“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, November 25, 2008

မြန်မာမိန်းကလေးငယ်အား ရောင်းစားသူ တရုတ်အမျိုးသမီးကို ဖမ်းဆီးလိုက်



တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် မြန်မာမိန်းကလေးငယ် တစ်ဦးအား လိမ်ညာလှည့်ဖျားပြီး ရောင်းစားခဲ့သူ တရုတ်အမျိုးသမီးတစ်ဦးအား တရားစွဲဆိုထားလိုက်ကြောင်း သိရှိရသည်။ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့၊ မင်ဟန်ခရိုင် တရားရုံးက ဇန်ကွင်လန်အား လူကုန်ကူးမှုအတွက် စွဲချက်တင်ထားလိုက်သည်။ တရုတ်-မြန်မာ နယ်စပ်တွင် နေထိုင်သော အဆိုပါ မြန်မာမိန်းကလေးအား အလုပ်သွင်းပေးမည်ဟု ဇန်ကွင်လန်က အယုံသွင်း ခေါ်ဆောင်လာပြီး ဇူလိုင်လ (၂၀)ရက်နေ့က ယူနန်ပြည်နယ်မှ “ဝေ”ဟူသော အမျိုးသားတစ်ဦးထံ မယားအဖြစ် ပေါင်းသင်းနိုင်ရန်အတွက် ယွမ်ငွေ(၃၀၀၀၀) (အမေရိကန်ဒေါ်လာ ၄၃၈၆)နှင့် ရောင်းစားသွားခဲ့သည်။ ထိုမြန်မာ မိန်းကလေးငယ်လေးမှာ အသက်(၁၆)နှစ်သာ ရှိသေးသော်လည်း ဇန်ကွင်လန်က အသက်(၂၀)အရွယ် ရှိနေပြီဖြစ်ကြောင်း ဝေအားလိမ်ညာပြီး ရောင်းချသွားခဲ့သည်။ အသက်(၃၃)နှစ်ရှိ ဟန်နန်ခရိုင်တွင် နေထိုင်သော “ဝေ”ဆိုသူအနေနှင့် ထိုမြန်မာမိန်းကလေးနှင့် ပြောဆိုဆက်ဆံရာတွင် အဆင်မပြေကြောင်း သိရှိလာပြီးနောက် ဇန်ကွင်လန်ထံ လာရောက်ပြီး မိန်းကလေးအား ပြန်လည်ခေါ်ယူရန်နှင့် ၎င်း၏ငွေအား ပြန်အမ်းရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။ သို့သော်လည်း ဇန်ကွင်လန်က ထိုငွေအား ပြန်မပေးသေးဘဲ မြန်မာမိန်းကလေးအား အခန်းတံခါးပိတ်ပြီး ရိုက်နှက်ညှဉ်းဆဲခဲ့သည်။ အဆိုပါ အဖြစ်အပျက်များကို သိရှိနေသော ဇန်ကွင်လန်၏ အိမ်နီးချင်း အသက်(၆၀)အရွယ် အဘိုးအိုဟူက မြန်မာ မိန်းကလေးငယ်အား သနားသဖြင့် သက်ဆိုင်ရာ အာဏာပိုင်များသို့ အကြောင်းကြားခဲ့သည်။ အဘိုးအို၏ သတင်းပေးမှုကြောင့် ရှန်ဟိုင်းရဲတပ်ဖွဲ့သည် (၁၆)နှစ်အရွယ် မိန်းကလေးငယ်အား ကယ်တင်နိုင်ခဲ့သလို ဇန်ကွင်လန်ကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ရှန်ဟိုင်းနံနက်ခင်း သတင်းစာက ဖော်ပြထားသည်။ ရဲများအနေနှင့် အဆိုပါ မြန်မာမိန်းကလေးအား မေးမြန်းစုံစမ်းမှုများ ပြုလုပ်ခဲ့ရာ သူမသည် မြန်မာ-တရုတ် နယ်စပ်အနီး နေထိုင်သူဖြစ်ပြီး ဖခင်ဖြစ်သူမှာ သူမ ငယ်စဉ်ကတည်းက သေဆုံးသွားခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ မိခင်ဖြစ်သူမှာ သူမနှင့် သူမ၏အစ်မဖြစ်သူအား စွန့်ပစ်သွားခဲ့ပြီး လက်ရှိအချိန်တွင် သူမ၏ အစ်မဖြစ်သူမှာ ကိုယ်ဝန်ဆောင်ထားရကြောင်း၊ အစ်မဖြစ်သူအား ငွေကြေးထောက်ပံ့နိုင်ရေးအတွက် အလုပ်လုပ်ချင်နေသော သူမမှာ ဇန်ကွင်လန်နှင့် တွေ့ဆုံမိပြီး တရုတ်နိုင်ငံသို့ လိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်း ၀န်ခံခဲ့သည်ဟု ရှန်ဟိုင်းသတင်းစာတွင် ဖော်ပြထားကြောင်း သိရှိရသည်။


Summary

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */