“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, November 29, 2008

မွမ်ဘိုင်းမြို့ စီးနင်းမှု တိုက်ပွဲ ဆက်ဖြစ်

29 November 2008



အိန္ဒိယ နိုင်ငံက ဘဏ္ဍာရေး မြို့တော်ဖြစ်တဲ့ မွမ်ဘိုင်းမြို့ ကို အကြမ်းဖက်သမားတွေ စီးနင်းခဲ့ပြီးတော့ ၄၈ နာရီ အကြာ မှာတော့ သူတို့ ထိန်းချုပ်ထားတဲ့ နေရာတွေထဲက တနေရာကလွဲပြီးတော့ ကျန်တဲ့နေရာတွေ အားလုံးကို လုံခြုံရေး တပ်ဖွဲ့တွေ ပြန်ပြီး ထိန်းချုပ်နိုင်ပြီလို့ ပြောပါတယ်။

အိုဘရိုင် ထရိုင်းဒန့် (Oberoi Trident) ဟိုတယ်ဟာ လုံခြုံရေးတပ်ဖွဲ့တွေ လက်အောက်ကို ရောက်ပြီးတော့ အိန္ဒိယ

လုံခြုံရေး အရာရှိတွေက သောကြာနေ့က ပြောပါတယ်။ ချန်ဟိုက် ဂေဟာ ဂျူးဘာသာရေး စင်တာ တခုကိုလည်း လုံခြုံရေးတပ်ဖွဲ့ တွေက အပြီး ပြန်သိမ်းယူနိုင်ပြီလို့ ဆိုပါတယ်။ အဲဒီ ချန်ဟိုက် ဂေဟာ မှာ အကြမ်းဖက်သမားတွေလည်း မရှိတော့ပါဘူး။ ဓါးစားခံ အဖမ်းခံထားရသူတွေလည်း မရှိတော့ဘူးလို့ အိန္ဒိယ အမျိုးသားလုံခြုံရေး အစောင့်အကြပ်ရဲ့ ညွှန်ကြားရေးမှူး ဂျေကေဒက် က သတင်းထောက်တွေကို ပြောပါတယ်။

တက်ဂ်ျမဟာ ပဲလေ့စ် ဟိုတယ်မှာတော့ ညဥ့်အမှောင် ကောင်းကင်ယံကို နောက်ခံထားပြီးတော့ လောင်ကျွမ်းနေတဲ့ မီးတောက်တွေကို မြင်ရသလို ဒလဆက် ထွက်နေတဲ့ သေနတ်သံတွေကိုလည်း ကြားနေရပြီးတော့ တိုက်ပွဲက ဆက်ပြီးတော့ ဖြစ်ပွားနေဆဲပါပဲ။ သောကြာနေ့ အစောပိုင်းကတော့ ပျောက်ကျားတပ်ဖွဲ့ဝင်တွေက စစ်သွေးကြွ နှစ်ယောက်ကို သတ်ပစ်နိုင်ခဲ့ပြီးတော့ ဂျူးစင်တာ က ဓါးစားခံ ၅ ဦးရဲ့ အလောင်းတွေကို ရယူနိုင်ခဲ့တယ်လို့ မစ္စတာ ဒက် က ပြောပါတယ်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */