပါသည်။

မောင်မျိုးညွန့်မှ " ခင်ဗျားတို့ မြန်မာလူမျိုးတွေ ရေလောင်းရင်လောင်း၊ ကိုယ်ထိလက်ရောက်မကျူးလွန်ပါနဲ့" ဟု ဟန့်တားလိုက်သည်။ ထိုအခါ လူတစ်ဦးက " မင်းနှမ ဘယ်လောက်တန်သလဲ" ဟု ပြောကာ မောင်မျိုးညွန့်ကို ၀ိုင်း၍ထိုးကျိတ်ကြသည်။ မပန်းသီးကလည်း အကိုဧ။်ရှေ့မှနေ၍ ကာကွယ်ခဲ့သည်။ ၄င်းအမူးသမားများသည် မိန်းကလေးဖြစ်သော မပန်းသီးကိုပါ ထိုးကျိတ်၍ သဟာရ လက်ဖက်ရည်ဆိုင်အတွင်းသို့ ၀င်ရောက်သွားကြသည်။

ဤသို့ဖြစ်ပွားပြီးနောက် တာဝန်ကျရဲဝန်ထမ်းတစ်ဦး ရောက်ရှိလာပြီး ရဲစခန်းသို့လိုက်ခဲ့ရန်ခေါ်သည်။ အမူးသမားများက " မင်းတို့ သူတောင်းစားတွေ.. မင်းလိုကောင်မပြောနဲ့ မင်းတို့စခန်းမှူး မြို့နယ်မှူး ကြိုက်တဲ့ကောင်ခေါ်ခဲ့ စောက်ဂရုမစိုက်ဘူး" " ငါတို့က တပ်မတော်ကဗိုလ်ကြီးတွေ" ဟု ရိုင်းပျစွာပြောဆိုခဲ့သည်။ ထိုအခါ အခင်းဖြစ်ပွားရာနေရာရှိ တိုက်ကြီးမြို့သူမြို့သားမှာ မခံမရပ်နိုင်ဖြစ်ကြပြီး " မင်းတို့က စစ်တပ်က ဗိုလ်ကြီးတွေဆိုပြီး ဒီလိုမတရားလုပ်လို့ မရဘူးကွ" ဟု ပြောဆိုပေါက်ကွဲကာ ဆိုင်အတွင်း၌ရှိသော ဗိုလ်ကြီးဆိုသူများကို ခဲများနှင့်ဝိုင်းပေါက် တုတ်များဖြင့် ၀ိုင်း၍ရိုက်ကြသည်။

မကြာမီ ရဲများက (၇၀၇) တပ်ရင်းသို့ ဖုန်းဆက်၍အကြောင်းကြားခဲ့သည်။

(၇၀၇) တပ်ရင်းမှ ဒုတိယတပ်ရင်းမှူးဆိုသူ ရောက်ရှိလာပြီး တရားဥပဒေအတိုင်းဖြစ်ရပါမည်ဟု ပြောကာ ဗိုလ်ကြီး (၄) ဦးကိုခေါ်ဆောင် သွားပါသည်။

နောက်တစ်နေ့သို့ရောက်သောအခါ ၄င်းဗိုလ်ကြီး (၄) ဦးသည် (Equipment) အပြည့်အစုံနှင့် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိ လာကြပြီး သူတို့အား ၀ိုင်းရိုက်သူများကို လာရောက်ရှာဖွေကြပါသည်။

အထက်ပါဖြစ်စဉ်များမှာ အမှန်တကယ်ဖြစ်ခဲ့သော ဖြစ်ရပ်များဖြစ်သည်။ တပ်မတော်အရာရှိများသည် မြန်မာအမျိုးသမီးမိန်းကလေးနှင့် အပစ်မဲ့သောအရပ်သားလူငယ်နှစ်ဦး ကို မတရားသဖြင့် အနိုင်ကျင့်ခဲ့ကြသည်။"ငါတို့က ဗိုလ်ကြီးတွေ " ဟု မိမိကိုယ်ကို တပ်မတော်အား ခုတုံးလုပ်၍ ပြည်သူများအား အနိုင်ကျင့်ခဲ့သည်ကို မြန်မာပြည်တစ်ဝှမ်းရှိ ပြည်သူများနှင့် ကမ္ဘာသူကမ္ဘာသားများ သိရှိစေရန် ကမ္ဘာ့ မီဒီယာများသို့တင်ပြလိုက် ရပါသည်။

မှတ်ချက်..
နာမည်အတိအကျ သိသူ သတင်းပေးပါခင်ဗျာ..
ကျနော်တို့  လောက်ကောင်စာရင်းထဲ ထည့်သွင်းပေးပါမယ်။. တနေ့ တရားဥပဒေအတိုင်း စီရင်ဖို့ ပါ။
အာဇာနည်များ..

1 comments:

Anonymous said...

ဟလို

သတင်းကို လာဖတ်သွားပါတယ်..။ အခုလို သိရတာ အင်မတန် မှ စိတ်မချမ်းသာပါ..။

နောက်တခုမေးချင်တာက.. စီ ဘောက်စမှာ စာရိုက်တာ မရပါ..။ ဘာဖြစ်လို့ပါလဲ..။

မဗေဒါ

 
----------------------------------------- */ /* EOT ----------------------------------------- */