ပြည်ပသို့ ထွက်ခွာမည့် မြန်မာနိုင်ငံသား ခရီးသည်များအနေဖြင့် တစ်ဦး လျှင် တစ်ကျပ်သားထက် မပိုသည့် ရွှေထည် ပစ္စည်းကိုသာ ယူဆောင်ခွင့် ပြုပြီး ကျောက်ကွင်း ထားသည့် မည်သည့် လက်ဝတ်ရတနာကိုမျှ ပြည်ပသို့ ယူဆောင်ခွင့် မပြုကြောင်း ချမှတ်ထားသည့် စည်းကမ်းများ ကို လိုက်နာ ခြင်း မရှိသူများအား နိုင်ငံခြား ငွေလှဲလှယ်မှု ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ (၉/၂)ဖြင့် လည်းကောင်း၊ ကျောက်မျက် ရတနာ ဥပဒေ ပုဒ်မ (၃၉)အရ လည်းကောင်း အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ အကြောင်းအမျိုးမျိုး ဖြင့် ပြည်ပသို့ ထွက်ခွာသည့် မြန်မာ နိုင်ငံသား ခရီးသည်အချို့သည် ကျောက်မျက်ရတနာ၊ လက်ဝတ် ရတနာများအား ပြည်ပသို့ ထုတ်ယူ သယ်ဆောင်သွားကြသဖြင့် လေဆိပ်မှ တာဝန် ရှိသူများ အနေဖြင့် အထူးကြပ်မတ် စစ်ဆေး လျက်ရှိကြောင်း အကောက်ခွန်ဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ပြည်ပ ထွက်ခွာနေ ရာတွင် နိုင်ငံခြားသားများ ပစ္စည်းယူ ဆောင်ခွင့်နှင့် ပတ်သက်သည့် ကြေညာချက်များ ကိုလည်း ကြေညာထားကြောင်း သိရသည်။
Wednesday, May 05, 2010
တရုတ်ကိုဘဲ ကျောက်မြက် ရောင်းရမည့်ဥပဒေ..(ကိုယ်ပိုင်တာတောင် ယူရဖူးတဲ့..)
Subscribe to:
Post Comments (Atom)
1 comments:
ခွေးကျင့်ခွေးကြံပါတီ လို့ ကင်ပွန်းတပ်ပေးကြပါဗျာ
Post a Comment