စုဘုရားလပ်က စစ်မတိုက်ရဲတဲ့ ကင်းဝန်မင်းကြီး ကို သတ္တိနည်းလို့ ဆိုပြီး သနပ်ခါးကျောက်ပြင် နဲ့မိန်းမအသုံးအဆောင်တွေ ပို့ ပေးဖုးပါတယ်။
ကျနော် တို့ ရဲ့ ချုပ်ချုပ်ကြီးကိုလည်း ကမ္ဘာပေါ်က မိန်းမတွေက.အတွင်းခံဘောင်းဘီတွေ ပို့ ပေးဖူးပါတယ်။
အော်ဗျာ..တကဲ့ သတ္တိရှင်ကြီးပါဘဲ..ဘောင်းဘီပုံတွေ ကြားထဲ..ကုလားအောက်ဆွဲမင်း အမည်တွင်တော့မဲ့ သန်းရွှေ။
မေတ္တာပို့ ဘုန်းကြီးကျ ခေါင်းကွဲအောင် ရိုက်တယ်။ မယ်သီလတွေကျစော်ကားတယ်။ လယ်သမားတွေ လယ်ကလေးနဲ့လုပ်စားရတာ လယ်ကသိမ်းတယ်။ ရှေ့ နေ ကမှန်မှန်ကန်ကန် ရှေ့နေလုပ်စား အဖမ်းခံရတယ်။ ကျောင်းသားတွေ ကျောင်းမတက်ရ ထောင်ထဲနေရတယ်။
စာနယ်ဇင်းသမား သတင်းမှန်ရေးအဖမ်းခံရတယ်။
ခလေးတွေ အတင်းဖမ်း စစ်သားလုပ်ခိုင်းနေတယ်။
မုန်တိုင်းမိ လူသိန်းဂဏ္ဍန်း ကျ အစာမကျွေးဖူး။
သူ့ သားမယားဘဲ အသက်ပါတဲ့အတိုင်း လူကြီးပြီးအချိန် မစီးတဲ့ လဒကြီး။
သူ့ ပထွေးကျ..အ၀ှါလုပ်တယ်။..ခွေးတောင် ချောင်ထဲပို့ ပြန်ကိုက်လိမ့် မယ်။
သေတာတောင် ဆီးချိုနဲ့ ကင်ဆာနဲ့မသေချင် သူတပါးလက်ချက်နဲ့ သေချင်တယ်။
နိုင်ငံလည်း စုတ်ပြတ်ကြေ။ အမျိုးဂုဏ်ဆို တာ မြောင်းထဲမှာနေခဲ့ပြီ.
မြန်မာမှန် ကမ္ဘာပေါ်က လူတွေ ကြည့်ကြတာ..သူတောင်းစားအလားဘဲ
ဒင်းတို့ က စိန်ဝယ်ကောင်းတုန်း အသည်းနာတယ်။
ထွီ..ရွံ့ စရာပါ။
မြန်မာစစ်သင်္ဘောများ အငြင်းပွားရေပိုင်နက်မှ ပြန်ဆုတ်ခွာ
Agencies/ ၆ နိုဝင်ဘာ ၂၀၀၈
လေးရက်ကြာ နှစ်နိုင်ငံရေပိုင်နက်အငြင်းပွားနေမှုကြောင့် ဘင်္ဂလားဒက်ရှ်ရေတပ်သဘောင်္များနှင့် ထိပ်တိုက်အနေအထား ပြင်ဆင်ထားသည့် မြန်မာစစ်သင်္ဘော (၂) စင်း ယနေ့ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကြောင်း ဘင်္ဂလားဒက်ရှ် ရေတပ်အကြီး တမ်းအရာရှိကပြောသည်။
“ဒီလိုလုပ်လိုက်တာဟာ အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုဖြစ်ပါတယ်။ အခုဆိုရင် တင်းမာမှု နည်းနည်းပဲ ကျန်ပါတော့တယ်။ အဲဒီဧရိယာထဲမှာ ဓါတ်ငွေ့တူးဖော်ရှာဖွေရေး လုပ်ငန်းတွေလုပ်နေတဲ့ တခြား သင်္ဘော (၄) စင်းလည်း ပြန်ဆုတ်သွားဖို့ ပြင်ဆင်နေ ပါပြီ။ သူတို့ရဲ့ တူးဖော်မှုတွေကို ရပ်တံ့လိုက်ပြီဖြစ်ပါတယ်” ဟု အမည်မဖော်လိုသူ အဆိုပါ ဘင်္ဂလားဒက်ရှ် ရေတပ်အရာရှိက ပြောသည်။
အငြင်းပွားနေသည့် ပင်လယ်ဧရိယာအတွင်းမှ တူးဖော်ရှာဖွေရေး လုပ်ငန်းဆောင်နေသော အဆိုပါသင်္ဘောများ ဆုတ်ခွာပြီး သည်နှင့် ၎င်းတို့၏ရေတပ်သင်္ဘောများလည် ချက်ချင်းပြန်လည်ဆုတ်ခွာမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ဘင်္ဂလားဒက်ရှ် နိုင်ငံခြားရေးဝန်ကြီး Iftekhar Ahmed Chowdhury သည် နှစ်ဖက်ဖြစ်ပွားနေသည့် ရေပိုင်နက်ပြဿနာဆွေးနွေး ရန် မြန်မာနိုင်ငံသို့ ယနေ့ထွက်ခွာသွားခဲ့သည်။

0 comments:
Post a Comment