“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, May 13, 2010

အခိုးအငွေ့ ပျံနေသော..စာရိတ္တနဲ့  ကိုယ်ရောင်ဖျောက် နေတဲ့ တရားဥပဒေ

ဒဂုံမြောက်မြို့နယ်၊ တော်ဝင်အိမ်ရာ တိုက်ခန်းတစ်ခုအတွင်း အမျိုးသမီးတစ်ဦးအားသတ်၍ ပစ္စည်းလုယူမှုဖြစ်ပွား

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ တော်ဝင်အိမ်ရာ (စီး/ကူး အိမ် ရာ)ရှိ တိုက်ခန်းတစ်ခုအတွင်း အမျိုးသမီးတစ်ဦးအားသတ်၍ ပစ္စည်းလုယူခဲ့သည့်ဖြစ်ရပ် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်တွင် သေဆုံးသူအမျိုးသမီးသည် အသက် ၂၆ နှစ်ရှိသူဖြစ်ပြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၁ တိုးချဲ့ရပ်ကွက်၊ ဦးဝိစာရလမ်းရှိ တိုက်ခန်းတစ်ခုတွင် နေထိုင်သူ့ဖြစ်ကြောင်း၊၂၀၁၀ ပြည့်နှစ် မေလ ၄ ရက်နေ့တွင် ၎င်းနေထိုင်ရာတိုက် ခန်းအတွင်း၌ အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ ခင်ပွန်းဖြစ်သူသည် နေအိမ်မှကျောက်တံတားမြို့နယ်ရှိ ၎င်းအလုပ်ရှိရာသို့သွားရောက်ခဲ့ပြီး နေအိမ်သို့ပြန်လာစဉ် နေအိမ်ဧည့်ခန်းဘုရားစင်ရှေ့တွင် ဇနီးဖြစ်သူအား လည်ပင်း၊ လက်မောင်းနှင့်လက်ဖျံတို့တွင် ပြတ်ရှထိုးသွင်းဒဏ် ရာများ ရရှိသေဆုံးနေ သည်ကို အခင်းဖြစ်နေ့ ည ၈ နာရီဝန်းကျင်၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇနီးဖြစ်သူဝတ်ဆင်ထားသော ရွှေထည်ပစ္စည်းများနှင့် ဧည့်ခန်းဘီရိုအတွင်းမှ ငွေအချို့စုစုပေါင်းတန်ဖိုး ၂၈၀၀၀၀၀ ကျော် အားပြစ်မှုကျူးလွန်သူက ယူဆောင်သွားကြောင်းသိရသည်။ဖြစ်စဉ်နှင့်ပတ်သက်၍ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းက (ပ) ၂၇၉/၂၀၁၀၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂/၃၉၂ ဖြင့် အမှုဖွင့်ထားပြီး တရားခံအား စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
http://www.first-11.com/

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */