“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, May 08, 2010

ချိန်ခွင်ကြီးဇောက်ထိုး..အလေးခိုးနေတာ ငါးစိမ်းတန်းက ဘူလေးတုန်း

အစိုးရငွေကြေးဖြင့် ကြံ့ဖွံ့ပါတီ ရုံးစတင်ဆောက်လုပ်
သတင်း - Khonumthung News Group

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ.ဖွံ.) ပါတီ ရုံးဆောက်လုပ်ရန် အတွက် နိုင်ငံအစိုးရမှကျပ်ငွေ သိန်းတစ်ထောင်ချပေးခဲ့ပြီး ယခုအခါ စတင်ဆောက်လုပ်နေပြီဟု သိရသည်။

လူမှုရေးအသင်းမှ နိုင်ငံရေးပါတီအဖြစ် မကြာသေးခင်ကပြောင်းလဲလိုက်သည့် ပြည်ထောင်စုကြံ.ခိုင်ရေး နှင့်ဖွံ.ဖြိုးရေးပါတီ(ကြံ.ဖွံ.) မြို.နယ်ရုံးဆောက်လုပ်ရန်အတွက် နိုင်ငံတော်အစိုးရဘတ်ဂျတ်ငွေကို အသုံးပြုခဲ့ကြခြင်းဖြစ်သည်။

“ဧပြီလ ကတည်းက ရုံးဆောက်ဖို့ နေပြည်တော်ကနေ ကျပ်ငွေ သိန်းတထောင်ပို့ထားတယ်၊ အခုရုံး ကတော့ စတင်ဆောက်နေပြီ” ဟုဖလမ်းမြို့နယ်၊ကြံ့ဖွံ့ပါတီမှ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ဦးငွန်လာလ်း က ပြောသည်။
အဆိုပါအဆောက်အဦးကို ဖလမ်းမြို.လယ်ခေါင်ရှိ မြို့နယ် သမဝါ ယမ ရုံးမြေနယ်တွင် နှစ်ထပ်တိုက်ဖြင့် ဆောက်လုပ်နေကြပြီဖြစ်သည်။
“ကြံ့ဖွံ့ဥက္ကဌ ဦး ကောလ် လွယ် က ဦးဆောင်တယ်၊ အပေါ်ထပ်ကို ရုံး၊အောက်ထပ်ကိုဆိုင်အဖြစ် ရာထာြး ကတယ်” ဟု ဒေသခံ တဦး ကပြောသည်။

ဖလမ်းမြို့နယ်၊ သမဝါယရုံးသည် လွန်ခဲ့သည့် ၂ဝဝ၃ ခုနှစ်က မီးလောင်သွားခဲ့ရာသက်ဆိုင် ရာကပြန် လည်ဆောက်လုပ်ခြင်းမရှိတော့ဘဲ ယခုကြံ.ဖွံ.ပါတီရုံးအတွက် အသုံးပြုလိုက်ကြခြင်းဖြစ်သည်။

ယခင်က ကြံ့ဖွံ့အသင်းရုံးကို ပုဂ္ဂလိကအိမ်များငှားပြီးဖွင့်လှစ်ထားသော်လည်းကြံ့ဖွံ့ပါတီအဖြစ် ပြောင်းလဲဖွဲ့ စည်းပြီးနောက်ပိုင်း ရုံးအဆောက်အဦးအဖြစ်ဆောက်လုပ်လာခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ.ဖြိုးရေးအသင်းကို ၁၉၉၃ ခုနှစ်ကစပြီး စစ်အာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်း ရွှေက ဖွဲ.စည်းခဲ့ခြင်းဖြစ်သည်။ ယခင်က လူမှုရေးအသင်း သက်သက်သာဖြစ်ပြီး သို.သော်လည်း မကြာသေးခင်က နိုင်ငံရေးပါတီအဖြစ်ပြေင်းလဲလိုက်ပြီး စစ်အစိုးရ ၀န်ကြီးချူပ်ဗိုလ်ချူပ်သိန်းစိန်ဦး ဆောင်မှုဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန် ဧပြီလ ၂၉ ရက်နေ.က ရွေးကောက်ပွဲကော်မီရှင်သို.ပါတီမှတ်ပုံတင်ထားလိုက်ပြီဖြစ် သည်။

တခြားမြို့နယ်များတွင် ကြံ့ဖွံ့ပါတီရုံးများ ဆောက်လုပ်ခြင်းရှိမရှိ မသိရသေးပေ။အလားတူ ၁၉၉ဝ ရွေးကောက်ကာလက တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ ကိုလည်း မဆလခေတ် ပါတီရုံးများတွင် တရားဝင် ဖွင့်လှစ်ခွင့်ပေးခဲ့သည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */