ဘလော့ဂါ မိုးထက်နေလားဗျာ ???? ဘယ်သူသိပါသလဲ..ဓါတ်ပုံရှိရင် ကျေးဇူးပြုကြပါခင်ဗျား။
ပြည်တွင်းဂျာနယ်တခုမှ အယ်ဒီတာနှင့်သတင်းထောက် အဖမ်းခံရ
မင်းနိုင်သူ/ ၆ နိုဝင်ဘာ ၂၀၀၈
ပြည်တွင်းဂျာနယ်တခုဖြစ်သည့် NewsWatch ဂျာနယ် အယ်ဒီတာ ဦးခင်မောင်အေးအား ယမန်နေ့ည( ၇)နာရီခန့်က ၄င်း၏နေအိမ်မှ အာဏာပိုင်များ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဦးခင်မောင်အေးနှင့် နီးစပ်သူတဦးက ခေတ်ပြိုင်သို့ ပြောသည်။
အယ်ဒီတာဦးခင်မောင်အေးနှင့်အတူ သတင်းထောက် ကိုထွန်းထွန်းသိန်းကိုလည်း ဖမ်းသွားကြောင်း စုံစမ်းသိရှိ ရသည်။၎င်းတို့နှစ်ဦးအား ဇူလိုင်လအတွင်းက ထုတ်ဝေခဲ့သော NewsWatch ဂျာနယ်ပါ တရားရုံးဝန်ထမ်းများ လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက်သည့် သတင်း တပုဒ်ကြောင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း အယ်ဒီတာ အဖွဲ့ဝင်တဦးက ပြောသည်။
အဆိုပါအယ်ဒီတာက ဆက်ပြောရာတွင်
”အဲဒီသတင်းက သတင်းစာပါ သတင်းကိုပဲ မှီငြမ်းပြီး ရေးသားခဲ့တာပါ။သတင်းထောက်က ဗဟိုတရားရုံး တာဝန် ရှိ သူတဦးက ပြောကြား သည်လို့ရေးတာကို ဘယ်သူပြောတာလဲဆိုပြီး စစ်မေးတယ်တဲ့။သတင်း ထောက်က ထိခိုက်မှာစိုးလို့ထင်တယ် ဖွင့်မပြောတော့ ပြဿနာ တက်တာပေါ့”ဟု ပြောသည်။
အဆိုပါသတင်းရေးသားသူမှာ ရွှေကူမြို့နယ်နေ ကိုထွန်းထွန်းသိန်းဖြစ်ပြီး မိုးထက်နေ၊ မနောထွန်းဆိုသော ကလောင်အမည်များဖြင့် ရေးသားနေသူတဦးဖြစ်သည်။ယင်းသတင်းအား တာဝန်ခံဖော်ပြခဲ့သူ အယ်ဒီတာ ဦးခင်မောင်အေးမှာ သတင်းစဉ်မှ အငြိမ်းစား ယူထား သူတဦးဖြစ်သည်။

0 comments:
Post a Comment