“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, May 04, 2010

ဒီစတစ်ကာလေးတခု..ကြောင့်..

ဒီငြိမ်းချမ်းရေး ချိုးငှက် စတစ်ကာကပ်မိလို့ တဲ့..ပြည်နှင်ဒဏ်.. ( Mr.Garrett Kostin ကပ်ခဲ့တဲ့ ငြိမ်းချမ်းရေး စတစ်ကာ)


ဒီစတစ်ကာကို သန်းရွှေက ကပ်စေချင်တာ..သူပုံပါတာ..လူကြည့်အောင်လို့ ..လူကြမ်းမင်းသားဘဲ လုပ်ရလုပ်ရ..များက လူကြည့်ခံချင်တာ..ဟွန့် ..


ငြိမ်းချမ်းရေး စတစ်ကာကပ်သူ အမေရိကန်နိုင်ငံသား ခရီးသည်တစ်ဦး မြန်မာနိုင်ငံမှ နှင်ထုတ်ခံရ......


သံဃာ့တပ်ပေါင်းစုမှ အရှင်သောပါကနဲ့ Mr.Garrett Kostin

အမေရိကန်နိုင်ငံသားခရီးသည်တစ်ဦး မြန်မာနိုင်ငံမှ နှင်ထုတ်ခံရ

အမေရိကန်နိုင်ငံသား Garrett Kostin ဆိုသူသည် ယနေ့ မေလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံမှ နှင်ထုတ်ခံခဲ့ရ သည်ဟု သိရသည်။ သူ၏ မြန်မာနိုင်ငံအတွင်း လှည့်လည်သွားလာနိုင်သော ဗီဇာသက်တမ်းမှာ မေလ ၁၀ ရက်နေ့မှ ပြည့်မည်ဖြစ်သည်။

သတင်းအရ ယနေ့နံနက်ပိုင်းတွင် သူ့ကို သူတည်းခိုရာ ဟိုတယ်မှ ထောက်လှမ်းရေးရဲနှင့်လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများ မန္တလေးလေဆိပ်သို့ခေါ်ဆောင်သွားခဲ့ပြီး ထိုမှနေပြည်တော်(ကြပ်ပြေး)၊ ထိုမှ ရန်ကုန်လေဆိပ်၊ ထိုမှ ဘန်ကောက်မြို့သို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

သူ့မိတ်ဆွေတစ်ဦး၏ ပြောပြချက်အရ သူသည် ငြိမ်းချမ်းရေးချိုးငှက်အမှတ်တံဆိပ်(Peace in Burma Now) စတစ်ကာများကို သူလှည့်ပတ်ခဲ့ရာ နေရာများ(ဘားအံ၊ သီပေါ၊ မန္တလေး၊ ပြင်ဦးလွင် ….. စသည့်) နေရာအနှံ့ တွင် လိုက်လံကပ်ခဲ့ကြောင်း သိရသည်။ မန္တလေးလေဆိပ်တွင်ပင် နေရာ ၃ နေရာထက်မနည်းကပ်ခဲ့သေး ကြောင်းသိရှိရသည်။

သူ့ကို မြန်မာအာဏာပိုင်များအနေဖြင့် နိုင်ငံသားများကို နှိပ်စက်သလို ညှင်းပန်းနှိပ်စက် မေးမြန်းခဲ့ခြင်းမရှိကြောင်း သိရသည်။ သူသည် ဧပြီလကတည်းက မြန်မာနိုင်ငံအတွင်းသို့ ခရီးသွားဗီဇာဖြင့် ၀င်ရောက် လည်ပတ်ခဲ့သူဖြစ် သည်။

သူ့အနေဖြင့် မေ ၁၁ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ငြိမ်းချမ်းရေးလှုပ်ရှားမှုကို ဆောင်ရွက်နေသူ အရှင် သောပါက နှင့်တွဲဘက်၍ “ Burma VJ ” မှတ်တမ်းရုပ်ရှင်ကို ရှင်းလင်းပြသမည်ဟုလည်း သိရသည်။

လာမယ့် ဇွန် ၁၉ ရက်တွငလည်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် သူတည်ထောင် ထားသော ချင်းမိုင်မြို့ရှိ The Best Friend Library (မိတ်ဆွေကောင်းစာကြည့်တိုက်) တွင် သူနှင့် Andrea ဆိုသူတို့ ပူးတွဲပြီး “ Responsible Tourism in Burma ” အကြောင်းနှင့်ပတ်သတ်၍ နှီးနှော ဖလှယ်ပွဲကျင်းပသွားမည်ဟုလည်း သိရှိရပါသည်။

သတင်း... အလင်းဆက်...



Mr. Garrett Kostinနဲ့ ကောင်းကင်ပြာကျောင်းမှ ကလေးငယ်များ
လေးစားပါတယ် မစ္စတာ Garrett

မဲဆောက် ရောက်စဉ်တုန်းက ခေတ္တတွေ့ခွင့်ရတဲ့ မစ္စတာGarrettပါ။ ဖော်ရွေပြီး အစဉ်အမြဲပြုံးရွှင်နေသူပါ... ချင်းမိုင်မှာ မြန်မာလူမျိုး တွေအတွက် The Best Friend Library စာကြည့်တိုက် ဖွင့်ဖို့ကြိုးစားနေခဲ့သူ တစ်ယောက်အနေနဲ့ လေးစားခဲ့ရပါတယ်။ ငြိမ်းချမ်းရေး စတစ်ကာကပ်တာကို ဖမ်းဆီး အရေးယူတယ် ဆိုတော့ ငြိမ်းချမ်းရေးမလိုလားသူ၊ ငြိမ်းချမ်းရေးနဲ့ မတန်သူတွေလို့ ကောက်ချက်ချလို့ ရတာပေါ့ Garrett ရေ။ မြန်မာပြည် လွတ်မြောက်ရေးအတွက် အခုလိုတတပ်တစ်အား ပါဝင်ဆောင်ရွက်ပေးခဲ့တဲ့ အမေရိကန်နိုင်ငံသား Garrett Kostin ကိုချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။

ဒီမိုဝေယံ http://www.demowaiyan.co.cc/2010/05/blog-post_04.html

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */