ဒေါ်စုနဲ့တွေ့ခွင့်ရမှသာ Kurt Campbell မြန်မာနိုင်ငံခရီး ဆက်မည် 08 May 2010
အရှေ့အာရှရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell
တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲ အစီအစဉ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ အတွက် အမေရိကန် အဆင့်မြင့်ကိုယ်စားလှယ် တဦး လာမယ့် ရက်ပိုင်းတွေ အတွင်း မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ ဒီခရီးစဉ် ဖြစ်မြောက်ရေးအတွက် ချွင်းချက်တွေ ကတော့ ရှိတယ်လို့ ဆိုပါတယ်။ ဗွီအိုအေ သတင်းထောက် David Gollust အမေရိကန် နိုင်ငံခြားရေးဌာနက သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။
အရှေ့အာရှရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ဟာ လောလောဆယ် သူ့ရဲ့ အာရှခရီးစဉ် အတွင်းမှာ မြန်မာနိုင်ငံကို သွားကောင်းသွားနိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနကနေ ပြောဆိုလိုက်တာပါ။ ဒါပေမဲ့ ဒီခရီးစဉ်အတွင်းမှာ စစ်အစိုးရ အရာရှိတွေနဲ့သာမက ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံခွင့်ပေးမှသာလျှင် သူ မြန်မာနိုင်ငံကို သွားမယ်လို့ ပြောပါတယ်တဲ့။ Kurt Campbell ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ စစ်အစိုးရ တာဝန်ရှိသူတွေနဲ့ရော အထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံနိုင်ခဲ့ပါတယ်။
သမ္မတ အိုဘားမား အစိုးရက အထီးကျန်လှတဲ့ မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းနေတာရဲ့ တစိတ်တဒေသ အဖြစ်နဲ့ မစ္စတာ ကာ့ ကန့်(မ်)ဘဲ(လ်) မြန်မာနိုင်ငံကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကတိတွေပေးပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ပါဝင်ယှဉ်ပြိုင်လို့မရအောင် ဥပဒေတွေကို တမင်ဖန်တီး ပြဌာန်းထားတာနဲ့ ပတ်သက်ပြီးတော့ အမေရိကန် ပြည်ထောင်စုဘက်ကနေ အခုတလော ဝေဖန်တာတွေ တိုးလာတာ တွေ့ရပါတယ်။
လောလောဆယ် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကို ရောက်နေတဲ့ မစ္စတာ ကန့်(မ်)ဘဲ(လ်) က ရှေ့သီတင်းပတ်မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမဲ့ စစ်ဖက်အာဏာပိုင်တွေကို တွေ့ဆုံဖို့ ရှိတဲ့အပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အဲန်အယ်လ်ဒီ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံခွင့်ရမှသာလျှင် ဒီခရီးစဉ်ကို သူ သွားမယ်လို့ ပြောဆိုပါတယ်။
စစ်အစိုးရ ပြဋ္ဌာန်းလိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ အတိုက်အခံတွေအပေါ် မတရားရာ ကျတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေ ခရောလေး (P.J. Crawley) က အခုလို ဝေဖန်လိုက်ပါတယ်။
"ကမ္ဘာတ၀ှမ်းက ဒီမိုကရေစီနဲ့ တရားမျှတရေးအတွက် ကြိုးပမ်းနေကြသူတွေ အားလုံး အားကျဖွယ်ရာ အဖြစ်နဲ့ အဲန်အယ်လ်ဒီ နဲ့ အဲန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ မျှော်လင့်ချက် မီးရှူးတန်ဆောင် ပမာ ရပ်တည်ခဲ့ကြတာ အနှစ် ၂၀ ကျော်ခဲ့ပါပြီ။ အဲန်အယ်လ်ဒီ အနေနဲ့ မြန်မာပြည်သူတွေရဲ့ အကျိုးအတွက် ဆက်လက် သယ်ပိုးသွားဖို့ ဆုံးဖြတ်ချက် ချထားတာကိုလည်း ကျနော်တို့ ချီးကျူးပါတယ်။ အဲန်အယ်လ်ဒီ အပါအ၀င် နိုင်ငံရဲ့ အနာဂတ် ကောင်းကျိုးကို တည်ဆောက်ကြရာမှာ မဆုတ်မနစ် ကြိုးစာနေကြသူတွေ အားလုံးနဲ့အတူ ကျနော်တို့ ပူးပေါင်းဆောင်ရွက် သွားမှာပါ။"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ရွေးကောက်ပွဲမ၀င်ဖို့ ခြေလှမ်း လှမ်းခဲ့ရတဲ့အဖြစ်ရောက်အောင် မြန်မာ အာဏာပိုင် တွေက ဒီအခြေအနေတွေကို တမင် ဖန်တီးခဲ့တာကြောင့် အမေရိကန်ပြည်ထောင်စုက အတော်လေးကို စိတ်ပျက်မိတယ်လို့ ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဟာ အတိုက်အခံ အဖွဲ့အစည်းတခု အနေနဲ့ တရားဝင် ရပ်တည်နေဆဲလို့ အမေရိကန်ပြည်ထောင်စုက ရှုမြင်တဲ့အကြောင်းကိုလည်း ခုလို ပြောပါတယ်။
"အဲန်အယ်လ်ဒီ ပါတီဟာ ဒီမိုကရေစီအရ အတိုက်အခံတွေရဲ့ တစိတ်တဒေသ အဖြစ် တရားဝင် ရပ်တည်နေဆဲလို့ ကျနော်တို့က ရှင်းရှင်းလင်းလင်း ရှုမြင်ပါတယ်။ နောက်ဆုံးတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး နယ်ပယ် ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ပေးဖို့နဲ့ အတိုက်အခံတွေနဲ့ရော တိုင်းရင်းသားတွေနဲ့ပါ အနစ်သာရ ပြည့်ဝတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပေးဖို့အတွက် ကျနော်တို့ တွေ့ဆုံခဲ့သမျှ အစည်းအဝေးတွေကတဆင့် အရိပ်အမြွက် ပြောဆိုထားပြီး ဖြစ်ပါတယ်။"
မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ စစ်ဘက်ရာထူးတွေကနေ အနားယူ ပြီးတော့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေအဖြစ်နဲ့ ရွေးကောက်ပွဲဝင်ဖို့ ကြေညာလိုက်တာကြောင့်မို့လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ဘ၀င်မကျ ဖြစ်ရတဲ့အကြောင်းကို ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ထုတ်ဖော် ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။
http://www.voanews.com/burmese/2010-05-08-voa1.cfm?rss=topstories
Saturday, May 08, 2010
အားအားယားယား သန်းရွှေမျက်ခွက်နဲ့ ဘုရားဖူးဖို့ သွားတယ်မှတ်သလား..
Subscribe to:
Post Comments (Atom)
7 comments:
မြန်မာနိုင်ငံဟာ လွတ်လပ်တဲ့နိုင်ငံပါ။ အမေရိကန် လက်အောက်ခံမဟုတ်။
မြန်မာကို အပြစ်စကား မဆိုခင် ၁၉ဝဝ ခုနှစ် ဇူလိုင်လမှာ အင်္ဂလိပ်တို့  အတည်ပြုခဲ့တဲ့ An Act to constitute the Commonwealth of Australia. အထဲက အချို့ ကို အရင်ဖတ်ပါ။
http://www.aph.gov.au/senate/general/constitution/constit.pdf
An Act to constitute the Commonwealth of Australia.
9th July 1900
43. A member of either House of the Parliament shall be incapable of being chosen or of sitting as a member of the other House.
Disqualification.
44. Any person who–
(i) Is under any acknowledgment of allegiance, obedience, or adherence to a foreign power, or is a subject or a citizen or entitled to the rights or privileges of a subject or a citizen of a foreign
power: or
(ii) Is attainted of treason, or has been convicted and is under sentence, or subject to be sentenced, for any offence punishable under the law of the Commonwealth or of a State by imprisonment for one year or longer: or
ကိုထွန်းလင်း..
ရှင်..တော်တော်..coopy +paste
လုပ်တာ..ဝါသနာ..ပါတယ်နော်...
moehayko
အဖြူကို ဝေဖန်ရင် ဆက်ဆက်ထိမခံ ချီးစားရမလောက်အောင် ကြောက်နေတာ ဘာကြောင့်လဲ?
(၁) ထောင်ကျတဲ့သူ ပါတီ မဝင်ရဘူး ဆိုတာရော ဘယ်နိုင်ငံ ဥပဒေမှာပါ ပါသလဲ။
(၂) လွန်ခဲ့တဲ့ အနှစ် ၁၀၀ က ဥပဒေ အခုရော Australiaမှာရှိသေးလား။ ခေတ်မမှီတော့လို့ ဖျက်လိုက်ပြီ မဟုတ်လား။
http://www.aph.gov.au/senate/general/constitution/constit.pdf
အပေါ်က URL ကတော့ ယခုလက်ရှိ သြစတေလျ နိုင်ငံရဲ့  ဖွဲ့  စည်းပုံပါ။ URL ကိုကြည့်ရင် http://www.aph.gov.au/ gov for Government ဆိုတာ သေသေချာချာ ပါတာတွေ့ ရပါမယ်။ ခေတ်မမှီတော့လို့ ဖျက်လိုက်ပြီ ထင်တယ်လို့  ရမ်းမပြောပါနဲ့ ။့  URL နဲ့  အတိအကျပြပါ။
ဒီနေရာမှာလဲ ဖတ်နိုင်ပါတယ်။
http://www.aph.gov.au/Senate/pubs/guides/briefno19.htm
No. 19 - Qualifications of senators and candidates for senate elections
Senators are chosen by the people of each State and Territory voting as one electorate at periodic elections. The term of a senator representing a State is 6 years, while Territory senators’ terms coincide with that of the House of Representatives.
The provisions governing the qualifications of candidates for election and of senators, once elected, are contained in the Constitution and the Commonwealth Electoral Act 1918 (CEA). The purpose of these provisions is to ensure that the people who stand for, and are members of, the national Parliament are beholden to no-one but the electors as a whole and may therefore perform their duties free from undue external influence, including from the executive government, foreign governments and commercial pressures.
Candidates
To stand for either House, a person must be:
at least 18 years old; and
an Australian citizen; and
an elector entitled to vote or a person qualified to become an elector.
In 1901, the requirements for qualification were different but the Constitution gave the Parliament power to change these requirements and it has done so on several occasions (see sections 16 and 34 of the Constitution and section 163 of the CEA).
A person who is a member of the House of Representatives or a State or Territory legislature must resign before being eligible to stand for the Senate (see section 43 of the Constitution and section 164 of the CEA). A person may not make multiple nominations (section 165 of the CEA).
Section 44 of the Constitution provides further limitations on eligibility. A person cannot be chosen as a senator if he or she:
is a citizen or subject of a foreign power; or
is attainted of treason; or
has been convicted and is under sentence, or subject to be sentenced, for an offence under Commonwealth or State law punishable by a prison sentence of 12 months or more; or
is an undischarged bankrupt; or
holds an office of profit under the Crown; or
has a pecuniary interest in any agreement with the Commonwealth Public Service (except as a member of an incorporated company of more than 25 people).
Furthermore, a person convicted of certain bribery or undue influence offences is disqualified from being chosen as a senator for 2 years after the conviction (see section 386 of the CEA).
United States House of Representatives
Disqualification. Under the Fourteenth Amendment, a federal or state officer who takes the requisite oath to support the Constitution, but later engages in rebellion or aids the enemies of the United States, is disqualified from becoming a representative. This post-Civil War provision was intended to prevent those who sided with the Confederacy from serving. However, disqualified individuals may serve if they gain the consent of two-thirds of both houses of Congress.
http://en.wikipedia.org/wiki/United_States_House_of_Representatives
Fourteenth Amendment to the United States Constitution
Section 3.
No person shall be a Senator or Representative in Congress, or elector of President and Vice President, or hold any office, civil or military, under the United States, or under any State, who, having previously taken an oath, as a member of Congress, or as an officer of the United States, or as a member of any State legislature, or as an executive or judicial officer of any State, to support the Constitution of the United States, shall have engaged in insurrection or rebellion against the same, or given aid or comfort to the enemies thereof. But Congress may, by a vote of two-thirds of each House, remove such disability.
http://en.wikipedia.org/wiki/Fourteenth_Amendment_to_the_United_States_Constitution
Post a Comment