“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, November 29, 2008

ကမ္ဘာမြေစိမ်းလန်းရေး သို့မဟုတ် Quantum of Solace

ငြိမ်းချမ်းငြိမ်း
သောကြာနေ့၊ နိုဝင်ဘာလ 28 2008 16:00 - မြန်မာစံတော်ချိန်

၂၂ ကားမြောက် ဂျိမ်းစ်ဘွန်းဇာတ်ကားသစ် Quantum of Solace ကို နိုဝင်ဘာလ ၁၄ ရက်နေ့ (သောကြာနေ့) မှစ၍ နိုင်ငံတကာတွင် ရုံတင်ပြသသည်။ ရုံတင်ပြသပြီး နှစ်ရက်အကြာ နိုဝင်ဘာလ ၁၆ ရက် (တနင်္ဂနွေနေ့) မှစ၍ ဈေးကွက်အခေါ် ရုံကော်ပီဟုခေါ်သည့် (ရုပ်ရှင်ရုံအတွင်း ကင်မရာဖြင့် ခိုးရိုက်ထားသည့် ခိုးကူးခွေ) DVD ချပ်များမှာ ရန်ကုန်မြို့များ၏ လမ်းဘေး DVD အရောင်းဆိုင်များတွင် တခွေလျှင် သုံးထောင်ကျပ်ဖြင့် ရောင်းချနေသည်ကို တွေ့ရမည်ဖြစ်သည်။ တရုတ်အသံထွက်များဖြင့် ထိုဂျိမ်းစ်ဘွန်းကော်ပီခွေ ဇာတ်ကားများမှာ တရုတ်နိုင်ငံမှ ရုပ်ရှင်ရုံများတွင် ခိုးဝှက်ရိုက်ကူး၍ DVD အဖြစ် ဖန်တီးကာ ဂျိမ်းစ်ဘွန်းဇာတ်ကား ကြိုက်သော မြန်မာပရိသတ်အတွက် အကြိုက်တွေ့ကြရသည်။

ကမ္ဘာမြေစိမ်းလန်းရေး သို့မဟုတ် Quantum of SolaceCasino Royal ခေါ် ၂၁ ကားမြောက် ဂျိမ်းစ်ဘွန်းဇာတ်ကားကို ၂ဝဝ၆ ခုနှစ်၌ ရန်ကုန်မြို့ရှိ နေပြည်တော် အပါအဝင် အခြားရုပ်ရှင်ရုံများတွင် သုံးပတ်ကြာ ပရိသတ်္တိုတိုးမပေါက်အောင် အားပေးခဲ့ခြင်းက ခိုးကူးခွေထုတ်လုပ်သူများအတွက် အကြိုက်တွေ့ခဲ့ကြခြင်း ဖြစ်မည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံတကာနှင့် အပြိုင် ဇာတ်ကားသစ်များကို ရုံမတင်နိုင်သော မြန်မာနိုင်ငံ၌မူ ဘွန်းပရိသတ်များ အနေဖြင့် ခိုးရိုက်ထား၍ ကြည်လင်ပြတ်သားမှု မရှိသော ထိုဇာတ်ကားကို တရုတ်စကားပြောသံများ အနေဖြင့် ခိုးဝှက်ထား၍ ကြည်လင်ပြတ်သားမှု မရှိသော ထိုဇာတ်ကားကို တရုတ်စကားပြောသံများဖြင့် ၎င်းရုပ်ရှင်ရုံထဲမှ ပရိသတ်အသံများဖြင့် ၎င်းကြည့်ရကာ အာသာဖြေကြရသည်။

Quantum of Solace ဇာတ်ကားကို Monster’s Ball, Finding Neverland ဇာတ်ကားများကို ဖန်တီးခဲ့သည့် ဒါရိုက်တာ မတ်(ခ်)ဖော်စတာက ရိုက်ကူးထားသည်။ Casino Royal တွင် ဘွန်းအဖြစ် သရုပ်ဆောင်ထားသည့် ဒယ်နီရယ်ခရေ့စ်ကပင် ယခုဇာတ်ကားတွင်လည်း ဘွန်းအဖြစ် သရုပ်ဆောင်ထားသည်။ ဘွန်းအဖြစ် အဓိကရန်သူ ဒေါမနစ်ဂရင်းအဖြစ် ပြင်သစ် သရုပ်ဆောင်နှင့် မက်သယူး အမ်မာလရစ်က သရုပ်ဆောင်သည်။

ကွမ်တမ်ဂိုဏ်း၏ အဓိကကျသော ဂိုဏ်သားတဦးဖြစ်ပြီး ဂရင်းပလန်းနက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့၏ ဥက္ကဋ္ဌတဦးဖြစ်သည့် ဒေါမနစ်ဂရင်းမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝါဒီအဖြစ် မျက်နှာဖုံးစွပ်ထားပြီး တရားမဝင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေသူ ဖြစ်သည်။ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီ ဗြိတိသျှ ထောက်လှမ်းရေး အဖွဲ့များနှင့် ပေါက်ရောက်သူလည်း ဖြစ်သည်။ သူ၏ အဓိက ရည်မှန်းချက်မှာ ပြည်ပတွင် ရောက်ရှိနေသည့် ဘိုလီဗီးယား စစ်ဗိုလ်ချုပ် မီဒရန်နိုကို အာဏာရရှိရန် ကူညီဆောင်ရွက်ပေးနေသူ ဖြစ်သည်။ မီဒရန်နို အာဏာ ပြန်လည်ရရှိလျှင် ဘိုလီဗီးယားနိုင်ငံ၏ ရေနံတွင်းများကို ထုတ်လုပ်ခွင့် ရရှိမည်ဖြစ်ပြီး အမေရိကန်ကလည်း စီအိုင်အေ အေးဂျင့် ဂရက်ကို လွှတ်ထား၍ မီဒရန်နို အာဏာသိမ်းနိုင်ရန် အကူအညီပေးထားသည်။

Quantum of Solace ဇာတ်ကားမှာ ၂၁ ကားမြောက် ဘွန်းဇာတ်ကား Casino Royal ဇာတ်ကားနှင့် ဆက်နွယ်မှု ရှိနေသည်။ Casino Royal ဇာတ်ကားတွင် ဘွန်းနှင့် မစ္စတာဝှိုက်တို့ ကာစီနိုကစားပွဲအပြီး နောက်တနာရီ အကြာတွင် ဖြစ်ပျက်သော ဖြစ်ရပ်တခုဖြင့် Quantum of Solace ဇာတ်ကားကို စဖွင့်ထားသည်။ ဇာတ်လမ်း စစချင်းမှပင် အီတလီနိုင်ငံ ဆီယာနာမြို့တွင် ဘွန်း မောင်းလာသော ကားနောက်သို့ သေနတ်သမားများ လိုက်လာကြကာ သူ့ကို အသေ ပစ်သတ်ကြသော်လည်း နောက်ဆုံးတွင် ဘွန်း လွတ်မြောက်လာခဲ့သည်။ ကျည်ဆန်ရာ ဗရပွဖြစ်နေသော ဘွန်း၏ မော်တော်ကားထဲတွင် ဖမ်းဆီးလာသော မစ္စတာဝှိုက်ကို ဘွန်းနှင့် MI 5 မှ စစ်ဆေးနေစဉ် M ၏ လူယုံသက်တော်စောင့် မစ်ရှဲလ်က ဝှိုက်၏ လူဖြစ်နေသောကြောင့် သူ့ကို လွတ်မြောက်အောင် ကူညီပေးလိုက်သည်။ ပိုလိုကစားပွဲ ကျင်းပနေသောကြောင့် ဝှိုက်ကို ပြန်လည် မဖမ်းမိသော်လည်း သစ္စာဖောက် မစ်ရှဲကိုမူ သူ၏ အဆက်အသွယ်များကို မေးပြီး သတ်ပစ်လိုက်သည်။ ဝှိုက်ဆီမှရသော အချက်အလက်၊ မစ်ရှဲဆီမှရသော အချက်အလက်များကို ဆက်စပ်လိုက်သည့်အခါ တောင်အမေရိကတိုက် နိုင်ငံရေးအတွက် အန္တရာယ်ရှိသည့် ကွမ်တပ်ဂိုဏ်းကြီးကို ဘွန်း ခြေရာခံမိသည်။

ကမ္ဘာမြေစိမ်းလန်းရေး သို့မဟုတ် Quantum of SolaceCasino Royal ဇာတ်ကားတွင် အာဖရိကတိုက်ရှိ စိန်တွင်းများနှင့် ပတ်သက်၍ အားပြိုင်နေသော သူပုန်များအား အကူအညီပေးနေသည့် အဖွဲ့များအား ရှင်းလင်းနိုင်ခဲ့ပြီးနောက် သူ၏ ကိုယ်ရေးကိုယ်တာ (Personal Mission) နှင့် ပတ်သက်၍ ချစ်ကြွေးဆပ်ရမည့် ဘွန်းမှာ ဝှိုက် လွတ်မြောက်ပြီးနောက် ဆွမ်းခံရင်း ငှက်သင့်ဖြစ်ကာ ကွမ်တပ်ဂိုဏ်းကြီးအား ဖြိုခွဲရမည့်အပြင် ဗြိတိသျှထောက်လှမ်းရေးဌာနမှ ကွမ်တပ်ဂိုဏ်းနှင့် ဆက်နွယ်သူများကိုပါ ဖော်ထုတ်ရမည့် အခြေအနေ ရောက်ခဲ့သည်။ သူ့အပေါ် သစ္စာဖောက်သွားသည့် ရုရှားသူလျှိုမယ် ချစ်သူဖြစ်သူ ဗက်စပလင်းအပေါ် ပြန်လည် လက်စားချေမည့် ဘွန်း၏ အစီအစဉ်များမှာလည်း မစ်ရှဲနှင့် အဆက်အသွယ်ရှိသူ ဟေတီရှိ ဆလိတ်နောက်သို့ လိုက်ရန် အကြောင်းဖန်လာခဲ့သည်။ ဘွန်း ဟေတီသို့ ရောက်ချိန်တွင် လက်မရွံ့ လူသတ်သမားတဦးက သူ့အား သတ်ရန်ကြံသော်လည်း မအောင်မြင်ခဲ့။ ဟေတီတွင် ဘိုလီဗီးယား သူလျှိုမလေး ကာမီလီမွန်တက်(ဇ်)နှင့် တွေ့ပြီးနောက် သူမကို နောက်ယောင်ခံလိုက်ချိန်တွင် ဒေါမနစ်ဂရင်းနှင့် ကာမီလီတို့ တွေ့ဆုံနေကြသည်။ ဂရင်းက ကာမီလီကို ဗိုလ်ချုပ်မီဒရန်နိုနှင့် မိတ်ဆက်ပေးပြီး သူတို့၏ မော်တော်ဘုတ်နှင့် ထည့်လိုက်သည်။ ကာမီလီ၏ မိသားစုကို သတ်ပြီး သူ၏ မိခင်အား မတရားပြုကျင့်သွားခဲ့သည့် မီဒရန်နိုကို ပြန်လည် လက်စားချေရန် ကာမီလီက ကြံစည်ထားသော်လည်း မီဒရန်နိုက မမှတ်မိချေ။ ဘွန်းက မော်တော်ဘုတ်ထဲမှ ကာမီလီကို ပြန်လည်ခေါ်ဆောင်ခဲ့သော်လည်း ကာမီလီက လိုက်ပါလိုစိတ် မရှိချေ။

ကွမ်တပ်ဂိုဏ်းသားများ လျှို့ဝှက်တွေ့ဆုံပွဲ ကျင်းပရာ သြစတြီးယားသို့ လိုက်သွားသည့်အခါ ကွမ်တပ်ဂိုဏ်းသားများက နာမည်ကျော်ပြဇာတ်ဆရာ ပုချီနီ၏ တူစကာ အော်ပရာပြဇာတ် ကြည့်ချင်ဟန်ဆောင်၍ ထိုပြဇာတ်ရုံထဲတွင် စုဝေးကြပြီး အထူးဖန်တီးထားသည့် နားတွင် တပ်ဆင်သော ကိရိယာဖြင့် အစည်းအဝေး လုပ်နေသည်ကို ဘွန်း သိရှိသွားခဲ့သည်။ ခဏအကြာတွင် ထိုနားကြားကိရိယာကို ရအောင်ယူပြီး ဘွန်းက အစည်းအဝေးကို နှောင့်ယှက်နိုင်ခဲ့သည်။ ထိုစည်းဝေးပွဲသို့ ဗြိတိသျှဝန်ကြီးချုပ်၏ အကြံပေးဖြစ်သူလည်း တက်ရောက်ပြီး ဘွန်း၏ နှောင့်ယှက်မှုကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ချိန်တွင် ဂရင်းလည်း ကားနှင့် ထွက်ပြေးရာ အကြံပေးပုဂ္ဂိုလ်၏ သက်တော်စောင့်ဖြစ်သူနှင့် ဘွန်းတို့နှစ်ဦး ဇာတ်ရုံခေါင်မိုးတွင် ဆုံမိကြသည်။ ထိုသက်တော်စောင့်က ခေါင်မိုးပေါ်မှ ခုံချသွားခဲ့ရာ ဂရင်းတို့၏ ကားပေါ်သို့ ကျသွားခဲ့သည်။

ကမ္ဘာမြေစိမ်းလန်းရေး သို့မဟုတ် Quantum of Solaceဗြိတိသျှအထူးအဖွဲ့ခွဲမှ အေးဂျင့်တဦးကို သတ်မှုဖြင့် M က ဘွန်းကို နိုင်ငံကူးလက်မှတ်နှင့် credit card များ အပ်ရန်အတွက် လန်ဒန်သို့ ပြန်လာရန် ခေါ်သော်လည်း ဘွန်းက အီတလီရှိ MI 5 အေးဂျင့်ဟောင်းနှင့် သူ၏ မိတ်ဆွေဖြစ်သူ ရီနီမေသစ်ဆီသို့ ရောက်သွားခဲ့သည်။ ရီနီ၏ အကူအညီဖြင့် ဘိုလီဗီးယားနိုင်ငံ လိုပက်(ဇ်)မြို့သို့ ပြန်လည်ရောက်ရှိကာ ထိုနိုင်ငံရှိ ဗြိတိသျှ ကောင်စစ်ဝန်ရုံးတွင် အမှုထမ်းနေသည့် MI 5 အေးဂျင့် စတော်ဘယ်ရီဖီးလ်နှင့် ရင်းနှီးခဲ့သည်။ သူမ၏ အကူအညီဖြင့် ဂရင်း၏ ရန်ပုံငွေ ရှာဖွေပွဲသို့ တက်ရောက်နိုင်ခဲ့ရာ ကာမီလီနှင့် ပြန်လည်တွေ့ဆုံခဲ့သည်။ ဘွန်းက ကာမီလီကို ပြန်လည် ခေါ်ဆောင်သွားရာ လမ်းတွင် ဘွန်းတို့ မောင်းနှင်လာသော ကားကို ဘိုလီဗီယား ရဲတို့က ရပ်ခိုင်းပြီး ကားနောက်ဖုံးကို ဖွင့်ခိုင်းသည်။ ဒဏ်ရာအပြည့်နှင့် ရီနီကို နောက်ဖုံးထဲတွင် တွေ့လိုက်ရာ ဘွန်းကိုယ်တိုင် အံ့သြသွားသည်။ ရဲတို့၏ ဖမ်းဆီးမှုကို လက်မခံဘဲ အပြန်အလှန် ပစ်ခတ်ပြီးနောက် ရီနီ သေဆုံးသွားခဲ့သည်။ ရီနီ မသေဆုံးခင် ဗက်စပါလင်းကို ခွင့်လွှတ်ရန် ပြောကြားသွားခဲ့သည်။

ကာမီလီနှင့် ဘွန်းတို့နှစ်ဦး Douglas DC-3 လေယာဉ်စီးကာ ဘိုလီဗီးယားနိုင်ငံ ရေနံထုတ်လုပ်ရန် လျာထားသော နေရာများတွင် သဲကန္တာရ ဖြစ်ထွန်းမှုကို လေ့လာချိန်တွင် တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်တစီးတို့မှ လိုက်လံ ပစ်ခတ်သဖြင့် လေယဉ်ပျက်ကျကာ ၎င်းတို့နှစ်ဦးလည်း ထွက်ပြေးရသည်။ ကာမီလီက မိဘများအတွက် လက်စားချေရန် ကြံစည်ထားသည့်အကြောင်း ဘွန်းကို ပြောပြပြီးနောက် သူတို့နှစ်ဦး လာပက်(ဇ်)သို့ ပြန်လာခဲ့သည်။ လာပက်(ဇ်)တွင် M နှင့် တွေ့ပြီးနောက် ဘွန်းကြောင့် MI 5 အေးဂျင့်မှာ စတော်ဘယ်ရီ ရေနံစိမ်စည်ထဲတွင် အသတ်ခံထားရမှုအတွက် ဘွန်းကို ဘိုလီဗီယားမှ ပြန်ခေါ်ရန် M က အမိန့်ထုတ်သောအခါ ဘွန်းကို မနာခံဘဲ ဓာတ်လှေကားထဲတွင် သူ့ကို ထိန်းသိမ်းထားသည့် MI 5 အေးဂျင့်များကို တိုက်ခိုက်ပြီး လွတ်မြောက်လာခဲ့သည်။

ဘားတခုတွင် ဘွန်း၏ မိတ်ဆွေဖြစ်သူ စီအိုင်အေ ထောက်လှမ်းရေး ဖီလစ်လီယက်တာနှင့် တွေ့ဆုံသည့်အခါ ဂရင်းနှင့် မီဒရန်နိုတို့နှစ်ဦး အာဏာသိမ်းရန် တွေ့ဆုံမည့်နေရာကို ပြောပြခဲ့သည်။ ကာမီလီနှင့် ဘွန်းတို့နှစ်ဦး ဂရင်းတို့ ချိန်းဆိုထားသည့် နေရာသို့ ရောက်ရှိသွားသည့်အခါ ထိုနေရာမှ ထိုနေရာမှ ထွက်ခွာရန် ပြင်နေသော ဘိုလီဗီးယား ရဲချုပ်ကို ရီနီအား သတ်မှုအတွက် ဘွန်းက ပစ်သတ်လိုက်ပြီး ကာမီလီကမူ ဗိုလ်ချုပ် မီဒရန်နိုကို သူ့မိသားစုအတွက် ကလဲ့စားချေနိုင်ခဲ့သည်။ ဘွန်းလက်တွင်းမှ ဂရင်း လွတ်မြောက်ခဲ့သော်လည်း ပြန်လည်ဖမ်းဆီးမိနိုင်ခဲ့ပြီး ကန္တာရအလယ်တွင် သူ့အား လောင်စာဆီတဗူးနှင့် ဘွန်းက ထားခဲ့သည်။

ကွမ်တပ်ဂိုဏ်းကြီးနှင့် ဗိုလ်ချုပ်မီဒရန်နိုအား ဖြိုခွဲခဲ့အပြီးတွင် ဘွန်းက သူ့ချစ်သူဟောင်းရှိရာ ရုရှားနိုင်ငံ ကာဇန်သို့ လိုက်သွားသည်။ ကာဇန်တွင် ဗက်စပါလင်းက ပြင်သစ်-အယ်ဂျီးယားဖွား ယူစွက်နှင့် အတူနေသည်။ ယူစွက်က ကမ်တပ်ဂိုဏ်းသား တဦးဖြစ်ပြီး ထိပ်သီးသူလျှိုမယ်များကို ချစ်ဟန်ဆောင်ကာ အတွင်းသတင်းများကို ထောက်လှမ်းနေသူ ဖြစ်သည်။ ဗက်စပါနှင့် တွေ့ချိန်တွင် ဘွန်းက ဗက်စပါကို အပြစ်မယူကြောင်း ပြောပြီး ကနေဒါ ထောက်လှမ်းရေးက အလိုရှိသော ယူစွက်ကို ထောက်လှမ်းရေး ကော်နီ လက်ထဲသို့ အပ်လိုက်သည်။ ဗက်စပါ၏ အိမ်မှအထွက်တွင် အသင့်စောင့်နေသော M က ယူစွက်ကို မသတ်ဘဲ ထွက်လာသည့် ဘွန်းကို တအံ့တသြ ကြည့်နေသော်လည်း ဘွန်းက ဗက်စပါအတွက် ယူစွက် ဝယ်ပေးထားသော ဆွဲကြိုးလေးအား နှင်းတောထဲသို့ ပစ်ချပြီး ပျောက်ကွယ်သွားသည်။

၂၂ ကားမြောက် ဂျိန်းစ်ဘွန်းဇာတ်ကားဖြစ်သည့် Quantum of Solace မှာ တခြားဘွန်းဇာတ်ကားများလို မဟုတ်ဘဲ လက်နက်ကိရိယာ အပြည့်အစုံ တပ်ဆင်ထားသော ကိုယ်ပျောက်ကားများ၊ လက်နက်ဆန်းများ၊ X Ray မျက်မှန်များ စသည့် ဆန်းဆန်းပြားပြား ပစ္စည်းများ မပါဝင်တော့ချေ။ ဒရမ်မာနှင့် ဇာတ်သိမ်းပြီး သဘာဝကျမှုကို ဦးစားပေးထားသည့် ယခုဇာတ်ကားကို ရုပ်ရှင်ဝေဖန်ရေးဆရာများက ဇာတ်လမ်းပိုင်း အားနည်းပြီး အခြား ဂျိန်းစ်ဘွန်းကားများမှ ဇာတ်ဝင်ခန်းများကို ဟိုတစ၊ ဒီတစ ယူထားသည်ဟု ဝေဖန်ကြသည်။ ဥပမာအားဖြင့် စတော်ဘယ်ရီကို ရေနံစိမ်းစိမ်ပြီး သတ်ထားပုံမှာ Gold finger တွင် သူလျှိုမယ်တဦး ရွှေရည်စိမ်ပြီး သတ်ထားပုံကို ယူထားသည်ဟု ဝေဖန်ကြသည်။

သဘာဝ အရင်းအမြစ်များကို ထုတ်ယူကာ ကမ္ဘာလောက စိမ်းလန်းစိုပြေမှုကို ဖျက်ဆီးပစ်မည့် Eco Terrorist များ၏ အန္တရာယ်ကို ရိုက်ကူးပြသခဲ့၍ ချီးမွမ်းမှုများလည်း ရှိကြသည်။ အချုပ်အားဖြင့် ဆိုရလျှင် ၂၂ ကားမြောက် ဘွန်းဇာတ်ကားတွင် ဘွန်း၏ ရန်သူအဖြစ် Eco Terrorist တို့ကို ထားသည်။ ၂၃ ကား သို့မဟုတ် ၂၄ ကားမြောက်တွင်မူ မြန်မာ အပါအဝင် တောင်အာရှမှ အာဏာရှင်များနှင့် ရုရှား၊ တရုတ်တို့ ဆက်သွယ်ကြပုံကို ဘွန်း၏ ရန်သူအဖြစ် ထားရှိကောင်း ထားရှိမည်ဟု ဘွန်းဇာတ်ကားများကို ထုတ်လုပ်သည့် Eon Production က ဒေးလီးတယ်ရီဂရပ် သတင်းစာနှင့် အင်တာဗျူးတွင် ပြောကြားထားသည်။ အကယ်၍သာ ဘွန်းဇာတ်ကားများတွင် မြန်မာနိုင်ငံအကြောင်း ထည့်ရိုက်မည်ဆိုလျှင် လမ်းပေါ်တွင် ရောင်းချနေသည့် DVD ဆိုင်များတွင် ထိုအခွေများကို တွေ့ရတော့မည် မဟုတ်ချေ။

ပထမဦးဆုံး ဘွန်းဇာတ်ကားဖြစ်သည့် Dr. No ကို ၁၉၆၂ ခုနှစ်တွင် ရုံတင်ပြသခဲ့သည်။ ၂ဝဝ၈ ခုနှစ်တွင် ဘွန်းဇာတ်ကားပေါင်း ၂၂ ကားရှိလာပြီး ဘွန်းမင်းသားပေါင်းလည်း ၆ ဦး ရှိလာကာ၊ ဘွန်းဇာတ်ကား၏ ဇာတ်လမ်းများမှာ အမျိုးမျိုး ပြောင်းလဲလာပြီး ဘွန်းဇာတ်ကား ဒါရိုက်တာပေါင်းလည်း တဒါဇင်ကျော် ရှိလာပြီဖြစ်သော်လည်း မြန်မာနိုင်ငံ၏ အာဏာရှင်စနစ်ကမူ လုံးဝ မပြောင်းချေ။

ငြိမ်းချမ်းငြိမ်း
http://www.mizzimaburmese.com/yatha-bank/movies/2066--quantum-of-solace.html
ဤရုပ်ရှင် ကြည့်လိုပါက ဒီမှာ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */