“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, May 10, 2010

နအဖ ရဲ့ဇာတ်တိုက်ပြီး တရားခံဖော်ထုတ်ခြင်း


မူးရူးပြီး မျောက်က ကဖို့ကလွဲရင် ဘာမှ မသိတဲ့ ကျော်ဆန်း

ဒီနှစ်သင်္ကြန်အတွင်းရန်ကုန်မှာ ဗုံးပေါက်တာနဲ့ပတ်သက်ပြီး ရဲချုပ်ခင်ရီ ကတရားခံ တွေမိ ထားပြီ ဖြစ်ကြောင်း မေလ (၆) ရက်နေ့ သတင်းစာ ရှင်းလင်း ပွဲမှာ ပြောကြားသွားတာ သိလိုက် ရတော့ မေလ (၇) ရက်၊ ၂၀၀၅ ခုနှစ်တုန်းက ရန်ကုန်မြို့ကုန်တိုက် (ရှော့ပင်းစင်တာ) တွေမှ ဗုံးပေါက်ကွဲ မူ့တွေ ကို သတိရမိပါတယ်။
အဆိုပါပေါက်ကွဲမူတိုင်းတွင်ပြည်သူများထိခိုက်ဆုံးရှုံးရအခြင်းတွက်များစွာဝမ်းနည်းမိပါတယ်။ ကိန်းဂဏာန်းရက်လ ကို ကြည့် လိုက်တော့ လည်း ဗေဒင်ဆရာ ကိုတောင် သတိရ လိုက်ပါတယ်။ ၂၀၀၅၊ မေလ ဗုံးပေါက်ကွဲမူ့ နှင့် ပတ်သက်ပြီး မြန်မာသတင်းနှင့်ပြန်ကြားရေး ၀န်ကြီး ကျော်ဆန်း က KNU မှ ဗိုလ်ချုပ်ရွှေဆိုင်း ၏ လက်ချက်ဖြစ် ကြောင်း သတင်းစာ ဆရာများရှေ့ မှ ပြောကြားခဲ့ ပါတယ်။ သို့သော်လည်း ဗိုလ်ချုပ်ရွှေ ဆိုင်း ( KNLA တပ်မဟာ (၆) တပ်မမူး) သည်၂၀၀၅မေလ ဗုံးကွဲမူ မတိုင်ခင် (၁) နှစ် ကျော် တွင် ကွယ် လွန် ခဲ့ ပါ သည်။ သတင်း နှင့် ပြန်ကြားရေးဝန်ကြီး တစ်ယောက် အနေဖြင့် တာဝန် ထမ်းဆောင် ရန် အိမ်မှ ဇနီးသည် ကို များ တိုင်ပင်ရသလား၊ ဒါမှ မဟုတ် ဗေဒင်ဆရာများကို အားကိုးနေရသလား ဆိုတဲ့ မေးခွန်းများထွက်လာပါတယ်။

နောက်ပိုင်းတွင် ၄င်းဗုံးကွဲမူ့ နှင့် ပတ်သက်ပြီး KNU, KNPP, SSA နှင့် ဒေါက်တာစိန်ဝင်း ဦးဆောင်

သော NCGUB ၏လက်ချက်ဖြစ်ကြောင်းနအဖမှတရားဝင်ကြေငြာပြန်တယ်။ အဲဒီအချိန်ကလုံခြုံရေး

အထူထပ်ဆုံးဖြစ်တဲ့ မြို့တော်ရန်ကုန် ကို Operation အသေးစားတစ်ခုအနေဖြင့် ဗုံးခွဲတိုက်ခိုက်ရန်

နယ်မြေဒေသ ဝေးလံတဲ့ အဖွဲ့ (၄) ဖွဲ့က စုစည်းနိုင်တယ် ဆိုတော့ နအဖ ရဲ့စစ်တက္ကသိုလ် မှာသင်
ကြားနေတဲ့ စစ်သေင်္နက ဗျုဟာ တွေကို စိတ်ဝင်စားမိပါတယ်။

ဗုံးပေါက်ကွဲပြီး နအဖ ၏ ထုတ်ပြန်ချက် မထွက်လာခင် ကျောင်းသားတစ်ဦး ၏ပြောလိုက်ပုံမှာ

“ဟားဟား... KNU ၏လက်ချက်လို့ ပြောတော့မယ်..”

အံသြမိသည်မှာ ထိုကျောင်းသားသည် တက္ကသိုလ်ကျောင်းသား မဟုတ်ဘဲ (၉) တန်းကျောင်း

သားဖြစ်နေခြင်းဘဲ။





၎င်းဗုံးကွဲမူ့နှင့် ပတ်သက်ပြီး သတင်းနှင့်ပြန်ကြားရေးဝန်ကြီး ကျော်ဆန်း နှင့် ရဲချုပ်ခင်ရီ တို့၏

ဇာတ်ဆရာအလိုကျ ကြိုးစားချက်တွေ ကို အနည်းငယ် တင်ပြချင်ပါတယ်။ ၂၀၀၅ မေလဗုံးခွဲ

တိုက်ခိုက်မူ့နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ၎င်းတို့အပိုင်မြေ လေးအိမ်စု နား

ရှိ တကူဆိပ်ရွာမှ အမျိုးသမီးအပါအ၀င် ကရင်တိုင်းသား (၂၀) ကျော်ကိုတိုင်းစစ်ကြောရေစခန်း

သို့ခေါ်ယူစစ်ဆေးပါတယ်။စစ်ကြောရေးစခန်းသို့ ရောက်ရှိခဲ့သူတစ်ချို့၏ပြန်လည်ပြောပြချက်မှာ-

“ အချုပ်ခန်းထဲရောက်ပြီး (၃) ရက်ဆက်တိုက်အတွင်းဘာမှအမေးအမြန်း မရှိဘဲ လူကို

ဘဲ ဆက်တိုက် ရိုက်နေတယ်။ အစား အသောက် မပေးဘူး၊ အိပ်ခွင့် လည်း မပေးဘူး။

ဘာကြောင့်ရိုက်ရတာလည်းမပြောဘူး။”

(၃) ရက်မြောက်တဲ့နေ့မှာ သောက်ရေတစ်ခွက်ယူလာပြီး ရန်ကုန်မြို့မှာ ဗုံးခွဲ တာ မင်းမဟုတ်

လားမေးတော့ မဟုတ်ကြောင်းဖြေတဲ့အခါ သောက်ရေခွက် ကိုသွန်လိုက်ပြီး ဆက်တိုက်ရိုက်

တော့တာဘဲ။ ဒါနဲ့ဘဲ (၄) ရက်မြှောက်နေ့မှာဆက်မရိုက်ဖို့ပြောတော့ သူတို့ပြောခိုင်းတာပြော

ရမယ်လို့ အကျပ်ကိုင်ပါတယ်။

ထို ကဲ့သို့ ညဉ်းပန်း နှိပ်ဆက်နေတဲ့ အတောအတွင်း ကျောင်းဆရာ Saw Standford သည်



ဒဏ်ရာများနှင့်သေဆုံးသွားပါသည်။ ညဉ်းပန်းနှိပ်ဆက်သည့်နည်းမျိုးစုံမှ တစ်နည်းမှာ အမျိုး

သမီးကို င်္အကျီအ၀တ်အစား များ ချွတ်ပစ်ပြီး အမျိုးသမီးအင်္ဂါကို လျှပ်စစ်ဓါတ်ဖြင့်တို့ခဲ့သဖြင့်

အနှိပ်စက်ခံရသူများမှာနအဖ လက်ပါးစေ၏ စေခိုင်းချက်တိုင်း ပြောဖို့ သဘောတူခဲ့ရပါသည်။

ထို့နောက်စစ်ကြောရေးစခန်းမှ ဗုံးခွဲသူများ၊ စည်းရုံးရေး တာဝန်ခံ၊ ရံပုံငွေ ရှာဖွေ ရေးတာဝန်ခံ၊

ပစ္စည်း ပို့ဆောင်ရေးတာဝန်ခံ အစရှိသဖြင့် တာဝန်ခွဲဝေချပေးပြီးဇတ်တိုက်ပါတော့တယ်။ စိတ်

ကြိုက်ဇာတ် တိုက်ပြီး သကာလ ဧရာဝတီတိုင်းမူး မှ အနာဂတ်အကျိုးကိုမျှော်လျှက် အထက်သို့

သတင်းပို့လိုက်ပါတယ်။ စစ်ကြောရေးစခန်းတွင်ရှိစဉ် တိုင်းရင်းသား ဓါးစားခံများမှာ ဗုံးခွဲသူများ

မှာမိမိတို့ဖြစ်ကြောင်း ၀န်ခံပြီး မေးခွန်း နှင့်အဖြေ ကိုက်ညီစေရန် တစ်ပတ်ကျော် လေ့ကျင့်ခဲ့ပါ

သည်။ ၄င်းနောက် မြန်မာနိုင်ငံရဲချုပ် ဗိုလ်မူးချုပ်ခင်ရီ မှ ပြည်တွင်းပြည်ပ သတင်းစာဆရာများ

ရှေ့တွင် ဟန်ပါပါဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ပြောခဲ့သည်မှာ-“ ရန်ကုန်မြို့မေလ ဗုံးခွဲသည့် တရား

ခံများကို မိထားပြီ ဖြစ်ကြောင်း၊ မကြာခင်အချိန်တွင်း အများပြည်သူ များရှေ့တွင် ထုတ်ဖေါ်ပြ

သပြီး တရား ဥပဒေ အတိုင်း ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ” လူသိရှင်ကြား

ကြေငြာခဲ့ပါ သည်။ အစီစဉ်တိုင်း ဧရာဝတီတိုင်းစစ်ဌာနချုပ်မှ ဓါးစားခံများကိ မြန်မာနိုင်ငံရဲတပ်

ဖွဲ့သို့အပ်နှံပြီး ရန်ကုန်မြို့ဗုံးခွဲ ခဲ့သည့် နေရာများတွင် ပြန်လည် သရုပ်ဆောင် စစ်ချက်ယူရန်ဖြစ်

သည်။



ရဲအုပ်= နင့်နာမည်ဘယ်လိုခေါ်လဲ

ရွာသူ = ကျမနာမည် နော် xxxxx ပါ။

ရဲအုပ် = နေရပ်

ရွာသူ = ဧရာဝတီတိုင်း တကူဆိပ် ရွာကပါ။

ရဲအုပ် = နင်ဘာလုပ်ခဲ့လဲ

ရွာသူ = ရန်ကုန်မှာ ဗုံးခွဲဖို့ ရံပုံငွေ လိုက်ကောက်ပါတယ်။

ရဲအုပ် = ဘယ်သူ့ဆီက ကောက်ခဲ့လဲ

ရွာသူ = ရန်ကုန်မြို့အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက် က နော်xxxxx

ဆီမှ ငွေကျပ် ငါးသိန်း သွားယူခဲ့ပါတယ်။

ထို့နောက် ရဲအရာရှိများ သက်သေများ ခေါ်လျှက် အဆိုပါအိမ်သို့ တရားခံ နှင့်အတူ သွားကြပါသည်။

အိမ်ပေါ်သို့တက်ပြီးသောအခါ-

ရဲအုပ် = ကဲ.. နင်ပြောတဲ့ နော်xxxx ရဲ့ အိမ် ဘယ်မှာလဲ

အဆိုပါအိမ်သို့တစ်ခါမှ မရောက်ဘူးသော ရွာသူသည် တောင်ကြည့်မြှောက်ကြည့်ပြီး မျက်စောင်းထိုး

မှာရှိသော အိမ်ကို လက်ညိုးထိုးလျှက်-

ရြာသူ = အဲဒီအိမ္ဘဲ။

အမှန်မှာ အဆိုပါ နော် xxxx အိမ်ပေါ်သို့ရောက်နေသော်လည်း အလွတ်ကျက်ခဲ့သည့်အတိုင်း အပြင်

မှာမရောက်ဘူးသဖြင့် တွေ့ရာ ဖြေလိုက်ခြင်း ဖြစ်ပါသည်။ ရဲစခန်းသို့ပြန်ပြီး အမျိုးသမီး(၇) ဦးခန့် ကို

တန်းစီခိုင်းပြီး ရဲလုပ်ငန်းစဉ်အတိုင်းလူကိုလက်ညိုးထိုးဖေါ်ပြခိုင်းပါသည်။ အလွတ်လေ့ကျင့်ခဲ့ပြီးအပြင်

မှာ မတွေ့ခဲ့ဘူးသဖြင့် ၄င်းရွာသူမှာ မဖြေနိုင်ဘဲ ချွေးပြန်လာပါသည်။ ထို့နောက်င်္အကျီ သားနားစွာဝတ်

ထားပြီးရွှေဆွဲကြိုး ဆင်မြန်းထားသော အမျိုးသမီးကို လက်ညိုးထိုးလျက်-

ရွာသူ = ကျမကို ငွေပေးတာသူဘဲ ။ ဟဲ့ကောင်မ ပြောလိုက်လေ၊ နင်ငါ့ကို ငွေ

ွ ငါးသိန်းပေးတဲ့ကိစ္စ။

တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လျှက် အားလုံးတိတ်ဆိတ်နေပါသည်။

ရွာသူ ညွန်ပြလိုက်သူမှာ စခန်းမှုး၏ ဇနီးဖြစ်နေပါသည်။

စောxxxx ကိုဆက်လက်စစ်ဆေးပါသည်။

ရဲအုပ်= မင်းနာမည်ဘယ်လိုခေါ်လဲ

ရွာသား = ကျနော်နာမည် စော xxxxx ပါ။

ရဲအုပ် = နေရပ်

ရွာသား = ဧရာဝတီတိုင်း တကူဆိပ် ရွာကပါ။

ရဲအုပ် = မင်းဘာလုပ်ခဲ့လဲ

ံရွာသား = ကျနော် ဒဂုံရှော့ပင်းစင်တာ ကို ဗုံးခွဲခဲ့ပါတယ်။

ရဲအုပ် (အသံမာမာဖြင့်)= အမှန်တိုင်းပြောစမ်း၊ မပြောရင်မင်းနာမယ်။

ရွာသား = ဟုတ်ကဲ့ မလုပ်ပါနဲ့ခင်ဗျား၊ ကျနော်အမှန်တိုင်းပြောနေပါတယ်။

ဒဂုံရှော့ပင်းစင်တာ ကို ဗုံးခွဲခဲ့တာ ကျနော်ပါ။

ရဲအုပ် = ရွာကနေ ရန်ကုန်ကို ဘယ်လိုလာလဲ။

ရွာသား = လိုင်းကားနဲ့လာပါတယ်။

ရဲအုပ် = ဒဂုံရှော့ပင်းစင်တာကို ဘယ်လိုသွားလဲ

ရန်ကုန်မြို့သို့တစ်ခါမှမရောက်ဖူးသော ရွာသား သည်မမျှော်လင့်ထားသော မေးခွန်းကြောင့်

ချက်ခြင်းမဖြေနိုင်ဘဲ စဉ်းစားကာ-

ရွာသား = အဝေးပြေးကားဂိတ်ကနေ ဒဂုံရှော့ပင်းစင်တာကို လမ်းရှောက်သွား

ပါတယ်။

ရဲအုပ် = မှန်မှန်ပြောစမ်း။

ဒဂုံရှော့ပင်းစင်တာကို ဘယ်လိုသွားလဲ။

ရွာသား = ဟုတ်ကဲ့ ကျနော်လမ်းလျှောက်သွားပါတယ်။

ရဲအုပ် = ဗုံးကို ဘယ်လို သယ်လာလဲ

ရွာသား = ဆာလာအိတ်ထဲထည့်ပြီးထမ်းလာပါတယ်။

ရဲအုပ် = ဗုံးကိုဘယ်မှာသွားထားလဲ

ရွာသား = အမှိုက်ပုံးဘေးက တိုင်နားမှာသွားချထားပါတယ်။

ရဲအုပ် = ဗုံးကို ဘယ်လို ခွဲလိုက်လဲ။

ဗုံးလုပ်နည်း နှင့်ခွဲနည်းကို မသိသော ၄င်းရွာသားသည် ချက်ချင်းမဖြေနိုင်ဘဲ တစ်ချက်စဉ်းစားပြီး

ပြာပြာသလဲ နှင့် ဖြေလိုက်သည်မှာ-

ရွာသား = တံမျက်စည်းနဲ့ ရိုက်ခွဲလိုက်ပါတယ်။

ရဲအုပ် = အမှန်တိုင်းပြောစမ်း။ ဗုံးကို ဘယ်လိုခွဲ လိုက်လည်း

ရွာသား = ဒဂုံရှော့ပင်းစင်တာ မှာ ဗုံးကို ကျနော်ကိုယ်တိုင် တံမျက်စည်း နဲ့ ရိုက်

် ခွဲခဲ့ပါတယ်။ အဲဒါအမှန်ဘဲခင်ဗျ။

ရဲအုပ် = ဒါဆို မင်းဘာဖြစ်သွားလဲ

ရွာသား = ကျနော် ဘာမှမဖြစ်ဘူးခင်ဗျ။

ထို့နောက် တရားခံ ကို အဝေးပြေးကားဂိတ်သို့ခေါ်ပြီး ဒဂုံရှော့ပင်းစင်တာသို့ ဆက်သွားပါသည်။

ရွာသားတရားခံ၏ စိတ်ထဲတွင်မူ...

“ ဟိုက်.....မှားသွားပြီ။ အဝေးပြေးဂိတ် နဲ့ ဒဂုံရှော့ပင်းစင်တာ ဒီလောက်ဝေးတာဘယ်လိုလမ်း

လျှောက်လို့ရောက်မလဲ..”

ရောက်ခါနီးတွင်-

ရဲအုပ် = ဗုံးကိုဘယ်မှာထားပြီးခွဲသလဲ

ရွားသား = အမှိုက်ပုံးဘေးနားမှာ ထားပြီး ခွဲခဲ့ပါတယ်။

ဒဂုံရှော့ပင်းစင်တာ သို့ ၀င်ပြီး အပျက်အဆီးများ ကို ပြပြီး ဗုံးထောင်ခဲ့သည့်နေရာကိုမေးသောအခါ၊

ရွာသားမှာ အံအားသင့်လျှက် ဘာမှမဖြေနိုင်ဘဲ-

ရွာသား = ဟိုက်....မှားပြန်ပြီ၊ တကယ်ဆို အဲဒီဗုံးကွဲ တဲ့အချိန်မှာ ငါလည်း တစ်

ခါတည်း သေရမှာပေါ့။

နောက်ထပ် ၈ မိုင်ရှော့ပင်းစင်တာ ကို ဗုံးခွဲသည့် ကရင်အမျိုးသမီးအားဆက် လက်စစ်ဆေးပါသည်။

ရဲအုပ် = ဘာအပြစ်ရှိလဲ

ရွာသူ = ၈ မိုင်ရှော့ပင်းစင်တာမှာ ဗုံးခွဲခဲ့ပါတယ်။

ရဲအုပ် = ရွာကနေ ရန်ကုန်ကို ဘယ်လိုလာလဲ

ရွာသူ = လိုင်းကား နဲ့လာပါတယ်။

ရဲအုပ် = ကားဂိတ်ကနေ ၈ မိုင် ရှော့ပင်းစင်တာကို ဘယ်လိုသွား

လဲရွာသူ = ကက ဌားပြီးသွားပါတယ်။

ရဲအုပ် = ဗုံးကို ဘယ်မှာသွားထားလဲ

ဲရွာသူ = ပစ္စည်းအပ်တဲ့နေရာ မှာသွားထားပါတယ်။

ရဲအုပ် = အမှန်အတိုင်းပြောစမ်း၊ လိမ်ရင် နာသွားမယ်။

ရွာသူ = ဟုတ်..ဟုတ်ကဲ့ သူတို့ ပြောခိုင်းတဲ့ အတိုင်း ကျမပြောနေပါတယ်။ အဲဒါ

တွေဟာ သူတို့ပြောခိုင်းတဲ့အမှန်တွေဘဲ။

ရဲအုပ် = သူတို့ဆိုတာ ဘယ်သူတွေလဲ

ရွာသူ = သူတို့ကို ပြောလို့မရဘူး။ပြောရင်သေသွားနိုင်တယ်။

ရဲအုပ် = နင်လိမ်ဖို့ မကြိုးစားနဲ့။ လိမ်ရင်နာမယ်။အမှန်တိုင်းပြောရင်ဘာမှမဖြစ်ဘူး။

ရွာသူ = တကယ်လား၊ အမှန်တိုင်းပြောရင် ရိုက်မလား။

ရဲအုပ် = အမှန်တိုင်းပြောရင် ဘာမှမလုပ်ဘူး။ လိမ်ရင်ဒီထက်နာမယ်။

ရွာသူ = ဒါဆိုရင် အမှန်ကဒီလို xxxxxxxx

ဤသို့ဖြင့် ရွာသူမှပြောသည်မှာ ၄င်းဗုံးပေါက်ကွဲမူ့ကို မသိကြောင်း၊ စစ်တပ်မှညဉ်းပန်းနှိပ်စက်ပြီး

ဝန်ခံခိုင်းကြောင်း၊ စစ်ကြောရေးစခန်းတွင်ဇာတ်တိုက်ခဲ့ပုံများရှင်းပြပြီုး အသေးစိတ်ဖွင့်ချပါတော့သည်။



မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အမူ့တည်ဆောက် ၍မရတော့ဘဲ နှိပ်စက်ထား သော ရွာသားများကို

ိုပြန်လွှတ်လိုက်ရပါတော့သည်။ ဤကိစ္စသည် နအဖ ၏သရုပ်မှန် နှင့်အရည်အချင်းကို ဖေါ်ပြနေ

သော ခိုင်မာသည့် သာဓကဖြစ်ပါ သည်။ ၄င်းပြင် ပြန်ကြားရေးဝန်ကြီးကျော်ဆန်း၊ ရဲချုပ်ဗိုလ်မူးချုပ်

ခင်ရီ နှင့် ဧရာဝတီ တိုင်းမှုး အားလုံး၏ အရည်အချင်းကိုလည်း ထင်ဟပ်ပေါ်လွင်စေပါတယ်။


ယခုလည်း ရန်ကုန်သင်္ကြန် ဗုံးခွဲမူ့ ကို စတင်စွတ်စွဲ ထားသည့်အဖွဲ့က တစ်ခြား


ဖမ်းဆီးထားသည့်အဖွဲ့က တစ်ခြား နှင့် စကတည်းက တစ်လွဲဖြစ်နေပါပြီ။



အပြစ်မရှိသော ဓါးစားခံများတွက် ၀မ်းနည်းမိပါသည်။



မည်သို့ပင် ဇာတ်ဆရာအလိုကျ ဇာတ်တိုက်နေပါစေ သမိုင်းသက်သေ အမှန်တရား



များသည် အနှေး နှင့်အမြန် ပေါ်လာမည်မှာ ဧကန်မလွဲပေ။



မှတ်ချက်။ တကူဆိပ်ရွာအရေးအခင်းနှင့် ပတ်သက်ပြီး တာဝန်ရှိသူ၊ တာဝန်မဲ့

သူများကြောင်းကို ရွေးကောက်ပွဲကျင်းပ ခါနီးမှ ဖေါ်ပြသွားပါမည်။



ဖူးဒို
မေလ (၈)၊ ၂၀၁၀။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */