Agencies/ ၂၄ နိုဝင်ဘာ ၂၀၀၈
သောင်းနှင့်ချီသည့် ထိုင်းအစိုးရဆန့်ကျင်ရေး ပီအေဒီ ဆန္ဒပြအဖွဲ့ဝင်များ ယနေ့မနက်ပိုင်းက ထိုင်းလွှတ်တော်ရုံးကို ၀ိုင်းထားလိုက်ပြီး လွှတ်တော်ကိုပေးသည့် လျှပ်စစ်ဓာတ်အားလိုင်းကိုပါ ဖြတ်တောက်လိုက်သည့်အတွက် လွှတ်တော်အစည်းအဝေး ရွှေ့ဆိုင်းလိုက်ရသည်။
ထိုင်းဝန်ကြီးချုပ်ရုံးကို သိမ်းထားသည့် ပီအေဒီဆန္ဒပြအဖွဲ့ဝင်များ ဗုံးဖြင့် နောက်ဆုံး တိုက်ခိုက်ခံရပြီး မကြာခင် သောင်းချီသည့်
ပီအေဒီအဖွဲ့ဝင်များ ယနေ့ လွှတ်တော်ရုံးကို ချီတက်ဝိုင်းခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သည့် သြဂုတ်လမှစပြီး ပီအေဒီအဖွဲ့ဝင်များ ထိုင်းဝန်ကြီးချုပ်ရုံးကို သိမ်းပိုက်ဆန္ဒပြနေခြင်း၏ အဓိကရည်ရွယ်ချက်မှာ ၀န်ကြီးချုပ်ဟောင်း တပ်ဆင် ကြိုးဆွဲရာကနေသည်ဟု စွပ်စွဲခံရသည့် လက်ရှိ အာဏာရပါတီအစိုးရ ပြုတ်ကျအောင် တိုက်နေခြင်းဖြစ်သော်လည်း ယခုထိ မအောင်မြင်ပေ။ လက်ရှိဝန်ကြီးချုပ် ဆွန်ချိုင်းသည် တပ်ဆင်၏ ယောက်ဖတော်သူ ဖြစ်သည့်အတွက် ဆွန်ချိုင်းရာထူးမှထွက်ပေးရန် ပီအေဒီက ဖိအားပေးနေခြင်း ဖြစ်သည်။
ယနေ့ ထိုင်းလွှတ်တော်ရုံးကို ထောင်သောင်းချီသည့် ပီအေဒီအဖွဲ့ဝင်များ ၀ိုင်းထားသော်လည်း ရာထူးမှ နုတ်ထွက်ပေးမှာ မဟုတ်သကဲ့သို့ စစ်တပ်ကလည်း အာဏာသိမ်းရန်အကြောင်းမရှိ ဟု ၀န်ကြီးချုပ် ဆွန်ချိုင်းက ပြောသည်။
Monday, November 24, 2008
ထိုင်းလွှတ်တော်ကို ပီအေဒီအဖွဲ့ဝင်များဝိုင်းထား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment