ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဖွဲ့စည်းပုံ
ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ တံဆိပ်/ အလံ/ ဆောင်ပုဒ်
ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ၏ တံဆိပ်
ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ၏ တံဆိပ်သည် အောက်ပါအတိုင်းဖြစ်သည်-
- အစိမ်းခံစတုခံ (အလျား ၂လက်မ၊ အနံ ၃လက်မ) တွင် အနီခံဒိုင်းပါရှိပြီး ဒိုင်း၏ ဘေးပတ်လည်၌ ရွှေဝါရောင် သပြေရွက်များ ပါရှိသည်။
- ဒိုင်းအတွင်း၌ ခြင်္သေ့ထိုင်နေပုံကို မြန်မာ့ရိုးရာကောက်ကြောင်းဖြင့် ရေးထိုးထားပါသည်။
- ဒိုင်းပုံ၏ ထိပ်တည့်တည့်တွင် အဖြူရောင် ကြယ်တစ်လုံးပါရှိသည်။
- ဒိုင်းပုံ၏အောက်ဘက် အနီရောင်ထဲတွင် အသင်း၏ ဆောင်ပုဒ်ဖြစ်သော (စိတ်ဓာတ်၊ စည်းကမ်း၊ ကြံ့ခိုင်၊ စည်းလုံး) ကို အဖြူရောင်ဖြင့် ရေးသားထားပါသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ၏ အလံ
ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ၏ အလံသည် အောက်ပါအတိုင်းဖြစ်သည်-
- အလံ၏ အရွယ်အစားမှာ အလျား ၁၀ပေ အနံ ၆ပေရှိသော အစိမ်းရောင်တွင် လက်ဝဲဘက် အပေါ်ထောင့်၌ အနီရောင် အခန်းရှိသည်။ ထိုအခန်း၏ အရွယ်မှာ အလျား ၄ပေ၊ အနံ ၃ပေဖြစ်သည်။
- ထိုအနီရောင်အခန်း၏ အလယ်တည့်တည့်တွင် အမြင့် ၁ပေ၊ ၈လက်မရှိသော ငါးထောင့်ကြယ်ဖြူတစ်လုံးရှိသည်။
အစိမ်းရောင်၏ သဘောမှာ အေးချမ်းသာယာခြင်းဖြစ်သည်။
- အနီရောင်၏ သဘောမှာ ရဲစွမ်းသတ္တိ ရှိခြင်းဖြစ်သည်။
- ကြယ်ဖြူတစ်လုံး၏ သဘောမှာ တစ်လုံးတစ်စည်းတည်းရှိသော ပြည်ထောင်စုနိုင်ငံတော်ဖြစ်ခြင်း၊ ကြယ်တို့၏ ဂုဏ်ထူးဝိသေသဖြစ် သော ကိုယ်ပိုင်အလင်းရှိခြင်း၊ မိမိခရီးလမ်းကို ဖြောင့်တန်းစွာ သွားလေ့ရှိခြင်းတို့ ဖြစ်ပါသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ၏ဆောင်ပုဒ်
ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ၏ ဆောင်ပုဒ်သည် အောက်ပါအတိုင်းဖြစ်သည်-
စိတ်ဓာတ်၊ စည်းကမ်း၊ ကြံ့ခိုင်၊ စည်းလုံး
http://www.htwd.info/2010/05/usda-party.html မှ
မှတ်ချက်။ ဒါကြောင့် ရန်ကုန်မြို့ တော်ဝန်က..ခြင်္သေ့ ကိုသာ မဲထဲ့ဆိုတာ..ကိုယ့်ဘက်ကိုယ့်ယက်တာကိုး..မှတ်သားစရာပါဘဲ..
နဂိုကတည်းက အကွက်ဆင် ဖဲ၇ိုက်ပြီးသား .လေ
စစ်တပ်ကဘဲ လက်ဝါးကြီးအုပ်ဖို့ ဆိုတာ
Saturday, May 01, 2010
ပြောင်ကြီး၏ ရှိတာ ဖျောင်မဲ့ပါတီ , ခံတွင်းပျက်နေတဲ့ ခြင်္သေ့နာ.(သို့ ).စစ်တပ်က ပင်စင်နာများ
Subscribe to:
Post Comments (Atom)
2 comments:
မြန်မာနိုင်ငံ လူဆိုးစာရင်းကို ဓာတ်ပုံနဲ့တကွ အွန်လိုင်းပေါ် တင်ထားကြမယ်။ အဲဒီ Blog တစ်ခုဖို့ အကြံပေးချင်ပါတယ်။ Blogspot တည်နေသရွေ့ နာမည်ပျက်လူဆိုးစာရင်း သမိုင်းမှာ ကျန်နေစေရမယ်။
နောက်ပိုင်း VCD ထုတ်ပြီး တစ်နိုင်ငံလုံး သိစေကြမယ်။
Post a Comment