“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, November 28, 2008

သူတို့စစ်တပ်က ပြည်သူဘက်ကရပ်တည်တော့အားကိုးတာပေါ့

ထိုင်းဝန်ကြီးချုပ် ရာထူးမစွန့်ပါက အာဏာသိမ်းရန် စစ်တပ်အား ဖိအားပေး

ထိုင်း ၀န်ကြီးချုပ် ဆွန်ချိုင်း က ၀န်ကြီးချုပ် ရာထူးကို စွန့်လွှတ်ရန် ငြင်းဆန် လိုက်ပြီးနောက် ထိုင်းနိုင်ငံ စစ်တပ် အနေနှင့် အာဏာသိမ်း ရန် အတွက် ဆောင်ရွက် သင့်ကြောင်း ဖိအားပေးမှု များ နှင့် စတင်ကြုံတွေ့

လာရသည်။ ထိုင်းနိုင်ငံပိုင် ရုပ်မြင်သံကြား တွင် ဆွန်ချိုင်းက ပြောကြားခဲ့ရာ ၎င်းအနေနှင့် ဆန့်ကျင်ဘက် PAD ပါတီ၏ အလိုဆန္ဒကို လိုက်လျော ပြီး ရာထူးမှ နှုတ်ထွက်ရန် မစဉ်းစားကြောင်း အတိအလင်း ကြေငြာ ခဲ့သည်။ လက်ရှိ ဖြစ်ပျက်နေသော ထိုင်းနိုင်ငံ အခြေအနေ အရ ၀န်ကြီးချုပ်အား ရာထူးမှနှုတ်ထွက်ရန် စစ်တပ်မှ ပြောကြား ခဲ့သော်လည်း ဆွန်ချိုင်းက ငြင်းခဲ့သောကြောင့် စစ်တပ်အနေနှင့် တစုံတရာ ဆုံးဖြတ် ရဖွယ် ရှိလာ ခဲ့ပြီ ဖြစ်သည်။

ထိုင်းစစ်ဦးစီးချုပ် အာနူပွန် ပိုချင်ဒါ သည် မူလက စစ်တပ်မှ အာဏာသိမ်းရန် လက်မခံဟု ပြောကြား ခဲ့သော်လည်း ၀န်ကြီးချုပ် ၏ ယတိပြတ် ငြင်းဆိုမှု ကြောင့် အကြပ်အတည်း နှင့် ရင်ဆိုင်ရပြီး အာဏာသိမ်း ရေး ဖိအား ပေးခံ ရဖွယ်ရှိ သည်။ အာနူပွန်က အတိုက်အခံ ဆန္ဒပြသူများအား ငြိမ်သက်ပေးရန်နှင့် ၀န်ကြီးချုပ် ဘက်မှ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် တောင်းဆိုထား သော်လည်း နှစ်ဘက်စလုံး မှ တင်းမာနေ မှုကြောင့် စစ်တပ် အနေနှင့် ပါဝင် စွက်ဖက် ရဖွယ်ရှိကြောင်း နိုင်ငံရေး အကဲအခတ် များက ပြောကြား သွား ခဲ့သည်။

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */