“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, May 06, 2010

"ဖာဆွယ်"တွေ ကို သတိထားကြပါ။

ဥပဒေဘောင်အတွင်းမှ လူကုန်ကူးမှုများ ရန်ကုန် မြို့လယ်၌ပင်တွေ့နေရ
by Seagull
အရွယ်ကောင်း၊ ရုပ်ချော မိန်း ကလေး ငယ်များကို သွေးဆောင်ဖြားယောင်းပြီး လိင်မှုကိစ္စအလို့ငှာ မြှူ ဆွယ်နေသော လူပွဲစားများသည် ရန်ကုန်ကဲ့သို့သော မြို့ကြီးများတွင်ပင် ပြောင်ပြောင်တင်းတင်း လှုပ်ရှားသွားလာလျက် အသိတရား ကိုယ်ခံအား နည်းပါးသော မိန်းကလေးငယ်များကို မက်လုံးပေး ဆွဲဆောင်နေကြောင်း သိရသည်။

မကြာသေးမီက ကျင်းပပြီးစီးသွားခဲ့သော သင်္ကြန်ပွဲတော်အတွက် တစ်ခုသောသင်္ကြန်မဏ္ဍပ်၌ ဖျော်ဖြေရန် မိန်းကလေး အဆိုရှင်များကို ယှဉ်ပြိုင်စေပြီး လူရွေးပွဲပြုလုပ်ခဲ့သည်။ အရွေးချယ်ခံရသူ မိန်းကလေး အဆိုရှင်များသည် တစ်ဦးလျှင် အနုပညာကြေး ကျပ် ၂၅၀,၀၀၀ ရရှိမည်ဖြစ်ပြီး သင်္ကြန်တွင်း လေးရက်စာအတွင်း အစားအသောက်ပါ အခမဲ့စီစဉ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ထိုသို့ အဆိုရှင်ရွေးပွဲ ကျင်းပပြီးနောက် အရွေးချယ်ခံရသော မိန်းကလေး တစ်ယောက်ကို ထိုပွဲအတွက် ကန်ထရိုက် ယူကာ တာဝန်ခံစီစဉ်ပေးသော အမျိုးသမီးကြီးတစ်ဦးက ချဉ်းကပ်ကာ မိန်းကလေးကသာ ဆန္ဒရှိလျှင် သက်ကြီးပိုင်း အမျိုးသားကြီးတစ်ဦးက လိုအပ်သော အထောက် အပံ့ပေးလျက် တရားမ၀င်ပေါင်းသင်းရန် အစီအစဉ် ရှိကြောင်း ပြောကြားခဲ့သည် ဟုသိရသည်။

ထိုမိန်းကလေးက ခါးခါးသီးသီး ငြင်းဆန်သောအခါ အမျိုးသမီးကြီးက လေသံပြောင်းကာ နောက်ဆုတ်သွားပြီး နောက်သုံးရက်နေသော နေ့တွင် ဖုန်းဖြင့် ဆက်သွယ်ကာ ထိုရေ ကစား မဏ္ဍပ်၌ ဖျော်ဖြေမည့် အစီအစဉ်တွင် နာမည်ကြီး မင်းသားမင်းသမီး အဆိုတော်များကို ဖိတ်ကြားမည် ဖြစ်သဖြင့် နာမည်မရသေး သူများကို သုံးမည်မဟုတ်ကြောင်း အကြောင်းပြန်ကြားခဲ့သည်ဆို၏။

“သမီးက သူပြောတဲ့ အစီအစဉ်ကို မလိုက်နာနိုင်ကြောင်း ပြတ်ပြတ်သားသား ပြောခဲ့တာပဲရှိတယ်။ ဘာမှမိုက်မိုက်ရိုင်းရိုင်း နစ်နစ်နာနာ ပြောခဲ့တာမရှိပါဘူး။ အဲဒါ ဖုန်းလာလို့ ကိုယ်မပါဘူး ဆိုတာသိရတော့ စိတ်ထဲမှာ တော်တော်ခံပြင်းမိတယ်။ သူတို့က သမီးကို လူရွေးပွဲမှာ အောင်တော့စရန် ငါးသောင်း ပေးပြီးသား။ အဲဒါကို ပြန်ပေးမယ်ဆိုတော့ နေပါစေတဲ့။ အဆုံးထား လိုက်ပါတယ်တဲ့။ သမီးက သူတို့ဆီသွားပြီး စရန်ကိုတောင် ပြန်ပေးပစ်ချင်တာ။ လုံးဝယူမထားချင်ဘူး။ ဒါပေမဲ့ သူတို့နဲ့ ထပ်မတွေ့ချင်လို့၊ သူတို့နဲ့ မျက်နှာချင်း ထပ်မဆိုင်ချင်လို့ မသွားဘဲ နေလိုက်တာ။ ရှက်လည်း ရှက်တယ်၊ ဒေါသလည်း ထွက်တယ်၊ ၀မ်းလည်း နည်းတယ်” ဟု အမည် မဖော်လိုသော ဖြားယောင်းခံ မိန်းကလေးငယ်က ပြောသည်။

ထိုသို့ ငွေကြေးဓနအင်အားဖြင့် မြှူဆွယ်ဖြားယောင်းကာ အရွယ်ကောင်းသော မိန်းကလေးငယ်များ၏ ဘ၀ကို နွံအိုင်အတွင်း တွန်းပို့ရန်ကြိုးပမ်းနေသော ဖြစ်ရပ်များမှာ မြို့ကြီးများတွင် ကျယ်ပြန့် လာနေပြီ ဖြစ်ကြောင်း သိရသည်။ အထူးသဖြင့် ရုပ်ရည်ချောမော လှပသောမိန်းကလေးငယ် များသည် လှချင်ပချင်ဝင့် ကြွားချင် စိတ်တို့ကိုရှေ့တန်းတင်ျက် အသွေးအသားကို ဈေးကစားမိကြသလို ရေလိုက်လွဲမှားမှုများ ရှိနေကြောင်းလည်း သတိပြုမိသူတို့ကဆိုသည်။

အထက် ဖော်ပြပါ သင်္ကြန်မဏ္ဍပ် ဖြစ်ရပ်တွင် ဖြားယောင်းခံရသော မိန်းကလေးမှာ မိဘများက ငွေကြေးဓန တောင့်တင်းသူများဖြစ်ခြင်း၊ သူမသည် အနုပညာ သက်သက်ကိုသာ ရူးသွပ်ကာ အခြား ပလွှားမှုများကို အာရုံမရောက်ခြင်း စသည်တို့ကြောင့် ဖြားယောင်း မှုကိုတွန်းလှန်နိုင်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ လူပွဲစားများ ဖြားယောင်းသည့် အတိုင်း စပွန်ဆာ(ထောက်ပံ့မှု) ပေးမည့်သူထံ မှ တိုက်ခန်း၊ ကား၊ ဖုန်း၊ အသုံးအဆောင်၊ ငွေကြေး စသည်တို့ကို မက်မောကာ ခေါင်းညိတ်လိုက်ပါက ထို မိန်းကလေး၏ ဘ၀သည် လူမသိ သူမသိနွမ်းရိသွားမည့် အကြွေပန်းဘ၀ ရောက်သွားနိုင်မည် ဖြစ်ကြောင်း ခန့် မှန်းသိရှိနိုင်သည်။

ထို့ကြောင့် တော်ရုံတန်ရုံအသိဖြင့် မရှောင်လွှဲနိုင်သာသော မက်လုံး အမျိုးမျိုးပြကာ မြှူဆွယ် ဖြားယောင်းပြီး အရွယ်ကောင်း မိန်းကလေးချောချောများ၏ ဘ၀ကို နင်းခြေဖျက်ဆီး လိုသည့် လူပွဲစား များကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဖော်ထုတ်တားဆီးသင့်ကြောင်း အသိပေးတင်ပြ လိုက်ရပေသည်။
http://him.civiblog.org/blog/_archives/2010/5/4/4520827.html မှ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */