“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, November 06, 2008

အော်..သေသော်မှတည့် သြော်ကောင်း၏။ မြန်မာပြည်က ကျွန်၏ဘဝ

မြန်မာဒုက္ခသည် ရောင်းရန်ရှိသည်
ကိုဝိုင်း/ ၆ နိုဝင်ဘာ ၂၀၀၈

မလေးရှား လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူများက မြန်မာဒုက္ခသည်များကို မလေးရှားရင်းဂစ်ငွေ (၁၅၀၀-၂၀၀၀) ဖြင့် ထိုင်း-မလေးရှား နယ်စပ်တွင် ရောင်းစားနေကြောင်း မလေးရှားအတိုက်အခံပါတီမှ ကလန်းပြည် နယ် ဒီမိုကရက်အမတ် မစ္စတာ ချားဆန်တီယာဂိုက ခေတ်ပြိုင်သို့ ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မစ္စတာ ချားဆန်တီယာဂိုကို ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ ၄င်းက “မလေး ရှားမှာ ရှိတဲ့ မြန်မာဒုက္ခသည်တွေကို ဖမ်းမိပြီးတဲ့နောက်ထိုင်းနယ်စပ်ကိုပို့တယ်။ အဲဒီနောက် မလေး ရှားလူဝင်မှုကြီးကြပ်ရေးအရာရှိတွေက ထိုင်းလူ ကုန်သည်တွေဆီရောင်းတာဖြစ်တယ်” ဟု ပြောသည်။

ယင်းသို့ရောင်းချခြင်းခံရသူများသည် လူကုန်သည်များကို ၎င်းတို့တောင်းသမျှငွေကိုပေးနိုင်ပါက လွတ်လမ်း ရှိသော်လည်း မပေးနိုင်သူ များ သည် ယခုအခါ ထိုင်းနိုင်ငံရှိ ငါးဖမ်းလှေလုပ်သားများ၊ ပြည့်တန်ဆာများအဖြစ် လုပ်ကိုင်နေကြရကြောင်း မစ္စတာ ချား ဆန်တီယာ ဂိုက ဆက်ပြောသည်။

ထို့အပြင် ဤသို့ရောင်းဝယ်ခြင်း သည် နေရပ်ရင်းနိုင်ငံ၌ နိုင်ငံရေးအခြေအနေမတည်ငြိမ်သောကြောင့် မလေးရှားသို့ လာရောက် ခိုလှုံသူ များဖြစ်သည့် မြန်မာဒုက္ခသည်များထံမှ ခေါင်းပုံဖြတ် အမြတ် ထုတ်ခြင်းဖြစ် သောကြောင့် ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ သဘောတူညီ ချက်ကို ချိုးဖောက် ခြင်းဖြစ်သကဲ့သို့ လူကုန်ကူးခြင်း တားမြစ်သည့်ဥပဒေကိုလည်း ချိုးဖောက်ကျူးလွန်ရာရောက် သည်ဟု ၎င်းကပြော သည်။

မလေးရှားနိုင်ငံမှ NTV 7 တွင် ယခုနှစ် မေလအတွင်းက ‘Refugees for sale’ “ဒုက္ခသည်များ ရောင်းရန် ရှိ သည်” အမည်ဖြင့် မြန်မာ ဒုက္ခသည်များ ရောင်းစားခံရမှုကို ထုတ်ဖော်ပြသသွားပြီးနောက် ယင်းကိစ္စကို စုံစမ်း ဖော် ထုတ်ပေးရန်၊ အကြောင်းအရာ မှန်ကန်ကြောင်း တွေ့ရှိပါက သက်ဆိုင်ရာ ၀န်ထမ်းများကို အရေးယူပေး ရန် မစ္စတာ ချား ဆန်တီယာဂိုက မလေးရှားအစိုးရကို တိုက်တွန်းခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက အထူးစုံစမ်းစစ်ဆေးရေး ကော်မတီတ ရပ် ဖွဲ့စည်းခဲ့ပြီး စုံစမ်းမှုများပြု လုပ်ခဲ့ရာ လူရောင်းဝယ်မှုကိစ္စများတွင် ဌာနဆိုင်ရာအရာရှိ တဦးတယောက် မျှ ပါဝင် ခြင်း မရှိကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီးက မစ္စတာ ချား ဆန်တီယာဂိုကို အကြောင်း ပြန်ကြား ခဲ့သည်။

ယင်းပြန်ကြားချက်နှင့်ပတ်သက်၍ “သက်ဆိုင်ရာဌာနက ဒီကိစ္စကို တာဝန်အပြည့်အ၀ယူဖို့တောင်းဆိုလိုတယ်။ ပြီးတော့ မလေးရှား အစိုးရနာမည်ကိုလည်း မထိခိုက်စေချင်ဘူး။ သူတို့ကတော့ သက်သေ အထောက်အထား မခိုင်လုံဘူးထင်တာပေါ့ဗျာ။ ကျနော့်ဆီ နောက်ထပ် အချက်အလက်တွေ ထပ်ပြီးရောက်ဦးမှာပါ။ အဲဒီနောက် ဒီကိစ္စကို အသေးစိတ်လေ့လာပြီး အစိုးရဆီ ဆက်ပြီး တင်ပြသွားမှာပါ” ဟု မစ္စတာ ချား ဆန်တီယာဂို ကပြော သည်။

မလေးရှားနိုင်ငံတွင် ဒုက္ခသည်အဖြစ် ခိုလှုံနေသူ မြန်မာနိုင်ငံသား (၅) သောင်းကျော်ရှိကြောင်း မလေးရှား အခြေစိုက် ဒုက္ခသည် အဖွဲ့အစည်းများကခန့် မှန်းကြသော်လည်း အစိုးရကမူ အဆိုပါ အရေအတွက်၏ ထက်ဝက်မျှသာရှိသည်ဟု ပြောကြောင်း သတင်းများတွင်ဖော်ပြသည်။ http://www.newskhitpyaing.co.cc/?p=1026 မှ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */