အကျိုးကိုလို၍ လှူဒါန်းခြင်း မဟုတ်သော်လည်း ရေအကျိုး (၁၀) ပါးကို သိရှိစေရန် ဖော်ပြပေးလိုက်ပါတယ်။
(၁) လျင်မြန်ခြင်း၊
(၂) သန့်ရှင်းစင်ကြယ်ခြင်း၊
(၃) ကျော်ကြားလူသိများခြင်း၊
(၄) ဆာလောင်မွတ်သိပ်မှု ကင်းခြင်း၊
(၅) အခြွေအရံများခြင်း၊
(၆) အသက်ရှည်ခြင်း၊
(၇) အဆင်းလှခြင်း၊
(၈) ချမ်းသာကြီးခြင်း၊
(၉) ခွန်အားဗလ ကြီးမားခြင်း၊
(၁၀) ဉာဏ်ပညာ ကြီးမားခြင်း တို့ဖြစ်ပါတယ်။
အမိမြန်မာပြည် သောက်သုံးရေရှားပါးပြတ်လပ်မှုအတွက် လှူဒါန်းရန် တိုက်တွန်းနှိုးဆော်လွှာ (စင်္ကာပူ)
အမိမြန်မာပြည်ဒေသအချို့တွင် လတ်တလော ဆိုးရွားစွာ ဖြစ်ပေါ်ခံစားနေရသော ပူပြင်းခြောက်သွေ့မှု ဘေးအန္တရာယ်နှင့် သောက်သုံးရေရှားပါးမှုဒုက္ခများအတွက် ရေလှူဒါန်းနိုင်ရန် ပြည်တွင်းပြည်ပ မြန်မာများနှင့် ဖွဲ့စည်းထားသည့် ဗုဒ္ဓ၊ ဓမ္မ၊ သံဃ၊ လောက အသင်းကြီး (Lotus Foundation) ညီအစ်ကိုမောင်နှမများမှ ရန်ပုံငွေကောက်ခံကာ လှူဒါန်းဆောင်ရွက်လျက်ရှိပါသည်။
Lotus Foundation ညီအစ်ကိုမောင်နှမများမှ အမိမြန်မာပြည်၌ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာသော ဘေးအန္တရာယ်ဒုက္ခဆိုးတို့မှ အမြန်ဆုံး ကင်းဝေးနိုင်ကြစေရန်နှင့် အထိရောက်ဆုံး ကူညီထောက်ပံ့မှုများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ပေးနိုင်ရန် အတွက် နာရေးကူညီမှု အသင်း (ရန်ကုန်) မှ ကိုကျော်သူ + မရွှေဇီးကွက် တို့နှင့် ဆက်သွယ်ခဲ့ပါသည်။
နာရေးကူညီမှုအသင်း (ရန်ကုန်) အဖွဲ့အနေဖြင့် (13-05-2010) နေ့တွင် ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်သို့ သွားရောက်၍ သောက်သုံး ရေများ ကို စတင်ပေးဝေလှူဒါန်းသွားမည် ဖြစ်ကြောင်းကိုလည်း မရွှေဇီးကွက် ထံမှတဆင့် စုံစမ်းသိရှိရပါသည်။ ယင်းသို့သောက်သုံး ရေပေးဝေလှူဒါန်းသွားမည့်အစီအစဉ်များတွင် Lotus Foundation အနေဖြင့် ပူးပေါင်းပါဝင်ထောက်ပံ့သွားမည်ဖြစ်ပါသည်။
မရွှေဇီးကွက်မှ နောက်ရက်များတွင်လည်း လိုအပ်မည့်နေရာဒေသအသီးသီးသို့ ဆက်လက်၍ သောက်သုံးရေပေးဝေခြင်းနှင့် လိုအပ် သောကူညီထောက်ပံ့မှုများ ပြုလုပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းကိုလည်း Lotus Foundation အဖွဲ့တာဝန်ခံသို့ ပြန်လည်ပြော ကြားခဲ့ပါသည်။
သောက်သုံးရေပေးဝေခြင်းနှင့် လိုအပ်သော ကူညီထောက်ပံ့မှုများ ပြုလုပ်ဆောင်ရွက်သွားနိုင်စေရန်အတွက် Singapore မှ လှူဒါန်း ငွေများ ကို စနေနေ့ (၁၅-၀၅-၂၀၁၀) နေ့မှစ၍ အပတ်စဉ် နာရေးကူညီမှုအသင်း (ရန်ကုန်) အဖွဲ့သို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်သည်။
ပါဝင်လှူဒါန်းလိုသော စေတနာရှင် ညီအကိုမောင်နှမများအနေဖြင့် အောက်ဖော်ပြပါ Lotus Foundation အသင်းဝင် ညီအကို မောင်နှမများထံ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း မေတ္တာရှေ့ထား၍ နိဗ္ဗာန်အကျိုးမျှော်ကာ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
- ကိုဝင်းထွန်းဆင့် ဖုန်း (+၆၅) ၉၀၂၂၃၆၄၃
- ကိုအောင်ပြည့်စုံအေး ဖုန်း (+၆၅) ၉၁၁၉၇၃၆၁
- ကိုကျော်ဝဏ္ဏ ဖုန်း (+၆၅) ၈၂၃၆၉၁၅၉
- ကိုထင်ကျော် ဖုန်း (+၆၅) ၉၄၂၄၂၉၆၁
- မခင်မမ ဖုန်း (+၆၅) ၉၇၃၃၄၃၀၂
Lotus Foundation မှတဆင့် ရေအလှူပေးလှူလိုပါက -
- ကိုဝင်းထွန်းဆင့် POSB Savings A/C - 175-43771-1 OCBC Saving A/C - 55350 79809
- ကိုအောင်ပြည့်စုံအေး DBS Saving plus A/C - 02060 68726
- မခင်မမ POSB Savings A/C - 063-50289-8 သို့ ပေးပို့လှူဒါန်းနိုင်ပါသည်။
စင်္ကာပူမှ ရွှေမြန်မာများ Lotus foundation မှတဆင့် ထည့်ဝင်ကုသိုလ်ယူနိုင်သလို မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ သူငယ်ချင်းတို့လည်း နီးစပ်ရာ အဖွဲ့အစည်းများမှ တဆင့် ၀ိုင်းဝန်းကူညီပေးကြပါရန် တိုက်တွန်းလိုက်ပါတယ်။
ရန်ကုန်နာရေးကူညီမှု အသင်းမှတဆင့် လှူဒါန်းလိုသူများ အောက်ပါဖုန်းနာပါတ်များမှာ စုံစမ်းမေးမြန်းနိုင်ပါတယ်။ 01 580133 , 01 581363, 01 709277 , 01 728089
Friday, May 14, 2010
ရေ၏ အကျိုး(၁၀) ပါး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment